ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Sunday, October 11, 2009
ဆွမ်းလောင်းလှူပေးနေတဲ့ သီလရှင် ဆရာလေးတွေ

အရုဏ်ဆွမ်း မုန့်ဟင်းခါး

အရုဏ်ဆွမ်း ဘုဉ်းပေးနေစဉ်



ဆွမ်းလောင်းနေတဲ့ ဒကာလေး မျိုးလွင်ဦး
အရုဏ်ဆွမ်း
မုန့်ဟင်းခါး

နေ့ဆွမ်း
ဝက်သား+အာလူးဆီပြန်
အစိမ်းကြော်
သရက်ချဉ်သုတ်
ပုစွန်ခြောက်+ငရုတ်သီးကြော်
ဆွမ်းထမင်း
အလှူရှင်
ကိုအောင်နိုင်စိုး (စင်ကာပူ)
ဝေယျာဝစ္စဒါန
-ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးကောဝိဒ (သုံးခွကျောင်း)
-မစရမဉ္စရီနှင့် ဘွဲ့တော်မသိ သီလရှင် ဆရာလေးနှစ်ပါး
-ကိုဇော်နှင့်မိခင်၊ မျိုးလွင်ဦး၊ ကိုဝေ၊

မနက် ၅ နာရီကျော်မှာ မုန့်ဟင်းခါး အရုဏ်ဆွမ်း စကပ်ပါတယ်။ ဆာတတ်တဲ့အရွယ် ကိုရင်ငယ်လေးများကတော့ မနက် မိုးမလင်းခင်ကတည်းက ဝီရိယကောင်းကောင်းနဲ့ ကြွလာကြပါတယ်။

နေ့ဆွမ်းက ဆွမ်းရော ဟင်းရော တစ်ပါးစာ အတန်အသင့် လောက်လောက်ငင ဘုဉ်းပေးနိုင်အောင် ဆက်ကပ်ပါတယ်။ ဝက်သားကို အာလူးရောပြီး ဆီပြန်ဟင်း ကပ်တယ်။ အအီပြေ သရက်ချဉ် သုတ်တယ်။ အစပ်ကြိုက်တဲ့ အညာသားနဲ့ တောင်ပေါ်သား ကိုယ်တော်များ ဘောဇနသပ္ပါယဖြစ်အောင် ပုစွန်ခြောက်ငရုတ်သီးအစပ်ကြော်ပါ တွဲပေးတယ်။ အသီးအရွက် ဟင်းမယ်လဲ မကျန်ရအောင် အစိမ်းကြော်ပါ လောင်းလှူပါတယ်။

မနေ့ကရော ဒီနေ့ရော အရုဏ်နဲ့ နေ့ဆွမ်း အလှူရှင် နှစ်ရက်ဆက် ရှိတာကြောင့် သံဃာတွေ အတော်လေး အဆင်ပြေသွားတယ် ဆိုရပါမယ်။

0 comments:

Post a Comment