ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, November 2, 2009
ဒီတစ်ခေါက် အရုဏ်ဆွမ်းက မုန့်လုံးရေပေါ် ဝက်သားနဲ့ ဂေါ်ရခါးသီးရယ်၊ ပဲနှပ်နဲ့ သရက်ချဉ်ရယ်၊ ငါးပိကြော်ရယ်
အရုဏ်ဆွမ်း ဘုဉ်းပေးကြမယ်
အရုဏ်ဆွမ်း မုန့်လုံးရေပေါ် -ဦးဇော်သောင်း+ဒေါ်အေးသန်းမိသားစု (စစ်ကိုင်း) နေ့ဆွမ်း ဆွမ်းထမင်း+ပဲနှပ် ကိုဖြိုး+ကိုထက် ဆွမ်းဟင်း ဝက်သား+ဂေါ်ရခါးသီးချက်၊ သရက်ချဉ်+ငရုတ်သီးငါးပိကြော် မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး YTU တို့၏ နေ့ဆွမ်းအလှူရှင်များအဖွဲ့ ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့) သီလရှင် အပါး ၅၀ - အရုဏ်ဆွမ်း + ဆပ်ပြာမှုန့် အလှူရှင် ............. ဝေယျာဝစ္စဒါန -ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးကျောင်းတိုက်)၊ ဦးဥတ္တမ (မန္တလေး မစိုးရိမ်တိုက်သစ်) -ဆရာကြီး ဒေါ်ဝိလာသီ (အောင်မြေသာဇံချောင်)၊ ဆရာကြီး ဒေါ်ဝါယမီ (သိပ္ပမဉ္စရီချောင်)၊ ဆရာလေးမစရဏမဉ္စရီ (သုခမဉ္စရီချောင်) --ကိုဇော်ဇော်အောင်၊ ကိုဝေ၊ မဇင်မာထွေး၊ မဇင်မာငြိမ်း
ဆပ်ပြာမှုန့်ထုပ်များ အဆင်သင့် မုန့်လုံးရေပေါ် ဆက်ကပ်စဉ်
ဒီနေ့ အရုဏ်ဆွမ်းအတွက် ဆရာလေး မစရဏမဉ္စရီရဲ့ မိဘနှစ်ပါး ဖြစ်တဲ့ ဦးဇော်သောင်း၊ ဒေါ်အေးသန်းတို့က မုန့်လုံးရေပေါ် ကပ်လှူတယ်။ သီလရှင် ဆရာကြီး ဆရာလေးတွေ မုန့်လုံးရေပေါ် လုံးပေးပြီး ည ၁၁ နာရီခွဲမှာ ပြန်ကြွသွားကြတယ်။ အရုဏ်ဆွမ်းအတွက် မုန့်လုံးရေပေါ် လာလုံးပေးသွားတဲ့ ဆရာကြီး ဒေါ်ဝိလာသီတို့၊ ဒေါ်ဝါယမီတို့က ကျောင်းနေဆရာလေးတွေကို ကြီးမှူးအုပ်ချုပ်တဲ့ ချောင်ဆရာကြီးတွေ ဖြစ်ကြပါတယ်။ ဆွမ်းလောင်းမှာ ဝိုင်းဝန်းလုပ်ကိုင်စီမံပေးဖို့ မန္တလေးက ကြွလာတဲ့ ဦးဇင်းနှစ်ပါးက စာသင်သား ကိုယ်တော်တွေပါ။ မစိုးရိမ်တိုက်သစ်က ဦးဥတ္တမ က ဓမ္မာစရိယတန်း၊ ဦးပညာဝံသက ပထမကြီးတန်း ဖြေရပါမယ်။ မနက် ၅ နာ၇ီ ၃၀ မှာ အရုဏ် မုန့်လုံးရေပေါ်ဆွမ်း စကပ်တယ်။ ပြီးတော့ နေ့ဆွမ်း လောင်းလှူတယ်။ ဝက်သားကို ဒီနေ့ အာလူးမရောတော့ဘဲ ဂေါ်ရခါးသီးနဲ့ အချိုချက်တယ်။ အပတ်စဉ် ကပ်နေကျ ငါးဖောင်ရိုးကြော်ကို အနားပေးပြီး ငါးပိကြော် ကပ်တယ်။

သီလရှင် ဆရာကြီးဆရာလေးတွေကို မနက် ၇ နာရီမှာ အရုဏ်ဆွမ်း မုန့်လုံးရေပေါ် စကပ်တယ်။ ဘုဉ်းပေးပြီးတာနဲ့ ဆပ်ပြာမှုန့်ထုပ်များလဲ လောင်းလှူပါတယ်။

0 comments:

Post a Comment