ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Tuesday, May 25, 2010
ရေအလှူပွဲ ရေအလှူပွဲအတွက် ကမကထ ဆောင်ရွက်ပေးခဲ့တာကတော့ ဒါယကာကိုဖြိုးနှင့်ကိုထက်တို့ဖြစ်ပါတယ်။ ရေလှူဖို့ဘယ်အလှူရှင်မှ အဆက်အသွယ်မရသေးခင် ကိုဖြိုးကိုထက်တို့မှ ခြောက်သောင်းကျပ်လှူဒါန်းပေးခဲ့ကြပါတယ်။ ဒီကြားထဲ NTT သစ်အချောထည်စက်ရုံ မန္တလေးမှ ဒါယိကာမကြီး ဒေါ်ခိုင်ခိုင်မိုးမှ စစ်ကိုင်းမြို့နယ်တွင်ရေလှူချင်ကြောင်းဆက်သွယ်လာခဲ့ပါတယ်။ ကိုထက်တို့ငွေလှူပြီးချိန်အထိ ရေကား ဂါလံများများဆန့်တာကို စီစဉ်လို့မရခဲ့သေးပါဘူး။ ၁၉.၅.၂၀၁၀ ရက်နေ့ည၈ နာရီလောက်မှပဲ စစ်ကိုင်းမြို့နယ် မီးသတ်မှ ကားတစ်စီးကို ရရှိခဲ့ပါတယ်။ 20.5.2010 ရက်နေ့ နံနက် (၈း၀၀)နာရီမှ စစ်ကိုင်းမြို့ သဒ္ဓမပါလကျောင်းတိုက် မှ ဒါယိကာမကြီးခိုင်ခိုင်မိုးဦးဆောင်၍ ဒါယကာတစ်ဦး၊ ဒါယိကာမတစ်ဦးတို့နှင့်အတူမန္တလေးမြို့မှဒါယကာကိုထွေး ၏ မော်တော်ယဉ်ဖြင့် မြရတနာသို့ ထွက်ခွာခဲ့ကြပြီး။ မြရတနာတွင်ရေတွင်းရေကန်များနှင့်အင်ဂျင်များစစ်ဆေးပြီး နံနက် (၉)နာရီမှာတော့ အသင့်စောင့်ဆိုင်းနေသော မီးသတ်မော်တော်ယဉ် အရှေ့မှ စစ်ကိုင်းမြို့နယ် ရေခါးကျေးရွာသို့ထွက်ခွါခဲ့ကြပါတယ်။ ရေခါးကျေးရွာတွင်ရေလှူဒါန်းမှု ဆောင်ရွက်ပြီး တယ်လီဖုန်း လိုင်းမိသော နေရာတွင် စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်ရှိ ထမင်းဆိုင်တစ်ခုတွင် အနားယူရင်း ဦးဇင်းအားနေ့ဆွမ်းကပ်ခဲ့ကြပါတယ်။
ထို့နောက်ထယ်လီဖုန်းဖြင့် မီးသတ်ဦးစီးမှုးအားဆက်သွယ်၍ နောက်တစ်ရွာ ဆက်လက် လှူဒါန်းနိုင်ရန်တိုင်ပင်ခဲ့ကြပါတယ်။ မီးသတ်ဦးစီးမှုးမှ ကားအဆင်ပြေသဖြင့် ရေခက်ခဲသည်ဟု ဦးဇင်းထံသို့ အကူအညီလာရောက်တောင်းခံထားသော စစ်ကိုင်းမြို့နယ် ဆည်လေးကျေးရွာသို့ ထွက်ခွါခဲ့ကြပါတယ်။ ဆည်လေးကျေးရွာမှာ ရေခါးကျေးရွာထက် ပိုမိုရှားပါးကြောင်းသိခဲ့ရပါတယ်။ လမ်းကလည်းတော်တော်ဆိုးပါတယ်။ စစ်ကိုင်းနှင့် အနည်းဆုံး (၇)မိုင်ခန့်ဝေးပါတယ်။ ဦးဇင်းတို့လှူဒါန်းမှုစနစ်ကတော့ ကျေးရွာတစ်ခုရဲ့ဘုန်းတော်ကြီးကျောင်းမှာပဲရေကားကို ရပ်ပြီး ကျောင်းမှာရှိတဲ့ ရေကန်တွေမှာအရင်ဆုံးရေဖြည့်ပေးပြီး ထိုရေကန်များမှတဆင့် ကျေးရွာဥက္ကဋ္ဌ အကူအညီနဲ့ ရွာထဲက လူများကို စနစ်တကျ အိမ်ထောင်စုအလိုက် စာရင်းလုပ်ပြီးပေးဝေခဲ့ပါတယ်။
၂၁.၅.၂၀၁၀ ရက်နေ့မှာတော့ ကိုဖြိုး၊ကိုထက်တို့ အတွက် လှူဒါန်းပေးမှာဖြစ်ပါတယ်။ ၂၁.၅.၂၀၁၀ ရက်နေ့တွင် ဆည်လေးကျေးရွာ နှင့် ကြားရွာများသို့လှူဒါန်းပေးဖို့စီစဉ်ပေးထားပါတယ်။ ဆက်လက်၍ ပတူ၊တောင်ရင်းစတဲ့ကျေးရွာတွေမှာလည်း သောက်ရေခက်ခဲလျှက်ရှိကြောင်း မြရတနာမှ ကျောင်းအုပ်ဆရာ ဦးကျော်ကျော်မှတဆင့် ၁၉.၅.၂၀၁၀ ည၇ နာရီ တွင်လာရောက်လျှောက်ထားခဲ့ပါတယ်။

0 comments:

Post a Comment