ဓမ္မစာမျက်နှာများ
ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
ဆက်သွယ်လှူတန်းရန်
ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
Total Pageviews
လစဉ်အလှူရှင်
ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.
Labels
- ကထိန် (6)
- စစ်ကိုင်းဆွမ်းလောင်းအသင်း (11)
- ဆွမ်းအလှူရှင်များစာရင်း။ (6)
- ဆွမ်းလောင်းအသင်း (69)
- ဆွမ်းလောင်းအသင်း နှစ်ပတ်လည်အလှူရှင်မှတ်တမ်း (2)
- တစ်ဦးချင်းအလှူများ (172)
- တစ်ဦးခြင်းလှူဒါန်းမှုများ (81)
- တနင်္လာနေ့ ဆွမ်းလောင်းလှူခြင်းများ (183)
- တရားစခန်းဝင်ခြင်း (2)
- မြရတနာအလှူများ. (5)
- ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များမှတ်တမ်း (1)
- လစဉ်ဆွမ်းအလှူရှင်များစာရင်း (2)
- လှူတန်းမှုများ (25)
- လှူတန်းနိုင်သော ပစ္စည်းများ (2)
- အကျိုးတော်ဆောင်များ (1)
- အခါကြီးရက်ကြီး ဆွမ်းလောင်းလှူခြင်းများ (8)
- အလှူ (7)
- အလှူရှင်များ (1)
- အလှူရှင်များစာရင်း (8)
- အလှူရှင်များစာရင်း။ (3)
- အထွေထွေလုပ်ဆောင်ချက်များ (3)
- ကျေးဇူးတင်ဂုဏ်ပြုလွှာ (2)
- ဆောင်းပါး (1)
- မေတ္တာပွားများခြင်း (1)
- မေတ္တာရှင်ဆရာတော် (3)
- ရေအလှူ (3)
Followers
Blog Archive
ဧည့်မှတ်တမ်း
ဆရာတော်ကြီးများ
Saturday, August 8, 2009

တရားစခန်းဝင်ခဲ့ရာ ဘုရားခန်း
မနက်စာကို ဤသို့ မေတ္တာပို့ ဆင်ခြင် သုံးဆောင်ခဲ့ကြသည်။
နံနက်စာ ပြင်ဆင်ခင်းကျင်းထားစဉ်
နေ့လည်စာမစားမီ မေတ္တာပို့ ဆင်ခြင်ကြစဉ်
မင်္ဂလာပါ ဓမ္မမောင်နှမတို့…
ခေါင်းစဉ်ကို ကြည့်ပြီး တအားကြီးလည်း အထင်မကြီး သွားပါနဲ့ဦး…။
ဘာလို့လဲ ဆိုတော့… ကျွန်တော်တို့ နေတဲ့ နေရာက ဗုဒ္ဓဘာသာ မထွန်းကားတဲ့ နေရာ… ဘယ် တရားစခန်း ရှိပါ့မလဲ… အခု ကျွန်တော် ပြောချင်တဲ့ တရားစခန်းက ကျွန်တော်တို့ ဘာသာ စုပေါင်းပြီး လုပ်ကြတာပါ…။ အဓိက ကတော့ ၄၈ က ညီလေးတွေပါ…။ ပြောရရင်တော့ တော်တော့်ကို တော်တဲ့ ညီငယ်တွေပေါ့…။ ကျွန်တော်တောင် ဒီညီလေးတွေ အဆွယ် ကောင်းတာနဲ့ ပါသွားရတာပါ…။ ကျွန်တော့်ဟာ ကျွန်တော်သာ ဆိုရင်တော့ ဝေးသေးလို့ပဲ ပြောရပါ့မယ်…။
ဘာလို့လဲ ဆိုတော့ ကျွန်တော်က တောမရောက် တောင်မရောက် ဘာသာရေးလေး ဟိုစပ်စပ် ဒီစပ်စပ် လုပ်ပေမယ့် ခုလို တရားစခန်း ဆိုတာကြီးက တစ်ခါမှ ၀င်ဖူးတာ မဟုတ်…။ အဲဒီတော့ တရားစခန်း ဆိုတဲ့ အသံကြားရင်ကို လူက လန့်သလို ဖြစ်နေတာ… ။ ဒါပေမယ့်လည်း ကလျာဏ မိတ္တ ညီငယ်တို့ရဲ့ ကျေးဇူးနဲ့ပဲ တရားစခန်း ၀င်ဖြစ်ခဲ့တယ် ဆိုပါတော့…။ကျွန်တော်တို့ တရားစခန်း ၀င်ခဲ့တာက ၇-ရက်…။ တိတိကျကျ ပြောရရင် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၆-ရက် နေ့ကနေ သြဂုတ်လ ၁-ရက်နေ့ထိ…။ တော်တော်လေး အသိတရားတွေ ရခဲ့သလို တော်တော် လေးလည်း စိတ် အေးချမ်းခဲ့တဲ့ ရက်စွဲတွေ ပေါ့ဗျာ…။ တစ်သက်တာမှာ မေ့မရတဲ့ ရက်စွဲတွေလို့ ပြောရရင်လည်း ရကောင်းပါရဲ့…။ ဒီရက်စွဲလေး တွေထဲက ရခဲ့တဲ့ သဘောတရား အသိတရားတွေကို စာရှုသူတို့ ကိုလည်း မျှဝေချင်တာနဲ့ ကျွန်တော် ဒီပို့စ်လေးကို ရေးလိုက်ပါတယ်…။ ပြုခဲ့သမျှ၊ ရခဲ့သမျှ ကုသိုလ်တွေ ကိုလည်း ဒီနေရာကပဲ စာရှုသူတို့ကို တစ်လက်စတည်း(ထဲ) ထပ်တူ ထပ်မျှ ရစေကြောင်း အမျှပေးဝေ လိုက်ပါတယ် နော…။ အားလုံးပဲ ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ပေးကြပါ…။
ဒီ တရား စခန်း လုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့လို လူငယ်လေးတွေ သစ္စာတရား တွေကို နာကြားခွင့် ရအောင်နဲ့ ရရှိပြီးတဲ့ သစ္စာအသိ ဘာသာရေး အသိတွေကို လက်တွေ့မှာပါ အသုံးချတတ် သွားစေဖို့လို့ ဒီ တရားစခန်းကို ဖြစ်မြောက်အောင် ဦးစီးဦးဆောင် လုပ်ခဲ့တဲ့ ညီငယ်တစ်ဦးက ဆိုပါတယ်…။ တော်တော် ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပါ…။ ဘာလို့လဲ ဆိုတော့ ဒီနေ့ခေတ်မှာ သာသာနာဟာ ဘုရား အဆုံးအမကို လိုက်နာတဲ့သူ နည်းပါးလာတဲ့ အတွက် သာသနာ့ အလင်းရောင်ဟာ တော်တော်လေးကို ညှိုးမှိန်နေတယ် ဆိုတာ စာရှုသူတို့လည်း သိပြီးသား ဖြစ်မှာပါ…။ ဒါကို ဒီညီငယ်လေးတွေက အသိတရား ရှိရှိနဲ့ သာသနာတော် အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ တစ်ဘက် တစ်လမ်းကနေ စွမ်းဆောင် လိုက်တော့ တော်တော့်ကို ၀မ်းသာစရာ ကောင်းတာပေါ့ဗျာ…။
နောက်ပြီး တရားစခန်း ၀င်တဲ့ သူတွေကိုလည်း ကြည့်ဦး…။ လူငယ်တွေချည်းပဲ ၁၇-ယောက်…။ အသက် အငယ်ဆုံးက ၂၂၊ အသက် အကြီးဆုံးဆိုလို့ ၂၈ နှစ်ပဲ ရှိတာ…။ ပြောရရင်တော့ နောင်တစ်ချိန်မှာ လူကြီးနေရာ ရောက်လာမယ့် ဒီလူငယ်တွေမှာ ဒီ ၇-ရက်တာ အတွင်း ဘာသာရေး အသိတွေ တိုးစေခဲ့လို့ တကယ့်ကို ၀မ်းသာဖွယ်ပါပဲ…။နောက် ကျွန်တော် တရားစခန်း အတွေ့အကြုံ လေးကို မရေးခင် ဒီနေရာမှာ ကြိုပြောချင်တာက ကျွန်တော်တို့ တရားစခန်းဟာ လူငယ်လေးတွေ အသိတရား တိုးဖို့သာ ရည်ရွယ်တာမို့ အချိန်ဇယားက အများနည်းတူ တရားစခန်းတွေနဲ့ မတူပါဘူး…။ ဆိုလိုတာက အချိန်ဇယားကို သက်သက် သာသာလေး ဆွဲထားတယ်ပေါ့…။ တော်ကြာ စာရှုသူတို့က ဖတ်နေရင်း “အချိန်ဇယားကြီးက ဘယ်လိုကြီးလဲ” ဆိုပြီး အပြစ်တင်သလို ဖြစ်မှာ စိုးလို့ပါ…။ ဒီနေရာမှာ စိုးရိမ်တာ ကလည်း ကျွန်တော်တို့ အတွက် မဟုတ်ပါဘူး…။ စာရှုသူတို့ အတွက်ပါ…။ လူငယ်တွေ ချည်းပဲ လုပ်တာဆိုတော့ နားလည်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ် နော..။
တရားစခန်း စစ၀င်ဝင်ချင်း ကျွန်တော့်အတွက် အနည်းငယ် ပြဿနာ ဖြစ်သွားတာက အိပ်ယာထချိန်ပေါ့…။ ဘာလို့လဲ ဆိုတော့ လူကလည်း လူငယ်၊ နောက် ကျောင်းကလည်း ပိတ်ထားတာ ဆိုတော့ အထိန်းအကွပ် မရှိ၊ အဲတော့ အိပ်ချင်တဲ့ အချိန်အိပ်၊ ထချင်တဲ့ အချိန်ထ ပုံမှန် မရှိဘူးပေါ့…။ ဒါပေမယ့် တရား စခန်း အချိန်ဇယား ကြည့်လိုက်တော့ အိပ်ယာ ထချိန်က မနက် ခြောက်ခွဲ၊ အိပ်ချိန်က ည ဆယ့်တစ် ခွဲလောက် ဆိုတော့ ကိုယ့်ကိုယ်ကို အိပ်ယာ ၀င်ချိန်၊ အိပ်ယာ ထချိန် ပုံမှန်ဖြစ်အောင် အရင် ပြင်ရတာပေါ့…။ ပြင်ပေးတဲ့ အဖော်ကောင်း ကလည်း ရှိတယ်လေး…။ ဘာလဲ ဆိုတော့ ဖုန်းမှာပါတဲ့ နှိုးစက်လေး…။ ဒါလေးကပဲ ၇-ရက်တာ ကာလမှာ ကျွန်တော့်ကို ကူညီသွားတာ…။ ဒါတောင် မနက်ဖက် မနိုးမှာစိုးလို့ နှိုးစက်ကို သုံးဆင့် ပေးထားရ သေးတယ် ..။
ဒီလိုနဲ့ ကျွန်တော် ခြောက်ခွဲမှာ အိပ်ယာထ၊ မျက်နှာသစ်၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ လေးရွတ်ပြီး တရားစခန်း ပထမနေ့ မနက်ခင်းကို ဖွင့်လှစ်လိုက်တယ်…။ ကိုယ့်ဟာကိုယ်ဆို နိုးမှာ မဟုတ်၊ နှိုးစက် ကျေးဇူးကြောင့်…။အားလုံး ကိုယ်လက် သန့်စင်ပြီးတော့ ကျွန်တော်တို့ ဘုရားခန်းဝင် ဘုရားဝတ်ပြုကြ ပါတယ်…။ ဘုရား ၀တ်ပြုချိန် ကိုတော့ မနက် ၇-နာရီ သတ်မှတ်ထား ပါတယ်…။ မနက် စောစောထပြီး ဘုရား ၀တ်ပြုရတဲ့ အရသာဟာလည်း ဘယ် အရသာနဲ့မှ မတူ တော်တော်လေးကို ကောင်းပါတယ်…။ စိတ်လက် ကြည်လင် ပေါ့ပါးပြီး ရင်ထဲကို အေးနေတာပါပဲ…။ဘုရား ၀တ်ပြုပြီးတော့ ကျွန်တော်တို့ကို မနက်စာ စားဖို့ လာပြောတယ်…။ အဲ အစား အသောက် ကိစ္စနဲ့ ပတ်သတ်ပြီးလည်း ပြောရဦးမယ် ကျွန်တော်…။ ကျွန်တော်တို့ ယောဂီတွေကို (တရား စခန်း ၀င်တော့လည်း လူကနေ ယောဂီ ဖြစ်သွားတာပေါ့ နော) ခုလို တရား စခန်း ၀င်နေစဉ် စားရေး သောက်ရေးမှာ မတောင့်မတ၊ မကြောင့်မကြ ရအောင် ဆိုပြီး ဒီ ၄၈-က ညီလေးတွေကပဲ စီမံ ချက်ပြုတ်ပေးတာ…။ ငွေရေး ကြေးရေးတောင် ကျွန်တော်တို့ဆီက အလှူမခံဘူး…။ လိုတာ မှန်သမျှ သူတို့ အိပ်စိုက်မယ် ဆိုပြီး ဒီတရား စခန်းကို လုပ်ကြတာ…။ တော်တော်လေးကို ကျေးဇူး တင်ဖို့ ကောင်းပါတယ်…။ မပြစ်မှားသင့်တဲ့ ခင်ပွန်းကြီး ၁၀ ပါးထဲလည်း ပါသွားတာပေါ့…။
သူများတကာတွေ ဇိမ်ကျကျ အိပ်နေချိန်မှာ ဒီချက်ပြုတ်ရေး တာဝန်ယူတဲ့ ညီလေးတွေဟာ သူများတွေလို မအိပ်ရ၊ အစောကြီးထပြီး ကျွန်တော်တို့ တရားစခန်းဝင် ယောဂီတွေအတွက် မနက်စာ အလျင်မှီအောင် ချက်ပြုတ်ကြတယ်၊ နောက် သူများတွေက ကျောင်းပိတ်လို့ လျှောက်လည် နေချိန်မှာ ဒီ ညီငယ်လေးတွေ မလည်မပတ်ဘဲ တရားစခန်းဝင် ယောဂီတွေ အတွက် သူတို့ အချိန်တွေကို ပေးထားကြတယ်…။ စဉ်းစားကြည့်လေ ကျေးဇူးတင် မဆုံးလေပါပဲ…။ (ညီတို့ရေ ဒီနေရာကပဲ ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ထပ်လောင်း ပြောပါရစေ။)
အဲ.. အဲလို မနက်စာ အရုဏ်ဆွမ်း စားဖို့ (ဒီနေရာမှာ အရုဏ်ဆွမ်းလို့ သုံးသင့် မသုံးသင့် ကျွန်တော် သေချာ မသိပါဘူး…။ မသုံးသင့်ရင်တော့ ခွင့်လွှတ်နားလည် ပေးကြပါ။) ထမင်းစားခန်း သွားတော့ ကျန်တဲ့ သူတွေတော့ မသိ၊ ကျွန်တော် ပြဿနာက စတက်လေရော…။ ဘာလဲ ဆိုတော့ ဒီ တရားစခန်းကို ဦးစီးလုပ်တဲ့ ညီလေးက (ဥပါသကာ ညီလေးလို့ပဲ ထားပါစို့နော) ထမင်းစားခန်း သွားရင် ကြွတယ်၊ လှမ်းတယ်၊ ချတယ် အဲလိုလေး သတိထားပြီး ဣနြေ္ဒရရ ဖြေးဖြေးချင်း သွားကြပါ ယောဂီတို့လို့ ပြောပြီး ဒီ ညီလေးကပဲ ရှေ့ကနေ စသွားတယ်…။ အဲတော့ လမ်းလျှောက်တာ ခပ်ဖြေးဖြေး လျှောက်တာ အကျင့်မပါလေတော့ ကျွန်တော့် အတွက် အခက်အခဲ ဖြစ်တာပေါ့…။
နောက်တစ်ခုက ကျွန်တော်က လမ်းလျှောက်ရင် ခြေထောက်နဲ့ ကြမ်းနဲ့ (လမ်းပေါ်ဆိုရင်တော့ ခြေထောက်နဲ့ မြေကြီးနဲ့ပေါ့..) ထိတာကို သိအောင်လုပ်တယ်၊ သိတာကို သတိ ကပ်နိုင်အောင် ကြိုးစားပြီး *ထိ၊ သိ၊ သတိ* နဲ့ လမ်းလျှောက်နေကျ ဆိုတော့ ကြွတယ်၊ လှမ်းတယ်၊ ချတယ် ဆိုတာကြီးက ကျွန်တော့်အတွက် သိပ် အံမ၀င်ဘူး ဖြစ်နေတယ်…။ အဲတော့ ကျွန်တော် လျှောက်တတ် သလိုပဲ လျှောက်လိုက်တယ်…။ဒီလိုနဲ့ အရုဏ်ဆွမ်း စားတဲ့ နေရာ ရောက်ရော ဆိုပါတော့..။ ရောက်တော့ မရှိမဲ့ ရှိမဲ့ သိက္ခာလေး တွေကို ထိန်းရင်း ကျွန်တော်တို့ ယောဂီတွေ အသီးသီး နေရာ ယူလိုက်ကြတယ်..။
ပြီးတော့ ဥပါသကာ လုပ်တဲ့ ညီလေးက *ယောဂီသူတော် စင်တို့၊ ယောဂီတို့အတွက် ဒီနေ့မနက် အရုဏ်ဆွမ်း အတွက် လှူဒါန်းတဲ့ အလှူရှင်တွေနဲ့ ဝေယျာဝစ္စ ကုသိုလ် ပြုလုပ်ပေးကြတဲ့ သူတွေကို မေတ္တာပို့ရအောင် အားလုံးပဲ လက်အုပ်လေးတွေ ချီထားကြပါ* လို့ ပြောလာတယ်…။ (အဲ ကျွန်တော် ပြောဖို့ တစ်ခု ကျန်သွားတယ်…။ ဘာလဲ ဆိုတော့ ဘုရား ၀တ်ပြုပြီးတော့ ဥပါသကာ ညီလေးက အလှူရှင်တွေကို မေတ္တာပို့တဲ့ စာသားနဲ့ ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေးတွေ ပါတဲ့ စာရွက်တွေကို တစ်ယောက် တစ်ရွက် ဝေထား ပြီးသားပါ။)အဲဒါနဲ့ ကျွန်တော်တို့ အားလုံး လက်အုပ် ချီလိုက် ကြတယ်…။ မေတ္တာပို့တဲ့ စာသားကိုတော့ ဒီ ညီလေးကပဲ ရွတ်ပေးတယ်…။
“ဒီကနေ့ မနက် အရုဏ်ဆွမ်း လှူတဲ့ အလှူရှင် တွေကော၊ ဝေယျာဝစ္စ ကုသိုလ်ပြုကြတဲ့ သူတွေကော ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာ ကြပါစေ၊ ဒီလို လှူဒါန်း ပြုလုပ်ကြရတဲ့ ကုသိုလ်တွေ ဟာလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဲ့ အထောက်အပံ့ ဖြစ်ပါစေ သတည်း” စသဖြင့် ရွတ်ဆို ပေးပါတယ်။ မေတ္တာပို့ စာသားကိုတော့ ကျွန်တော် သေချာ မမှတ်မိတော့ ပါဘူး.. သဘော အသွားကတော့ ဒီ အတိုင်းပါပဲ…။ အဲလို မေတ္တာပို့ပြီးတော့ ကျွန်တော်တို့ ပြုခဲ့တဲ့ ကုသိုလ်တွေကို အမျှဝေကြပါတယ်…။[ကုသိုလ် (အမျှ…)၃ ယူတော်မူကြပါ ကုန်လော့… (သာဓု…)၃]၃ ဆိုပြီး သုံးခေါက် ရွတ်ဆို အမျှဝေကြပါတယ်…။
အဲလို အမျှဝေပြီးတော့ ကျွန်တော်တို့ ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေးကို လက်အုပ်ချီလျက်ပဲ တပြိုင်တည်း(ထဲ) ညီညာဖြဖြ ခုလို ရွတ်ဆို ကြပါတယ်…။“ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရည်ဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်ကို၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ကျင့်နိုင်အောင်ဟု၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ရပိုင်းမျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲ ပါသတည်း။”ဒီလို ရွတ်ဆိုနေတဲ့ အချိန်မှာ ကျွန်တော့်စိတ်ထဲ ဖြစ်ပေါ် ခံစားရတာလေး ပြောချင်ပါသေးတယ်…။
ပထမဆုံး လက်အုပ်ချီပြီး မေတ္တာပို့တဲ့ အချိန်မှာ ကျွန်တော်လေ ကိုယ့်ကိုယ်ကို မိဘမဲ့ ဂေဟာ ရောက်သွားတယ်လို့ ခံစားလိုက်ရတယ်…။ ဘာလို့လဲ ဆိုတော့ ကျွန်တော်မြင်ဖူး တွေ့ဖူးတဲ့ မိဘမဲ့ ဂေဟာမှာဆို ဒီလိုပဲ လာရောက် လှူဒါန်းတဲ့ သူတွေကို လက်အုပ်ချီပြီး မေတ္တာပို့တာကို တွေ့ဖူးထား တာကိုး…။ အဲလိုလေး ခံစားလိုက်မိမှပဲ မိဘမဲ့ ကလေးတွေရဲ့ ဘ၀ကို တကယ့်ကို စာနာမိသွား တယ်ဗျာ… တကယ်ပါ…။နောက်တစ်ခု ရှိသေးတယ်…။ ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေး ရွတ်တော့ ခံစားရတာလေး…။ ဒီလင်္ကာလေးကို စိတ်ထဲကနေ ခံစားပြီး ရွတ်ဆိုနေတဲ့ အခိုက် စားချင်စိတ်တောင် ပျောက်သွားတယ်…။ ဘာလို့လဲ ဆိုတော့ လှူဒါန်း ချက်ပြုတ်သူတွေကို အားနာလို့…။ ပြီးတော့ ဒီ လင်္ကာလေးက ကျွန်တော် ငယ်ငယ် ကိုရင်ဝတ်တုန်းက ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေးနဲ့လည်း တူနေတော့ ကိုရင်ဘ၀ကို ပြန်သတိရမိ သလို ဆွမ်းတစ်လုပ် စားတိုင်း မီးခဲမြိုသလို ခံစားရတယ် ဆိုတဲ့ ဆရာတော် တစ်ပါးရဲ့ စကားကိုလည်း သွား သတိရမိလိုက်တယ်…။ အဲဒီတော့မှ ရဟန်း သံဃာ ဆရာတော်တွေရဲ့ ဒုက္ခကိုလည်း ကိုယ်ချင်းစာမိ သွားတယ်…။
အရင်ကကော ကိုယ်ချင်းမစာ ဘူးလား ဆိုတော့ မဟုတ်ပါဘူး…။ ကိုယ်ချင်း စာကြည့်ဖူးပါတယ်…။ ဒါပေမယ့် ခုလောက် ထဲထဲဝင်ဝင် နှစ်နှစ်ကာကာ ကိုယ်ချင်း စာတတ် တာကတော့ ဒါ ပထမဦးဆုံးပါပဲဗျာ..။ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေး ဆိုပြီးတော့လည်း မပြီးသေးပါဘူး…။ စားနေစဉ်အတွင်း လောဘတဏှာ၊ ဒေါသ တဏှာ စသဖြင့် နည်းနိုင်သမျှ နည်းအောင်ဆိုပြီး ဥပါသကာ ညီလေးကပဲ လင်္ကာလေး တစ်ပုဒ်ကို သံနေသံထားနဲ့ ရွတ်ဆိုပေးပြန်ပါတယ်…။ လင်္ကာလေးကတော့ ဒီလိုပါ…။
“စားခိုက် စားစဉ် သတိယှဉ်၊ စားချင်စိတ်နဲ့ စားရုပ်မြင်၊ စားစဉ် စားခိုက်၊ သတိစိုက်၊ ရှုလိုက်မှတ်ကာ ပွားစေချင်၊စားဆဲ နာမ်ရုပ်၊ စားစဉ်ချုပ်၊ အဟုတ် ဉာဏ်မှာမြင်၊အရိယာပတ္ထ ကျင့်လမ်းပြ၊ ဒီက နိဗ္ဗာန်ဝင်။”
ဒီလင်္ကာထဲက အရိယာပတ္ထမှာ ပတ္ထ ဆိုတာက ရောက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ…။ ဒီလင်္ကာလေးကို အစတော့ ကျွန်တော် မရပါဘူး..။ နောက်တော့ နေ့စဉ်ရက်ဆက် နားထောင်ပါ များလာတော့ အလွတ်ကို ရလာတာပါ…။ နောက်ပြီး ဒီ လင်္ကာလေးဟာ ကျွန်တော့အတွက် တော်တော့်ကို အသုံးကျသွား ပါတယ်…။ ဒီလင်္ကာမှာ ပြထားတာက အစား တစ်ခုတည်း…။ ဒါပေမယ့် ကျွန်တော် ဆက်တွေးဖြစ်ပြီး အသုံးတည့်သွားတာက “စား” ဆိုတဲ့ နေရာမှာ “ရပ်”၊ “သွား”၊ “ထိုင်”၊ “လျောင်း”စသဖြင့် အပြုအမူ လှုပ်ရှားမှုတိုင်းကို ထည့်သုံးလို့ ရသွားတယ် ဆိုတာပါပဲ…။
>>> ဆက်လက် ဖော်ပြပါ့မယ် ခင်ဗျာ…။
ဖိုးသား
(အဖြူရောင်မေတ္တာ- http://www.apymt.com/ မှ ကူးယူဖော်ပြပါသည်။)
Subscribe to:
Post Comments
(Atom)
2 comments:
ဒီပို့စ်လေးဖတတ်ပြီး မြန်မာပြည်မှာတုန်းက တရားစခန်း
ဝင်ခဲ့တာလေးကို ပြန်သတိရသွားမိခဲ့ပါတယ်...
သာဓုခေါ်သွားပါတယ်ရှင်။
ဖတ်ပြီး သုကျိတ်မျောက်မင်းလို ကျွန်တော် မျက်ရည်ဝဲလာတယ်ဗျာ... ရာမနဲ့လက္ခဏချစ်ကြတာ မြင်တော့ သစ်ပင်ပေါ်က သုကျိတ်မျောက်မင်းက သူ့ဘဝနဲ့ ယှဉ်ပြီး မျက်ရည်ကျတာသတိရတယ်...အချင်းချင်း ကလျာဏမိတ္တတွေအဖြစ်ဆုံဆည်းမိကြတာ ဒီယောဂီတွေကို အားကျလို့.... တရားအားထုတ်ဘို့ ဆွဲခေါ်မယ့် မိတ်ဆွေတွေ ရတယ်ဆိုတာ အလွန်ကံကောင်းတယ်။မိတ်ဆွေကောင်း ရစေကြောင်း ကုသိုလ်ကောင်းမှုတွေ အတိတ်ဘဝက ပြုခဲ့ကြဟန်တူတယ်။ သာဓု သာဓု သာဓု။
တရားထူး တရားမြတ်တွေ တိုးပွားရရှိ ပိုင်ဆိုင်ကြပါစေဗျာ။ မိတ်ဆွေကောင်းဆိုတာ ဘဝမှာ အလွန်အရေးကြီးပါတယ်။