ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, June 14, 2010






သာသနာသက္ကရာဇ် ၂၅၅၄ ခုနှစ် ပထမဝါဆိုလဆန်း ၃ ရက် တနင်္လာနေ့။ ၂၀၁၀ ခုနှစ် ဇွန်လ ၁၄ ရက်။

အရုဏ်ဆွမ်း - မုန့်ဟင်းခါး
ကိုရဲမင်းထွန်း (မလေးရှား) မွေးနေ့အကြိုအလှူ။

နေ့ဆွမ်း -ဝက်သား+အာလူးဆီပြန်၊ သရက်ချဉ်၊ ငရုတ်သီးငါးပိကြော်၊ ဆွမ်းထမင်း
နေ့ဆွမ်း အလှူရှင် - မောင်ခိုင်လင်းဇော်+ မစုယဉ်ဝင်း ( စင်ကာပူ)

ပဲနှပ် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)

ဝေယျာဝစ္စဒါန
ဦးသုဇာတ၊ ဒေါ်စန္ဒသိင်္ဂီ၊ မောင်စိုးလင်းအောင်၊ မောင်ဇော်မျိုး+မအိုမီ၊ ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ မပွေး၊

နံနက် ၅ နာရီ မထိုးမီမှာ သာမဏေတွေ ကျောင်းရှေ့ ရောက်လာနှင့်ကြပါပြီ။ ဦးဇင်းတွေ၊ ကိုရင်တွေက ဆွမ်းမဘုဉ်းပေးမီ မေတ္တာသုတ် ရွတ်ဖတ်ကြပါတယ်။ နံနက် ၅ နာရီ ၁၂ မိနစ်မှာ အရုဏ်ဆွမ်း စကပ်တယ်။ စကပ်ကပ်ချင်း အပါး ၉၀ ဘုဉ်းပေးကြပါတယ်။ နေရာမလောက်လို့ ဦးဇင်းနဲ့ ကိုရင်အချို့ စောင့်ဆိုင်းနေကြပါတယ်။ အပြင်မှာလဲ အပါး ၅၀ ခန့် စောင့်ဆိုင်းနေကြပါတယ်။

'' အရှင်ဘုရား- ဘာလိုသေးလဲဘုရား''
''မုန့်ဖတ် ထပ်ယူမယ်တဲ့။ မုန့်ဖတ်''
''ဟင်းရည်ချိုင့် .... ဒီမှာ ဒီမှာ''
''ဦးဇင်း... ဒီဘက်ကြွပါဘုရား''

မဟာသဒ္ဓါရုံကျောင်းက ၇ ပါး၊ သာသနာ့စံပြက အပါး ၂၀၊ အောင်သုခကျောင်းက ၁၁ ပါး ကြွလာပါတယ်။ အောင်မြေဦးကျောင်းက အပါး ၇၀ ခန့် ကြွပါတယ်။ ရေယဉ်တိုက်က ပါတယ်။ အခြားကျောင်းအသီးသီးကလဲ ကြွလာနေကြပါတယ်။ အရုဏ် ဆက်ကပ်ပြီးရင် နေ့ဆွမ်း ဆက်လောင်းလှူပါမယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

Post a Comment