ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Saturday, February 27, 2010
တရား၊ရေ၊ဆေး၊ သင်ပေး၊ ပရ၊ မြတ်ဒါန၊ စန်းလ သီတဂူ ၁။ တရား သီတဂူစန်းလ၊ မြတ်လှမထေရ် ပြည်ရွာနှံ့ပြား၊ တရားနတ်စည် လူမျိုးမခြား ၊ ကြွသွားပြည်ပြည် တောက်ရွှန်းပ၊ ဓမ္မမြတ်ရောင်ခြည်။ ၂။ ရေ သီတဂူစန်းလ ၊ အေးမြရေလှူ စစ်ကိုင်းတောင်ရိုး၊ သောက်ချိုး ထောက်ကူ ကိုယ်စိတ်ရွှင်လန်း ၊ ရဟန်းရှင်လူ ပထမ ၊ ထူးလရေအလှူ ၃။ ဆေး အာယုဒါန ၊ ဒုတိယအလှူ ရှင်လူအများ ၊ အားထားထောက်ကူ ကျန်းမာခြင်းကား ၊ လာဘ်တပါးဟူ ရှင်တော်မြတ် ၊ ဟောလတ်မိန့်တော်မူ။ ၄။ သင်ပေး သုံးပုံပိဋက ၊ သင်ပြထိုထို ကမ္ဘာနှံ့ပြား၊ ပြန့်ပွားစေလို ဘာသာယဉ်ကျေး ၊ သင်ပေး စိတ် , ကိုယ် သီတလ ၊ ဗုဒ္ဓတက္ကသိုလ် ၅။ ပရဒါန နာဂစ်မုန်တိုင်း ၊ ဆုန်စိုင်းဝင်လာ ဧရာဝတီတိုင်း ၊ နွားရိုင်းပမာ အိုးအိမ်ပျက်စီး ၊ လူလည်းသေရှာ ကိုယ်တိုင်မြန်း ၊ လှူဒါန်းပါဘက်စုံ၊ ၆။ ညီလာ ဘာသာပေါင်းစုံ ၊ ကမ္ဘာ့ညီလာ ဦးဆောင်ရွက်ဘိသဘောကြည်စွာ ငြိမ်းချမ်းမုခ်ဦး ၊ အထူးရည်ကာ လရောင်ဆမ်း ၊ အောင်ပန်းဆွတ်ခူးလာ။ ၇။ သက်ရာကျော် သီတဂူစန်း ၊ သက်တမ်းရာကျော် အထက်တန်ဖိုး ၊ တန်ခိုးရှိန်စော် ပရလုပ်ငန်း ၊ ဆက်လှမ်း ဂုဏ်ပေါ် များအကျိုး ၊ သည်ပိုးမြတ်ထေရ်ကျော် ကျောင်းကျိုးပြု ၊ နတ်လူ သာဓုခေါ်။ ဆုမွန်ကောင်း သက်ပေါင်း ရာထောင်ကျော်။ ၈။ သီတဂူစန်း ၊ ဘော်နန်းငွေယုန် ပဋိယတ် ၊ ပဋိပတ် ၊ နှစ်ရပ်စွယ်စုံ ကမ္ထ္ဘာ့လူသား ၊ တရားရိပ်မြုံ ၊ အားထုတ်အပ် ၊ ရှု့မှတ်ရိပ်သာဘုံ။ ၉။ သီတဂူမွေးနေ့ ၊ ဖူးတွေ့ကြုံလာ ကိုယ်ရောစိတ်ရော ၊ မနောကြည်သာ၊ လုပ်ဆောင်ကောင်းချက်၊ ဖြည့်စွက်မြန်မာ ”တို့များ” အားကျနည်းယူမှာ၊ ၁၀။ သီတဂူစန်းလ ၊ လမ်းပြမြေပုံ လုပ်ဆောင်သမျှ ၊ အားရမကုန် လှည်းနေလှေအောင်း ၊ မြင်းစောင်းလူစုံ ၊ မေတ္တာဖြန်း ၊ တောက်ရွှန်း ဘော်ငွေ့ယုန်။ ”တို့တပည့်များ”အားကျနည်းခိုလှူံ ၁၁။ သီတဂူမွေးနေ့ ၊ ချမ်းမြေ့ ကြည်သာ ၊ လုပ်ဆောင်မှုအား ၊ ပြငြားကမ္ဘာ ၊ အောင်ပါစေကြောင်း ၊ နှစ်ပေါင်းခိုင်မာ၊ အားလုံးကိုယ်စား ဆုမွန်တောင်း အောင်ကြောင်း ဝေေ၀ဖြာ… ယနေ့စစ်ကိုင်းတောင်မှာ ဆရာတော်ကြီးမွေးနေ့ဆိုတော့မြန်မာနိုင်ငံတွင်း နှင့်ကမ္ဘာအရပ်ရပ်က ဆရာတော်ကြီးရဲ့သာဝကတွေနဲ့စည်ကားလို့နေပါတယ်... ယနေ့ သံဃာတော်များအား ဆွမ်းလောင်းပွဲကြီးကတော့ တော်တော်ကိုကြည်နှုးဖွယ်မြင်ကွင်းပါပဲ။ ဆိုင်းသံ၊ ဗျောသံ များနဲ့အတူ ဆရာတော်ကြီးကိုယ်တိုင် လိုက်လံကြီးကြပ်ပြီးလှူဒါန်းနေတာကိုတွေ့ရပါတယ်။ အလွန်ဝမ်းသာပိတိဖြစ်စရာမြင်ကွင်းပါပဲ မနက်ဖြန်ဆိုရင်တော့သီလရှင်များကို လှူဒါန်းမှာဖြစ်ပါတယ်..

0 comments:

Post a Comment