ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, August 10, 2009
နေ့ဆွမ်းဆက်ကပ်နေတဲ့ ရွှေလမ်းငွေလမ်း ဦးဝင်းကြည် မုန့်ဟင်းခါး ဘုဉ်းပေးပြီးစ ကိုရင်လေးတွေ ဆပ်ပြာနဲ့ ဗလာစာအုပ် ဆက်ကပ်ပေးနေတဲ့ ဆရာမ ဒေါ်မာလာသင်း ကိုရင်ငယ်လေးများကို ဦးဆောင်ကြွလာတဲ့ ဆရာတော်ကြီးများ
ဆွမ်းခံကြွ သံဃာတွေ အရင်အပတ်တွေကထက် များလာပါပြီ။ မုန့်ဟင်းခါး ဘုဉ်းပေးပြီးတော့ နေ့ဆွမ်း ခံယူလျက် ရှိကြပါတယ်။ ဆွမ်းနဲ့ ဝက်သား+အာလူးဆီပြန်၊ မုန်ညင်းကြော်၊ ငါးဖောင်ရိုးခြောက် ငရုတ်သီးကြော်၊ ပဲဟင်းများ ကပ်လှူကြပါတယ်။ သံဃာတွေ ဒီနေ့ ပိုမို များပြားလာတယ်။ ဝေယျာဝစ္စ လုပ်အားပေးများလည်း မနားရအောင် ဆက်ကပ်နေရပါတယ်။
''အရှင်ဘုရား။ ဝ,ရဲ့လားဘုရား''
''အရှေ့ဘက် သွားလိုက်ဦးမယ်။ ရှေ့မှာ နေ့ဆွမ်းကပ်နေတာ''
မကွေးမှ အင်တာနက်ဆိုင်ရှင်၊ စာရေးဆရာ ရွှေလမ်းငွေလမ်း ဦးဝင်းကြည်က ပြည်ပရောက် ဆွမ်းအလှူရှင်များကိုယ်စား ကိုယ်တိုင် လာရောက် ဆွမ်းလောင်းလှူပေးနေပါတယ်။ ဆွမ်းထမင်းနဲ့ပဲ ပင်တိုင် အလှူရှင် ကိုဖြိုးနဲ့ ကိုထက်တို့လဲ မန္တလေးကနေ အရုဏ်အမီ ရောက်လာပြီး လာလောင်းကြတယ်။ ဆပ်ပြာခဲ ၃၀ လှူဒါန်းတဲ့ ကွန်ပျူတာ တက္ကသိုလ်က ဆရာမ ဒေါ်မာလာသင်းလဲ ဆွမ်းလောင်းဖို့ ရောက်လာပါတယ်။
ရုရှားရောက် ကျောင်းသားများရဲ့ ဒါန မုန့်ဟင်းခါးဆွမ်းက အပါး ၃၀၀ ကျော် ဘုဉ်းပေးလိုက်ရပါတယ်။ ကျောင်းတိုက်များက အချို့ဆွမ်းတန်းများက အချိန်မီ ဆွမ်းဆက်ခံရမှာမို့ အရုဏ်ဆွမ်းကို ထိုင်ဘုဉ်းပေးနိုင်ခြင်း မရှိလို့ နေ့ဆွမ်းသာ ရပ်ကြတယ်။ ဒါပေမယ့် သံဃာမကုန်ခင် ပြတ်သွားတယ်။ နောက်ဆုံးသံဃာ ၁၅ ပါးလောက် ကြွလာချိန်မှာ မုန့်ဟင်းခါး မကျန်တော့ပါဘူး။ ဆပ်ပြာခဲ ၅၈၀ အပါးစေ့ ကပ်လှူပါတယ်။ နောက်ဆုံးသံဃာ ၂၂ ပါးအလှည့်မှာတော့ ကုန်သွားပါတယ်။
စင်ကာပူက မမေသူခိုင်ဒါန ဗလာစာအုပ် ၆၀၂ အုပ်ကိုလဲ တစ်ပါးတစ်အုပ် ရသလောက် ကပ်တယ်။ ခြောက်ဒါဇင် (၇၂၀) အုပ် စီမံထားတဲ့အတွက် လက်ကျန် ၁၁၈ အုပ်ကို နောက်ရက်တွေမှာ ဆက်လှူဒါန်းပါ့မယ်။

0 comments:

Post a Comment