ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, December 21, 2009
ရွှေလမ်းငွေလမ်းဝင်းကြည်
ရေစက်ချ အမျှဝေနေသော စာရေးဆရာဇနီးမောင်နှံ
သင်တန်းပြ၊ သင်တန်းသား သံဃာများ
(၁၂-၁၁-၂၀၀၉)မှ (၁၉-၁၂-၂၀၀၉)ရက်အထိ သတင်းပတ်(၆)ပတ် အတွင်းရက်ပေါင်း(၁၈)ရက်၊ နာရီပေါင်း (၇၂)နာရီ အချိန်ယူသင်ကြားခဲ့ကြပါသည်။ မကွေးမြို့ စာသင်တိုက်အသီးသီးမှ စာချဆရာတော်(၁၀)ပါး တက်ရောက် ပညာအလှူခံသင်ကြား၍ တတ်မြောက်အောင်မြင်ခဲ့ကြ၏။ သင်တန်းပို့ချပေးသော ဆရာတော်များမှာ စစ်ကိုင်းမြို့ EVERYONE IT Education ဝေပုလ္လကျောင်းတိုက် (အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)၊ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း) ဦးစီးဆရာတော် ဦးကောဝိဒ နှင့်မန္တလေးမြို့ မြင်းဝန်မင်းကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဝံသတို့နှစ်ပါး သင်ကြားပို့ချပေကြမည်။ သင်တန်းပို့ချရန်အတွက်ဆရာတော်နှစ်ပါးအား မန္တလေး။ မကွေးခရီးစရိတ်အား ရွှေဒိုမိန်းမိသားစုမှ ကျပ်ငွေနှစ်သိန်းငါးသောင်းလှူဒါန်းထားကြောင်း ကြားသိရ၏။ ယင်းဆရာတော်နှစ်ပါးမှာ မကွေးတိုင်း သံဃာ့နာယက ဥက္ကဌ ဆရာတော် ဦးပညာစက္က၏ ပညာစက္ကာရာမကျောင်းတွင် ဧည့်ခံသတင်းသုံး နေထိုင်တော်မူကြောင်းသိရပါသည်။ အမှတ်စဉ်(၁)သင်တန်းတွင် ကွန်ပျူတာ အခြေခံမှ စ၍ စာစီစာရိုက်နည်းပညာများ၊ windows အသုံးပြုနည်းများ အခြားကွန်ပျူတာနှင့် ပက်သက်သောနည်းပညာများ၊ တိပိဋက အဘိဓာန် ဆော့ဖ်ဝဲများအား အသုံးပြုခြင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ကွန်ပျူတာ အသုံးပြုနိုင်ရန်အထိ လေ့ကျင့်သင်တန်းပို့ချပေးခဲ့ပြီး ၉၀% သင်တန်းအောင်မြင်ကြောင်းကြားသိ မြင်တွေ့ခဲ့ရပါသည်။ ၁၉-၁၂-၂၀၀၉ ၊နေ့၊နေ့လည်(၁)နာရီတွင် ပညာရေးဒါနအဖြစ် (ကွန်ပျူတာများနှင့်မီးစက်အခမဲ့အသုံးပြုရန်) အလှူရှင်ရွှေလမ်းငွေလမ်းဝင်းကြည်၊ ဒေါ်ခင်စီမိသားစု၏ GB Cyber Cafe အမှတ်(၅)ဟိန္ဒူဆိုင်တိုက်တန်း၊ ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင်အလှူရှင်များကိုယ်စား သင်တန်းနည်းပြဆရာတော်များ၊ သတင်းတန်းသားဆရာတော်များနှင့် ဦးဝင်းကြည်+ဒေါ်ခင်စီမိသားစုတို့က အမှတ်စဉ်(၁) သင်တန်းပညာရေးဒါန အလှူအားလုံးကိုယ်စား ရေစက်သွန်းချပြီး အမျှဝေ၊ သာဓုအနုမောဒနာ (၃)ကြိမ်ခေါ်ဆို၍ ကျင်းပပြီးစီး အောင်မြင်ခဲ့ ကြပါသည်။
သင်တန်းအမှတ်စဉ်(၂)အား နွေရာသီ စာချတန်းများ အားလပ်ချိန်တွင် ဆက်လက်ပို့ချသင်ကြားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပညာဒါနသင်တန်းအလှူရှင်များ၊ သင်တန်းတက်ရောက်လိုကြသော သံဃာတော်နှင့်သီလရှင်များ ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။
ဆက်သွယ်ရန် ။ ။ ပညာစက္ကာရာမစာသင်တိုက်ကျောင်း၊ ဦးမာနိတ ဖုန်း ၀၉-၂၁၁၀၂၀၂ ၊ ၀၂-၆၅၃၇၁ ၊ ၀၆၃-၂၆၉၇၀ သို့ဆက်သွယ်နိုင်ကြပါသည်။
၂၀၀၉ ခု၊ ဒီဇင်ဘာလ(၂၁)ရက်၊ညနေ(၅)နာရီ၊ ရေး၏။

0 comments:

Post a Comment