ဓမ္မစာမျက်နှာများ
ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
ဆက်သွယ်လှူတန်းရန်
ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
Total Pageviews
လစဉ်အလှူရှင်
ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.
Labels
- ကထိန် (6)
- စစ်ကိုင်းဆွမ်းလောင်းအသင်း (11)
- ဆွမ်းအလှူရှင်များစာရင်း။ (6)
- ဆွမ်းလောင်းအသင်း (69)
- ဆွမ်းလောင်းအသင်း နှစ်ပတ်လည်အလှူရှင်မှတ်တမ်း (2)
- တစ်ဦးချင်းအလှူများ (172)
- တစ်ဦးခြင်းလှူဒါန်းမှုများ (81)
- တနင်္လာနေ့ ဆွမ်းလောင်းလှူခြင်းများ (183)
- တရားစခန်းဝင်ခြင်း (2)
- မြရတနာအလှူများ. (5)
- ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များမှတ်တမ်း (1)
- လစဉ်ဆွမ်းအလှူရှင်များစာရင်း (2)
- လှူတန်းမှုများ (25)
- လှူတန်းနိုင်သော ပစ္စည်းများ (2)
- အကျိုးတော်ဆောင်များ (1)
- အခါကြီးရက်ကြီး ဆွမ်းလောင်းလှူခြင်းများ (8)
- အလှူ (7)
- အလှူရှင်များ (1)
- အလှူရှင်များစာရင်း (8)
- အလှူရှင်များစာရင်း။ (3)
- အထွေထွေလုပ်ဆောင်ချက်များ (3)
- ကျေးဇူးတင်ဂုဏ်ပြုလွှာ (2)
- ဆောင်းပါး (1)
- မေတ္တာပွားများခြင်း (1)
- မေတ္တာရှင်ဆရာတော် (3)
- ရေအလှူ (3)
Followers
Blog Archive
ဧည့်မှတ်တမ်း
ဆရာတော်ကြီးများ
Monday, March 29, 2010
အသက်နဲ့ထပ်တူ မြတ်သောရေအလှူဆိုတဲ့ ခေါင်းစဉ်လေးကို ဖတ်လိုက်ရရင်ကို ရေလှူတဲ့အကျိုးကျေးဇူး ဟာ အသက်ကို ပေးလှူရာရောက်တယ်ဆိုတာ မြင်သာထင်ရှားပါတယ်။ ထမင်းအသက်(၇)ရက် ရေအသက် တစ်မနက်ဆိုတဲ့ စကားကလည်း ရေရဲ့ အကျိုးကျေးဇူး များပြားပုံကို ဖော်ပြပေးနေတာပါ။ ဒီလိုတန်ဖိုးရှိတဲ့ ရေဒါနကုသိုလ်ကို ပေးလှူတဲ့သူတွေဟာ သူတစ်ပါးတွေရဲ့ အသက်ကို ပေးလှူရာ ရောက်တယ်ဆိုတာလည်း မှားအံ့မထင်ပါ။ ရေရှားပါးနေတဲ့နေရာမှာ ရေရဲ့တန်ဖိုးဟာ ရွှေပါပဲ။ ရေမရှိတဲ့နေရာ၊ ရေလိုအပ်တဲ့နေရာမှာ ဘယ်လိုမှ လူတွေ အသက်ရှင်သန်အောင် မနေနိုင်ပါဘူး။
ဘယ်အလုပ်လုပ်မလည်း၊ ဘယ်အပင်စိုက်မ လည်း၊ ဘယ်အရာတွေကိုပဲ လုပ်လုပ်ပါ ရေနဲ့ကင်းကွာပြီးလုပ်ရတဲ့ အလုပ်ဆိုတာ အင်မတန်ရှားပါတယ်။ ဘုရားသောက်တော်ရေကပ်တာ၊ ဆွမ်းထမင်းဟင်းချက်တာ၊ တကိုယ်ရေသန့်ရှင်းရေး ပြုလုပ်တာ၊ နောက်ဆုံး မျက်နှာသစ် သွားတိုက်တာကအစ ရေမပါရင် မဖြစ်တဲ့ အခြေအနေပါ။ နောက်ပြီး ရေလှူတဲ့အကျိုးဟာ ထာဝရတည်မြဲတဲ့အလှူလို့ ပြောလို့ရပါတယ်။ ကိုယ်လှူလိုက်တဲ့ ရေတွင်းရေကန် ခိုင်မြဲနေသမျှကာလပါတ်လုံး အလှူ့ရှင်တွေအတွက် နေ့စဉ်ရေလှူတဲ့ ဒါနကုသိုလ်တွေ ရပြီးရင်ရနေတာပါ။ နေ့စဉ်နဲ့အမျှ ကုသိုလ်တွေတိုးပွားစေတဲ့ မြတ်သောဒါနလို့လည်း ပြောလို့ရပါတယ်။ ကုသိုလ်ပဒေသာပင်ကြီး စိုက်ပျိုးထားတဲ့ သစ်ပင်တစ်ပင်လိုပါပဲနော်။ ပဒေသာပင်ဆိုတဲ့ ကုသိုလ်အပင်ကြီး မယိုင်လဲသမျှ ကာလပါတ်လုံး ကုသိုလ်တွေခူးဆွတ် စားနိုင်သလို ရေအလှူဟာလည်း နေ့စဉ်မပြတ် ကုသိုလ်တွေကို ခူးယူစားသောက် နေရတာပါ။
သီတဂူဆရာတော်ဘုရားကြီး ဟောကြားထားတဲ့ နတ်ပြည်ရောက်ကြောင်း ကောင်းမှုတရား (၅)ပါးထဲမှာ ရေအိုးစဉ်တည်ပြီး ရေချမ်းလှူခြင်း၊ ရေတွင်းရေကန် ဆည်မြောင်းကန်ချောင်းများ တူးဖော်လှူဒါန်းခြင်းဆိုပြီး ၂ခုအဖြစ် ပါဝင်ပါတယ်။ ဒီအချက်နှစ်ချက်ဟာ နတ်ပြည်ရောက်ကြောင်း အချက်ငါးချက်ထဲမှာ ပါဝင်တဲ့ အတွက် ရေလှူဒါန်းတဲ့လူတွေ မတောင်းလည်း အလိုလို ပြည့်စေမယ့် အကျိုးကျေးဇူးတွေပါ။ ကျန်တဲ့ သုံးခုကိုပြန်ကြည့်မယ်ဆိုရင်လည်း ဥယျာဉ်စိုက်ခြင်း၊ တောသစ်ပင်စိုက်ခြင်း၊ တံတားဖောက်လမ်း ဆောက်ခြင်းတဲ့။ ကျန်တဲ့သုံးခုကို ပြုလုပ်လှူဒါန်းမယ် ဆိုရင်လည်း ရေနဲ့ကင်းကွာလို့ မရနိုင်ပါဘူး။ ဥယျဉ်စိုက်မလား၊ ရေလိုတာပါပဲ။ တောသစ်ပင်စိုက်မလား၊ ရေလိုပြန်တာပါပဲ။ တံတားဆောက်ဦးမလား၊ ဘိလပ်မြေဖျော်တာကအစ ရေကလိုနေပြန်တာပါနော်။ ဒါ့ကြောင့်လည်း ကုသိုလ်တွေရဲ့ အစတည်ရာဟာ ရေရဲ့အသုံးဝင်ပုံ အကျိုးကျေးဇူးများပုံက စမယ်ဆိုရင်လည်း မှားအံ့မထင်ပါ။ သံဃာတော်မြတ်တွေအတွက် ဆွမ်းချက်ကပ်လှူဒါန်းမလား၊ ဘုရားရေချမ်းကပ်မလား၊ ဘုရားပန်းကပ်မလား၊ ကုသိုလ်တွေရဲ့ ကောင်းမှုအခြေခံတွေဟာ ရေကစတာပါနော်။ ဒ့ါကြောင့် ရေလှူတဲ့အကျိုးဟာ ကုသိုလ်တရားအားလုံး လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းပေးနေတဲ့ မရှိမဖြစ် အသုံးဝင်နေတဲ့အရာ တစ်ခုပါ။ တရားကျင့်တရားထိုင်နေတဲ့ လူအတွက် ကြည့်ပြန်မယ်ဆိုရင်လည်း ကံ၊ စိတ်၊ ဥတု၊အဟာရ ဆိုတဲ့ (၄)ပါးနဲ့ ညီညွတ်မှတရားအားထုတ်ရ လွယ်ကူပြီး တရားရနိုင်တာပါ။
လိုအပ်နေတဲ့ ရေအဟာရအပြည့်အစုံမရှိပဲနဲ့ ဒီအချက်(၄)ချက် မညီညွတ်နိုင်ပါဘူးနော်။ ဒါ့ကြောင့်လည်း နိဗ္ဗာန်သွားမယ့်လူတွေအတွက် အဟာရဖြည့်စွမ်းပေးတဲ့ ဒါနကုသိုလ်လို့ ပြောလို့ရပါတယ်။ ရေရဲ့အကျိုးကျေးဇူးများပုံကို လယ်တီဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ယခု မျက်မှောက် ကာလမှာ ကိုယ်တိုင်စွမ်းဆောင်ပြနိုင်ခဲ့တာပါ။ အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့ အချိန်အခါကာလတုန်းက လယ်တီဆရာတော် ဘုရားကြီးဟာ အနှစ်၂၀လုံးလုံး ရေထမ်းပြီးတော့ သံဃာတော်မြတ်တွေကို ဒါနပြုခဲ့ပါ တယ်။ အဲ့ဒီ့ရေဒါနရဲ့ အကျိုးကျေးဇူးကြောင့်ပဲ မိုးခေါင်တဲ့အရပ်တွေမှာ လယ်တီဆရာတော်ဘုရားကြီး ခြေချတာနဲ့ မိုးရွာပေးရတဲ့ အကျိုးကျေးဇူးတွေ ရရှိစေခဲ့ပါတယ်။ အင်္ဂလိပ်တွေကိုယ်တိုင် လယ်တီဆရာတော် ဘုရားကြီးရဲ့ ရေလှူတဲ့အကြောင်းတရားကြောင့် ရရှိတဲ့အကျိုးတရားတွေကို အံ့မခမ်းစွာဖြင့် အလေးအမြတ် ပြုခဲ့ရတာပါ။ ဒါ့ကြောင့်လည်း ရေလှူတဲ့လူတွေဟာ မိုးတောင်းတလည်း ပြည့်ရတယ်ဆိုတဲ့ ရေလှူရတဲ့ အကျိုးကို ရစေတာပါ။ ဒီအကြောင်းရာကတော့ အင်္ဂလိပ်ခေတ်လက်ထက် လယ်တီဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ရေလှူတဲ့အကျိုးကြီးပုံကို စွမ်းဆောင်ပြသွားခဲ့တဲ့ သာဓကပြစရာ အချက်တစ်ချက်ပါ။ ရေလှူတဲ့အကျိုးကျေးဇူးကို လူအများသိစေဖို့ ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် လုပ်ဆောင်ပြသွားတဲ့ ရေဒါနရဲ့ အကျိုးပါနော်။
သီတဂူဆရာတော် ဘုရားကြီးဟောကြားတဲ့ တရားတော်မှာ ရေလှူတဲ့သူတွေ ရစေနိုင်တဲ့ အကျိုးတရား (၁၅)မျိုးကိုလည်း အားတက်ဖွယ်ရာ ဖော်ပြပေးထားပါတယ်။ ရေလှူဒါန်း ဒါနပြုဖူးတဲ့သူတွေ လက်ရှိဘ၀မှာရော နောက်မဂ်ဖိုလ်နိဗ္ဗာန်မစံဝင်သမျှ ကာလပါတ်လုံးမှာပါ ခံစားရရှိနိုင်တဲ့ အကျိုးတရားတွေကို ဖော်ပြထား တာပါ။
(၁) ဂန္တာတောင်များရေမရှား ကြိုးစားရေလှူပါ။
(၂) ပူဆာရေရှားကင်းလိုငြား ကြိုးစားရေလှူပါ။
(၃) မိုးတောင်းတကား မိုးရွာငြား ကြိုးစားရေလှူပါ။
(၄) သန့်ရှင်းလိုငြား အမျိုးသား ကြိုးစားရေလှူပါ။
(၅) ကျန်းမာလိုငြား အမျိုးသား ကြိုးစားရေလှူပါ။
(၆) နံ့သာအလား မွှေးကြိုင်ြငား ကြိုးစားရေလှူပါ။
(၇) ကိလေသာများ သန့်ရှင်းငြား ကြိုးစားရေလှူပါ။
(၈) ကျော်စောထင်ရှား တန်ခိုးထွား ကြိုးစားရေလှူပါ။
(၉) ခြံရံပေါများ လွန်စည်ကား ကြိုးစားရေလှူပါ။
(၁၀) လျှင်မြန်ပေါ့ပါး အကျိုးများ ကြိုးစားရေလှူပါ။
(၁၁) သက်ရှည်လိုငြား အမျိုးသား ကြိုးစားရေလှူပါ။
(၁၂) လှပလိုငြား အမျိုးသား ကြိုးစားရေလှူပါ။
(၁၃) ဥစ္စာပေါများ ပေါကြွယ်ငြား ကြိုးစားရေလှူပါ။
(၁၄) ကာယခွန်အား ခိုင်လိုငြား ကြိုးစားရေလှူပါ။
(၁၅) ဥာဏစွမ်းအား ကြီးလိုငြား ကြိုးစားရေလှူပါ။
အထက်ဖော်ပြပါ (၁၅)ချက်ကတော့ ရေလှူတဲ့သူတွေ မတောင်းလည်း အပြည့်အ၀ရရှိမယ့် အကျိုးတရားတွေပါ။ ရေလှူတဲ့ အကျိုးတရားတွေကို ဖော်ပြပေးတာဟာ အကျိုးတရားတွေမှာ သာယာတက်မက် နေဖို့ မဟုတ်ပါဘူး။ ရေလှူတဲ့အကျိုးတရားတွေရဲ့ အကျိုးကြီးမားပုံကို သိစေချင်တဲ့အတွက်ပါ။ ကိုယ်လှူလိုက်တဲ့ အလှူဒါနလေးဟာ အုတ်တချပ်သဲတပွင့်ပမာ နည်းချင်နည်းပေမယ့် နှမ်းတစေ့နဲ့ ဆီမဖြစ်နိုင်သလိုပါပဲ။ နည်းတယ်များတယ်မဟုတ်ပါဘူးနော်။ ၀ိုင်းဝန်းစုပေါင်းပြီး တတ်နိုင်တဲ့ ဘက်ကနေ တတပ်တအား ပါဝင်လှူဒါန်းမှသာ ဒီလိုမျိုး အလှူဒါနဆိုတာ ဖြစ်လာနိုင်တာပါ။ ဒါ့ကြောင့် အလှူဒါနပြုတဲ့သူတွေ အားလုံးဟာလည်း ကိုယ်လှူလိုက်တဲ့ ဘယ်အလှူမဆို နည်းတယ်များတယ်လို့ သဘောမထားပဲ လှူလိုက်တဲ့ ဒါနကုသိုလ်အပေါ်မှာ ပြန်လည်သတိတရရှိပြီး ပြန်လည်ကုသိုလ်ပွားများစေဖို့ လိုအပ်ပါတယ်။ နောက်ပြီး ပြန်စဉ်းစားလိုက်တိုင်း ကိုယ်လှူလိုက်တဲ့ ငွေကြေးလေးနဲ့ ရေအလှူတစ်ခု ဖြစ်မြောက်သွားတယ်ဆိုတာကို သတိတရရှိစေချင်တဲ့ အတွက်ပါ။ ဒီလှူလိုက်တဲ့ ရေဒါနကြောင့် ဒီရေကို သောက်နေတဲ့ လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ ဆာလောင်မှုဝေဒနာတွေကို တဒင်္ဂငြိမ်းပေးနိုင်တယ်ဆိုတာကို အမြဲသတိတရရှိပြီး ရင်ထဲမှာ ၀မ်းသာပီတိ ဂွမ်းဆီထိသလို ကြည်နူးစေဖို့အတွက်ပါ။ ဒါနကုသိုလ်အစုစုကို လှူဒါန်းမှုပြုတဲ့ ကုသိုလ်ရှင်အားလုံးအတွက် ကိုယ်လှူလိုက်တဲ့ ရေဒါနအပေါ်မှာ ပြန်လည်ကုသိုလ် ပွားများစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
မိဘများကို အမှူးထား၍ ယူအက်စ်အေမှ ဒေါ်တင်တင်လှိုင်နှင့် မိသားစုက လီတာ ၅၀၀ ဆန့် ရေသန့်စက်ကို မတ်လ ၂၆ ရက်၊ သောကြာနေ့က စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းနဲ့ ကွန်ပြူတာသင်တန်းကျောင်းအတွက် လှူဒါန်းသွားပါတယ်.
အသက်နဲ့ထပ်တူ မြတ်သောရေအလှူဆိုတဲ့အတိုင်း သူတစ်ပါးတွေရဲ့ အသက်ကိုပေးလှူသော ရေဒါနကုသိုလ်အလှူအတိုင်း မိမိရဲ့အသက်ကိုလည်း အမြဲတမ်း မသေရာဖြစ်တဲ့ အမတနိဗ္ဗာန်သို့ တက်လှမ်းနိုင်တဲ့ အထောက်အပံ့ကုသိုလ်တွေ ဖြစ်ပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment