ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Tuesday, June 8, 2010
သာသနာသက္ကရာဇ် ၂၅၅၄ ခုနှစ် နယုန်လပြည့်ကျော် ၁၂ ရက် အင်္ဂါနေ့။ ၂၀၁၀ ခုနှစ် ဇွန်လ ၈ ရက်။ အရုဏ် ကြက်သားကြာဆံချက် - အလှူရှင် (Dedicated to a friend။ XXXXX၊ နော်ဝေ) နေ့ဆွမ်း - ဝက်သားအာလူးဆီပြန်၊ ပဲနှပ်၊ ငါးပိကြော်၊ သရက်ချဉ်၊ ဆွမ်းထမင်း သီလရှင် အပါး ၁၀၀ - ဆပ်ပြာခဲ+ ဆပ်ပြာမှုန့်+ ဘောပင်+ ခဲတံ+ ဗလာစာအုပ် အလှူရှင် - နှစ်ဘက်မိဘများကို အမှူးထား၍ ကိုလူမော်+မတင်တင် (နော်ဝေ) အရုဏ်ဆွမ်း မနက် ၅ နာရီ ၁၅ မှာ စကပ်ပါတယ်။ အရုဏ်ဆွမ်းကို သံဃာ အပါး ၂၀၀ ကျော် ဘုဉ်းပေးကြပါတယ်။ ကိုရင်ငယ်တွေကတော့ ဆွမ်းခံပြီးချိန်မှာ ဗိုက်ပြန်ဆာကြလို့ ကလေးပီပီ နှစ်ခါပြန် ဝင်ဘုဉ်းကြတယ်။ အရုဏ်ဘုဉ်းပေးပြီးတော့ နေ့ဆွမ်း ကပ်လှူတယ်။ နေ့ဆွမ်းက အရုဏ်ဆွမ်းထက် သံဃာရေ ပိုများတယ်။ စာသင်တိုက်ကြီးတွေက နေ့ဆွမ်းတန်းပဲ ခံယူကြလို့ပါ။ ဇိနောဒယနဲ့ မြစကြာစာသင်တိုက်တွေက ဆွမ်းတန်းတင် အပါး ရာချီတယ်။ ဒီတိုက်ကြီးတွေကိုတော့ ဆွမ်းချိုင့်နဲ့ သံဃာအများစာ ပေါင်းပြီး လှူဒါန်းပါတယ်။ မန္တလေးက ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)တို့လဲ ဝင်ရောက် ဆွမ်းလောင်းလှူပေးကြတယ်။ မေတ္တာရှင်ဆရာတော် အရှင်ဇဝနလဲ ကြာဆံချက် ဘုဉ်းပေးပြီးတော့ နေ့ဆွမ်းလောင်းလှူတာကို ဝင်ရောက်အားပေးပါတယ်။ ဆွမ်းအလှူရှင် ဇနီးမောင်နှံ ကိုလူမော်+မတင်တင်တို့အတွက် မေတ္တာရှင်ဆရာတော် အရှင်ဇဝနက အနုမောဒနာတရား ဖုန်းနဲ့ ချီးမြှင့်ပေးတယ်။ ဆရာတော် ချီးမြှင့်တဲ့ ဆွမ်းအနုမောဒနာတရားက အောက်ပါအတိုင်း ဖြစ်ပါတယ်။ ''ရယူခြင်းနဲ့ ပေးဆပ်ခြင်းတို့တွင် ပေးဆပ်ခြင်းနဲ့ ပျော်မွေ့သူသည်သာ တကယ့် သူတော်ကောင်း ဖြစ်တယ်။ သူတော်ကောင်းအစစ်ဆိုတာ ပေးရတာကို ပျော်တယ်။ ယူခြင်းမှာ ပျော်မွေ့တဲ့ သူတွေဟာ ဘဝဆက်တိုင်း ယူချည်းပဲ နေရတယ်။ ဆိုလိုတာက ဘဝဆက်တိုင်း ဆင်းရဲတယ်လို့ ပြောတာ။ ပေးခြင်းမှာ ပျော်မွေ့တဲ့ သူတွေဟာ ဘဝဆက်တိုင်း ချမ်းသာတယ်။ ခုဘဝမှာ အဆင်ပြေ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေဟာ (အတိတ်က) ပေးရတာကို ပျော်မွေ့ခဲ့သူတွေပဲ။ ပုထုဇဉ် အများစုဟာ ယူရတာကို ပျော်မွေ့တယ်။ ဒါကြောင့် နိဗ္ဗာန်နဲ့ ဝေးတာ။ ယူချင်တာက လောဘ ပေးချင်တာက အလောဘ။ ဒါကြောင့် ဒီနေ့ ဆွမ်းလောင်းတာဆိုရင် အလောဘ။ ငါကောင်းစားဖို့ ငါချမ်းသာဖို့ အဓိကထားပြီး လှူရင် ပါရမီ မထိုက်သော ဒါန၊ အလှူခံ ကောင်းစားဖို့ လောကကောင်းစားဖို့ အဓိက ထားပြီး လှူရင် ပါရမီထိုက်သော ဒါန။ ပါရမီမထိုက်သော ဒါနသည် လူချမ်းသာ နတ်ချမ်းသာကိုသာ ပေးတယ်။ နိဗ္ဗာန်ကို မပို့ဘူး။ ပါရမီထိုက်တဲ့ ဒါနကတော့ လူချမ်းသာ နတ်ချမ်းသာကိုလဲ ပေးတယ်။ နိဗ္ဗာန်ကိုလဲ ပို့တယ်။ နေ့ဆွမ်းအလှူရှင်ကို အဲဒါ ပေးလိုက်ပါ'' သံဃာတွေ များလို့ အောင်မြေဦး ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ကြွလာပြီး သံဃာတန်းကို ထိန်းပေးနေပါတယ်။ သီလရှင် ဆရာလေးတွေကို မနက် ၈ နာရီမှာ လောင်းလှူပါမယ်။ အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

Post a Comment