ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, April 5, 2010
သာသနာသက္ကရာဇ် ၂၅၅၃ ခု တပေါင်းလပြည့်ကျော် ၇ ရက်။ ၂၀၁၀ ခုနှစ် ဧပြီ ၄ ရက်။








ဒီနေ့အတွက် ဆွမ်းဒါယိကာမကြီးကတော့ မမီးမီးငယ် (အမေရိကား)ဖြစ်ပါတယ်.
မမီးမီးငယ်ရဲ့ အလှူမှာ သံဃာတော်များအတွက် အရုဏ်ဆွမ်း၊ နေ့ဆွမ်းအပြင် သီလရှင်အပါး (၁၀၀) အတွက်ပါ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းဖြစ်ပါတယ်.

နေ့ဆွမ်းဟင်းတွေကတော့ ဆွမ်းထမင်း၊ ၀က်သား+အာလူးဆီပြန်။ သရက်ချဉ်၊ ငရုတ်သီးငါးပိကြော်၊ ပဲနှပ်တို့ ဖြစ်ပါတယ်.

ဝေယျာဝစ္စ - ဆရာကြီး ဒေါ်စန္ဒင်္သီ၊ ဒေါ်ဝိလာသီ ၊ ဒေါ်စန္ဒင်္သီဂီ
-မောင်ဇော်မျိုး+မအိုမီ၊ မောင်ဇင်မင်း
-ဒေါ်ကြည်ဌေး၏သမီး မပွေးနှင့်သူ့၏ကလေးငယ်တစ်ဦး၊ ငြိမ်းအိထွေး၊နှင့် နွေရာသီသင်တန်းသားတစ်ဦး

မနက် ၅ နာရီ ၂၅ မိနစ်မှာ အရုဏ်ဆွမ်း စကပ်ပါတယ်။ အရုဏ်ဆွမ်း အပါး ၂၀၀ ခန့် ကြွရောက်ဘုဉ်းပေးပါတယ်။ စာပြန်ပွဲတစ်ချို့ပြီးလို့ သံဃာတွေ နယ်ပြန်ကြွ၊ အချို့လဲ စာမေးပွဲ ဖြေနေရဆဲ ဖြစ်နေလို့ နည်းသွားတာပါ။ ဝေယျာဝစ္စ ခါတိုင်း လာစီမံနေကျ ဦးအာဒိစ္စတို့လဲ ဓမ္မာစရိယ စာမေးပွဲ ဖြေနေရလို့ ဒီရက် မလာနိုင်ကြပါ။

ဒါပေမယ့် ကြွလာတဲ့ သံဃာတွေ နေ့ဆွမ်းမခံခင် အဝ ဘုဉ်းပေးသုံးဆောင်ကြပါတယ်။

မနက် ၆ နာရီမှာ နေ့ဆွမ်း စလောင်းပါတယ်။ နေ့ဆွမ်းက သံဃာ အပါး ၂၀၀ ကျော် ဆွမ်းခံကြွတဲ့ ဇိနောဒယ ဆွမ်းတန်းကို ပဲနှပ် ဆွမ်းချိုင့်နဲ့ အများစာ ဆက်ကပ်ပါတယ်။ ကျန် သံဃာ အပါး ၂၅၀ ခန့်ကို တစ်ပါးချင်း သပိတ်ထဲ လောင်းလှူပါတယ်။ မြစကြာကတော့ ဒီနေ့ ကျောင်းမှာ ဆွမ်းကပ်ရှိလို့ မကြွပါ။

ဒီနေ့မြရတနာရွာမှာ အသံမစဲမဟာပဋ္ဌာန်းပွဲကျင်းပပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာလဲ ဒေါ်နန်းသန္တာအောင်၇ဲ့ မိတ်ဆွေများဖြစ်တဲ့ ကိုသန်းဝင်း၊ မယုယုဝင်းတို့က ဆွမ်းလောင်းလှူပါလိမ့်မယ်။

2 comments:

Anonymous said...

တပည့်တော်မ မွေးနေ့အလှုအတွက် အစစ အရာရာ
ကူညီ ပေးသူ ရဟန်းသံဂါတော် မယ်သီလရင် လူပုဂ္ဂိုလ်များ အားလုံး
ကို ကျေးဇူးအထူးပင်တင်ရှိပါဧ်.. ဓါတ်ပုံတွေ တင်ပေးတဲ့
အတွက်လည်း ကျေးဇူးတင်ပါတယ် ဘုရား ....


တပည့်တော်မ မမီးငယ်

Anonymous said...

သာဓု -သာဓု သာဓု။

Post a Comment