ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Saturday, December 12, 2009
၁၂.၁၂.၂၀၀၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၁ ရက်နေ့ ... နံနက် ၁၀ နာရီ အချိန် သာသနာ့ဝေပုလ္လကျောင်းတိုက်တွင် သြ၀ါဒဆရာတော်ကြီးများအား နေ့ဆွမ်းကပ်လှူပါမည်။နံနက် ၁၁ နာရီတွင် မြရတနာသို့ ကားများဖြင့် ဆရာတော်ကြီးများအားပင့်ဆောင်ပြီး ထိုရွာတွင် ရေစက်ချ အခမ်းအနားဆောင်ရွက်ပါမည်။
ညနေ ၆း၃၀ နာရီအချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အရှင်ဉာဏ၀ရ ၏ တရားပွဲအစီအစဉ် ဖြစ်ပါသည်။
၁၃.၁၂.၂၀၀၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၂ ရက်နေ့ ... နံနက်(၈)နာရီတွင် စာရေးဆရာများ၏ စာပေဟောပြောပွဲအစီအစဉ်ကိုကျင်းပပြီး ညနေ(၄)နာရီအချိန်တွင် ရွာလုံးကျွတ် စတုဒီသာကျွေးမွေးပွဲ အစီအစဉ်ဖြင့် ဒါနကုသိုလ်များ ပြုလုပ်ကြမည် ဖြစ်ပါသည်။
၁၄.၁၂.၂၀၀၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၃ ရက်နေ့ ... စစ်ကိုင်းဆွမ်းလောင်းအသင်း၏ ဆွမ်းလောင်းပွဲအစီအစဉ်တွင် အလှူရှင်တစ်ဦးမှ သံဃာအပါးစေ့ ဆပ်ပြာခဲနှင့်ဘလိပ်ဓား လောင်းလှူမည်ဖြစ်ပြီး မေတ္တာရှင်ရွှေပြည်သာ ဆရာတော် ဦးဇ၀န မှ မေတ္တာရှင်ဖောင်ဒေးရှင်းအတွက် နံနက် ရန်ကုန်မြို့မှ လေယဉ်ဖြင့်ပြန်လည် ကြွရောက်လာပြီး သြ၀ါဒကထာအား ချီးမြင့်မည်ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ကို ကုသိုလ်ရရှိစေရန် အကျိုးငှာ သတင်းကောင်း ပေးအပ်ပါသည်။

0 comments:

Post a Comment