ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Friday, October 30, 2009
စာဝါနားချိန် နေ့ဆွမ်းဘုဉ်းပေးဖို့
အရုဏ်ဆွမ်း ဘုဉ်းပေးနေစဉ် မနက်ချမ်းချမ်းစီးစီးမှာ မုန့်ဟင်းခါး ပူပူ ဘုဉ်းပေးနေတဲ့ သာမဏေများ
အရုဏ်ဆွမ်း - မုန့်ဟင်းခါး
အလှူရှင် .............
နေ့ဆွမ်း
ဘဲဥချဉ်ဟင်း၊ အစိမ်းကြော်၊ သရက်ချဉ်သုတ်၊ ငါးဖောင်ရိုး ငရုတ်သီးကြော်၊ ဆွမ်းထမင်း ကိုရဲကျော်+မမေမိုး(စင်ကာပူ) ကိုရဲကျော်မွေးနေ့အလှူ
သီလရှင် အပါး ၅၀ အရုဏ်ဆွမ်း+ ဆပ်ပြာမှုန့်
အလှူရှင် ..........
ဝေယျာဝစ္စဒါန ဦးဇ၀န (ပါဋ္ဌိကာရီသုံးခွကျောင်းတိုက်)၊ ဦးဣန္ဒက( အောင်မြေသာစံ)ကျောင်းတိုက်၊ ဦးပညာသာမိ (မင်္ဂလာသိင်္ဂီကျောင်းတိုက်)၊ ဦးပညောဘာသ (သုံးခွကျောင်းတိုက်)
ဆရာလေး မစရဏမဉ္စရီ
မဇင်မာငြိမ်း၊ ကိုဇော်ဇော်အောင်၊ ကိုဝေ၊ မဇင်မာထွေး၊ ငြိမ်းအိထွေး
''ဒါနရဲ့ အကျိုးပေးကို ငါဘုရား သိသလိုသာ သိကြမယ်ဆိုရင် လူတွေဟာ စားအံ့ဆဲဆဲ ထမင်းကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်''
မြတ်စွာဘုရား

နေ့ဆွမ်းအတွက် မနေ့က ပံ့သကူဝက်သား မရလို့ ဘဲဥချဉ်ဟင်း စီမံတယ်။ ဟင်းရံက အစိမ်းကြော်နဲ့ သရက်ချဉ်သုတ် တွဲတယ်။ ငါးဖောင်ရိုးခြောက်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်တယ်။ ကိုရဲကျော် (စင်ကာပူ)ရဲ့ မွေးနေ့ဒါနအဖြစ် ကိုရဲကျော်နဲ့ မမေမိုး ဇနီးမောင်နှံက လှူဒါန်းပါတယ်။

ဆွမ်းထမင်းကို သပိတ်ထဲ ဇလုံပြည့် (နှစ်ပန်းကန်စာ) လောင်းလှူတယ်။ ဘဲဥချဉ်ဟင်း ဝတ်ခွက်ပြည့် ကပ်တယ်။ ဟင်းရံတွေပါ တွဲလိုက်တော့ သံဃာတစ်ပါးအတွက် ဆွမ်းတစ်နပ် လုံလုံလောက်လောက် ဘုဉ်းပေးနိုင်ပါတယ်။

မနက် ၅ နာရီခွဲမှာ မုန့်ဟင်းခါး အရုဏ်ဆွမ်း စကပ်တယ်။ အရုဏ်ဆွမ်းက သံဃာ+သာမဏေ အပါး ၂၇၀ ခန့်၊ နေ့ဆွမ်း အပါး ၄၀၀ ကျော် ခံယူကြတယ်။ သံဃာ အရုဏ်ဆွမ်း ကပ်ပြီးတော့ သီလရှင် အပါး ၅၀ ကို အရုဏ်ဆွမ်း မုန့်ဟင်းခါးကပ်ပြီး ဆပ်ပြာမှုန့် အပါးစေ့ လောင်းလှူပါတယ်။

ဆွမ်းခံကြွလာတဲ့ သံဃာတွေက ပထမကြီးတန်း၊ ပထမလတ်တန်း၊ စာချတန်း ကိုယ်တော်တွေ ပါသလို ကျမ်းပြီးတဲ့ ကိုယ်တော်တွေလဲ ပါတယ်။ စာလိုက်နေတဲ့ ကိုရင်လေးတွေ ပါတယ်။ စာဝါတွေက တစ်ချို့ကျောင်းတွေဆို ည ၁၀ နာရီထိ စာချပေးပါတယ်။

ဒီတရားဓမ္မ စာပေတွေကို ဖတ်မှတ်သင်ယူနေရတဲ့ ဂန္ထဝန်ဆောင် သံဃာတွေ၊ တရားကျင့်ကြံ အားထုတ်တဲ့ ဝိပဿနာ ဝန်ဆောင် သံဃာတွေ၊ အလားတူ ဒီဝန်နှစ်ရပ်ကို အသီးသီး ထမ်းဆောင်နေကြတဲ့ သီလရှင်တွေကို တစ်နေ့တာ ဘောဇနသပ္ပာယ မျှတစေဖို့၊ ဓမ္မဝန်ထမ်းရာမှာ ခွန်အားဖြစ်စေဖို့ ဆွမ်းလောင်းလှူခဲ့ရပါပြီ။

0 comments:

Post a Comment