ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Tuesday, May 25, 2010
ယနေ့ .၁၃၇၂ ခု နယုန်လဆန်း ၁၂ ရက် တနင်္လာနေ့၊ ခရစ်သက္ကရာဇ် ၂၄.၅.၂၀၁၀ ရက်နေ့အတွက် ဆွမ်းအလှူရှင်များကတော့ ကွယ်လွန်သူ ဖခင်ကြီးဦးတင်အောင်နှင့် မိခင်ကြီး ဒေါ်ညွှန့်ညွှန့်ရီတို့အားရည်စူး၍ ထိုင်းနိုင်ငံမှ ကျန်ရစ်သူမိသားစုက လှူဒါန်းသောနေ့ဆွမ်း အလှူဒါနဖြစ်ပါတယ်။ အရုဏ် မုန့်ဟင်းခါးဆွမ်း နေ့ဆွမ်း ကြက်သား+အာလူး၊ ပဲသုတ်၊ သရက်ချဉ်၊ ငါးပိ+ငါးရုတ်သီးကြော် တို့ဖြင့်လောင်းလှူခဲ့ပြီး သီလရှင် အပါး(၁၀၀)တို့အား သက်သက်လွတ် ဒန်ပေါက်ဆွမ်းဗူးများဖြင့် ကပ်လှူခဲ့ပါတယ်။
ဝိုင်းဝန်းကူညီ ကုသိုလ်ယူကြတဲ့ ဝေယျာဝစ္စများကတော့ ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ မောင်ဇော်မျိုး+မအိုမီ ၊ မောင်စိုးလင်းအောင် ၊ မောင်နေအောင်၊ နှင့်ဒါယကာတစ်ဦးတို့ဖြစ်ကြပါတယ်။
ရာသီဥတုက မိုးတစ်ဖွဲဖွဲ နဲ့ အရုဏ်ဆွမ်းကို နံနက် ၅ နာရီ ၂၀ မှာကပ်လှူခဲ့ပါတယ်။ အရုဏ်မုန့်ဟင်းခါးဆွမ်းဘုန်းပေးကြသော သံဃာတော်များ အပါး ၂၀၀ ခန့်ရှိပါတယ်။ နေ့ဆွမ်းကိုတော့အပါး ၂၅၀ ခန့်အားလောင်းလှူခဲ့ပါတယ်။

0 comments:

Post a Comment