ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, June 21, 2010
ဗုဒ္ဓဟူးနေ့ လောင်းလှူမည့် ဆွမ်းဟင်းခွက်များ










သာသနာ သက္ကရာဇ် ၂၅၅၄ ခုနှစ် ပထမ၀ါဆိုလဆန်း( ၁၀ )ရက် တနင်္လာနေ့။ (၂၁.၆.၂၀၁၀)
အရုဏ်ဆွမ်း+ နေ့ဆွမ်း - မချိုမော် (ထိုင်းနိုင်ငံ)

အရုဏ် မုန့်ဟင်းခါးဆွမ်းကပ်လှူခဲ့ပါတယ်။ အရုဏ်မနက် ၅ နာရီမှာ စတင်ကပ်လှူဖြစ်ပါတယ်။ သံဃာ အပါး ၂၅၀ ကျော်ဘုန်းပေးကြပါတယ်။

နေ့ဆွမ်းလောင်းကို နံနက် (၅း၄၅ ) မှာစတင်လောင်းလှူခဲ့ပါတယ်။ သံဃာအပါး ၃၀၀ ကျော် ဆွမ်းခံယူကြပါတယ်။ နေ့ဆွမ်းကို ၀က်သား+အာလူး၊ ပဲသုတ်၊ သရက်ချဉ်၊ ငါးပိ+ငရုတ်သီးကြော်တို့ဖြင့်လောင်းလှူခဲ့ကြပါတယ်။

ဝေယျာဝစ္စ များကတော့ သီလရှင် ဒေါ်စန္ဒသိင်္ဂီ၊ ဒေါ်သူဇာ တို့ဖြစ်ကြပါတယ်။ ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ မပွေး၊ မောင်စိုးလင်းအောင်၊ မြရတနာတွင် စာသင်နေသော ကျောင်းဆရာမ ဒါယိကာမကြီးတစ်ဦးနှင့် မောင်ဇော်မျိုး+မအိုမီတို့ ဖြစ်ကြပါတယ်။

သံဃာအင်အားများလာတာဖြစ်လို့ အခုဝေယျာဝစ္စ ထပ်မံဌားရမ်းဖို့စီစဉ်နေပါတယ်။ ဆွမ်းဟင်းခွက်များကို ယနေ့လှူဖို့စီစဉ်ခဲ့ပေမဲ့ ၂၃ ရက်နေ့အလှူရှင်မှ သံဃာတော်များ၊ စာရေးတံမဲများဖောက်မှာဖြစ်တဲ့အတွက် ထိုနေ့တွင် ဆွမ်းဟင်းခွက်ထဲဆွမ်းထည့်ချိန်၊ စာရေးတံမဲနှိုက်ချိန်နှင့် အချိန်များ ကြာမည်ဖြစ်၍ ထိုနေ့တွင် ဆွမ်းဟင်းခွက်ထဲ ဆွမ်းဟင်းများတစ်ခါတည်းထည့်ပြီးလှူနိုင်ရန် စီစဉ်ထားပါကြောင်း ဆွမ်းဟင်းခွက်အလှူရှင်များအား သိစေအပ်ပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

Post a Comment