ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Wednesday, November 18, 2009
တစ်ရွာလုံး လိုအပ်နေတဲ့ ရေတွင်း
က်တွေဆင်ပြီ တူးကြဖော်ကြ ရေအမြန်ရဖို့
ရွှေမိုးငွေမိုးကြဲဖို့ လုပ်နေတဲ့ ကိုဖြိုး၊ ကိုထက်နဲ့ ကလေးများ
ရေတွင်းတူးနေပြီဆိုလို့ အုန်းအုန်းကျက်ကျက် ရောက်လာတဲ့ ရွာသားတွေ
အနာကြီးရောဂါသည်များနဲ့ မိသားစုတွေ နေထိုင်ရာ မြရတနာရွာမှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း သိရတဲ့အတွက် ကိုကြီး (စင်ကာပူ)က အဝိစိတွင်း လှူဒါန်းပါတယ်။ နတ်တော်လဆန်း ၁ ရက် (၁၇-၁၁-၀၉)က စတူးတယ်။ စင်ကာပူက ပြန်မလာသေးတဲ့ အလှူရှင် ကိုကြီးကိုယ်စား ဦးဇင်း ဦးကောဝိဒနဲ့ ကိုဖြိုး၊ ကိုထက် သူငယ်ချင်းနှစ်ဦး (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေး)တို့က သွားဆောင်ရွက်ပေးကြပါတယ်။ ရေတွင်း စတူးချိန်မှာ ကိုဖြိုးနဲ့ ကိုထက်က ရွှေမိုးငွေမိုး ရွာသွန်းပြီး တူးစေလိုတာကြောင့် ကလေးငယ်တွေကို မုန့်ဖိုးငွေများ ကြဲချ၊ ကလေးတွေ ကစားပွဲတစ်ခုလို တပျော်တပါး ဝိုင်းအုံယူကြပြီးမှ စတင်ပါတယ်။ ရေတွင်းတူးဖို့ စက်တွေ တပ်တယ်။ ရေယာယီ သိုလှောင်ဖို့ အမိုးအကာတွေ လုပ်တယ်။ ရွာဦးကျောင်းက ဆရာတော်နဲ့ သာမဏေတွေ အပါအဝင် တစ်ရွာလုံး သောက်ရေ သုံးရေ အခက်အခဲ ဖြစ်နေကြတာ အခု ရေတွင်းရတော့မယ်ဆိုတော့ ရွာရဲ့ အဓိက အခက်အခဲကြီးတစ်ခု ပြေလည်သွားပါပြီ။ ရွာရဲ့ ရေအခက်အခဲကို သိလိုက်ရချိန်မှာ ကိုကြီးက ကွန်ပျူတာ ဝယ်ဖို့ စီစဉ်ထားတဲ့ငွေကို မဝယ်တော့ဘဲ မြရတနာရွာသားများအတွက် ရေတွင်း လှူလိုက်တာ ဖြစ်ပါတယ်။ ကိုကြီးရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကလဲ ထည့်ဝင်လှူဒါန်းကြပါတယ်။ အဝီစိတွင်းတူးဖို့ မူလ ငှားရမ်းထားတဲ့ ပန်းရံဆရာက အလုပ်လက်ခံပြီးမှ လိုက်ခါနီးမှာ မြရတနာ အနာကြီးရောဂါသည်ရွာမှာ သွားတူးပေးရမယ်ဆိုတာသိတော့ မလိုက်တော့လို့ နောက်တစ်ဦး ငှားရတယ်။ ဒါတောင် တူးမယ့် သူတွေကို ထမင်းဟင်းနဲ့ သောက်ရေကအစ သီးခြား သယ်လာပေးရတယ်။ ရွာက ရေနဲ့ အစာဆိုရင် မစားနိုင်ဘူး ဆိုလို့ပါတဲ့။ ကိုဖြိုးနဲ့ ကိုထက်က ရွာမှာ စာကြည့်တိုက် လုပ်ပေးချင်တာနဲ့ ပျက်စီးနေတဲ့ ရပ်ကွက်ရုံး အဆောက်အအုံဟောင်းကို ပြုပြင်ပြီး စာကြည့်တိုက် ဖွင့်ဖို့ ပြုပြင်စရိတ် ငွေသုံးသောင်း လှူတယ်။ ရွာမှာ ဥပုသ်နေ့တွေ တရားနာယူနိုင်အောင် အသံချဲ့စက်လဲ လှူဒါန်းပါလိမ့်မယ်။ ရေတွင်းပြီးလို့ ရေစက်ချ လှူဒါန်းတဲ့ နေ့မှာလဲ ကိုဖြိုး၊ ကိုထက်တို့က တစ်ရွာလုံးကို စတုဒီသာ ထမင်းကျွေး အလှူပေးမယ်လို့ ပြောတော့ တစ်ရွာလုံး ဝမ်းသာပျော်ရွှင်နေကြပါတယ်။

5 comments:

ဟုတ်ကဲ့ဗျ
ကျနော် အရမ်း ဝမ်းသာပီတိ ဖြစ်နေမိပါတယ်
ကျနော့် ခံစားမှုကို ကျနော်ပြောမပြတတ်အောင်ပါပဲ
ကျနော်ရဲ့ ချွေးနှဲစာလေးတွေက အများအတွက် အကျိုးရှိသွားပြီ
အားဖြည့် ကူညီကြတဲ့ အစ်ကို အစ်မ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ်ဆိုတာလေး
ပြောပါရစေ ခင်ဗျာ။

လေးစားစွားဖြင့်
ကိုကြီး (ကိုရီး)

evacuee said...

ကျန်းမာပါစေ။ချမ်းသာပါစေဗျာ..
ကိုကြီးနောက်လည်းလှူနိုင်ပါစေ။

evacuee said...

ကျန်းမာပါစေ။ချမ်းသာပါစေဗျာ..
ကိုကြီးနောက်လည်းလှူနိုင်ပါစေ။

Anonymous said...

(သာဓု)၃
ဒီထက်အများကြီး ဆက်လှူနိုင်ပါစေ။

Unknown said...

ဒီထက်မကလှူနိုင်တန်းနိုင်ပါစေ။ အင်မတန်မြင့်မြတ်တဲ့အတွက်သာဓု (၃) ကြိမ်ခေါ်ပါတယ်။

Post a Comment