ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Sunday, October 11, 2009
အလှူခံ ရောက်လာသော အဘွားတစ်ဦးကို တွဲထူပေးနေစဉ်
အနာကြီးရောဂါဒဏ် ခံစားခဲ့ရသည့် အဘွားများ ရောဂါခံစားခဲ့ရသည့် ဦးကြီးများအား လှူဒါန်းသည့် မုန့်ထုပ်များနှင့်အတူ
မြရတနာကျောင်းမှ ကျောင်းထိုင်ဆရာတော် အနာကြီးရောဂါဝေဒနာ ခံစားခဲ့ရသူ အဘိုးအဘွားများအတွက် စက်တင်ဘာ ၆ ရက်နေ့က စစ်ကိုင်း မြရတနာ ကျေးရွာမှာ အလှူဒါန ပြုခဲ့ပါတယ်။ ပြည်ပမှ အလှူရှင်များကိုယ်စား ဆရာတော် ဦးကောဝိဒ၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)နဲ့ မိတ်ဆွေများက သွားရောက် စီစဉ် လှူဒါန်းပေးခဲ့ပါတယ်။
အနာကြီးရောဂါ ပျောက်ကင်းသွားပေမယ့် ဝေဒနာကြောင့် ကိုယ်အင်္ဂါ ထိခိုက်ခံစားခဲ့ရသူ အဘိုးအဘွား ၉ ဦးကို တစ်ဦး ငွေ ကျပ် တစ်သောင်းစီနဲ့ စားစရာ မုန့်ထုပ်များ ဒါနပြု ဝေငှပါတယ်။ အဝေးရောက် အလှူရှင်နှစ်ဦးကောင်းမှု ဖြစ်ပါတယ်။
''မုန့်ထုပ်တွေ၊ စားစရာတွေ၊ ပိုက်ဆံ တစ်သောင်းစီ ပါတယ်။ အားလုံးပေါင်း လူကြီး ၉ ယောက်၊ အနာတွေနဲ့ဟာပေါ့။ နောက်ထပ် အပြင်မှာေ၇ာက်နေတဲ့ ဟာတွေရော အိမ်ထောင်စုဦးရေရယ်၊ ဆေးလက်ရှိ သောက်နေရတဲ့ ဦးရေရယ် စာရင်းတောင်းထားတယ်''
ကား ကိုယ်တိုင်မောင်းပြီး မိတ်ဆွေများနဲ့ သွားရောက် လှူဒါန်းပေးခဲ့တဲ့ ကိုထက်က ပြောပြတာပါ။ မြရတနာ မူလတန်းကျောင်းက ဆရာဆရာမများကိုလဲ တစ်ဦး တစ်သောင်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။
''သူတို့ စားဝတ်နေရေးကတော့ အပြင် ကြုံရာ သွားလုပ်စားနေရတယ်။ ကျောင်းဖွင့်ရက်ဆိုတော့ ကျောင်းသားလေးတွေကို ချိုချဉ်တွေ မုန့်ထုပ်တွေ ဝေလိုက်တယ်။ ကျွန်တော်တို့ မိတ်ဆွေတွေ ပါလာတော့ သူတို့ကလဲ ၅ သောင်း ထပ်လှူတယ်''
မြရတနာ ရွာမှာ အနာကြီးရောဂါ ခံစားခဲ့ရတဲ့ ဝေဒနာသည်များနဲ့ မိသားစုဝင်များ နေထိုင်ကြပါတယ်။ အသီးအနှံတွေ စိုက်ပျိုးကြပေမယ့် သူတို့ခြံထွက် အသီးအနှံတွေကို ဝယ်ယူစားသုံးမယ့်သူ မရှိပါဘူး။ ရွာဦးကျောင်းက ဆရာတော်လဲ ရဟန်းဘဝမှာ ဒီဝေဒနာ စွဲကပ်လာလို့ အမျိုးမျိုး ကုသပေမယ့် နှစ်ရှည် ဝေဒနာဒဏ် ခံစားခဲ့ရပြီး ဒီရွာကို ရောက်ရှိ ကျောင်းထိုင်နေတဲ့ ဘဝတူ ဆရာတော် ဖြစ်ပါတယ်။

0 comments:

Post a Comment