ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Tuesday, July 13, 2010
  




၁၃၇၂ ခု ဒုတိယ၀ါဆိုလဆန်း(၁)ရက် တနင်္လာနေ့ ၁၂.၇.၂၀၁၀ ရက်နေ့

ကိုကျော်ဇောလင်း+မခိုင်ဝတ်မှုန်၊ သား မောင်နောင်ဘုန်းမြတ်သူ
(၁) နှစ်မြောက်မွေးနေ့အလှူပွဲ

အရုဏ်ဆွမ်း... ကြက်သားအုန်းနို့ခေါက်ဆွဲ

နေ့ဆွမ်းလောင်း

ဆွမ်း၊ ပဲ၊ ကြက်ဥ+မန်ကျီးသီးအချဉ်ဟင်း၊ မျှစ်+ဂေါ်ရခါးသီးကြော်၊ ငရုတ်သီး+ငါးပိ+ပုစွန်ခြောက်ကြော်

တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။

အရုဏ်ဆွမ်းကို နံနက် (၅)နာရီမှစတင်ကပ်လှူပါတယ်။

သံဃာ အပါး၂၉၀ ခန့်ဘုန်းပေးကြပါတယ်။

နေ့ဆွမ်းကို (၅း၄၅) နာရီမှာစတင်လောင်းလှူပေးခဲ့ပါတယ်။

နေ့ဆွမ်းခံယူသောသံဃာတော်ဦးရေ (၃၀၀)ကျော်ရှိပါတယ်။

ဝေယျာဝစ္စများက

ဦးအာဒိစ္စ (ဖျာပုံချောင်) ၊ ဒေါ်စန္ဒသိင်္ဂီ(သိဒ္ဓိမော်ချောင်)၊ဒေါ်သူဇာနှင့်ဆရာလေး နှစ်ပါး(အောင်မြေမင်္ဂလာချောင်) မှဖြစ်ကြပါတယ်။

ဒေါ်ကြည်ဌေး၊ငြိမ်းအိထွေး၊ မောင်ဇော်မျိုး+မအိုမီ၊ မောင်စိုးလင်းအောင်နှင့်ဒါယကာသုံးဦး တို့ဖြစ်ကြပါတယ်။

မနေ့က ဥပုသ်နေ့ဖြစ်သဖြင့် ၀က်သားပံ့သကူသားမရသဖြင့် ကြက်ဥနှင့်မန်ကျည်းသီးဟင်းကပ်လှူခဲ့တာဖြစ်ပါတယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...


1 comments:

အလှူရှင်တွေ အတွက်သာဓု ခေါ်သွားပါတယ်ဘုရား..
သာဓု... သာဓု... သာဓု...

Post a Comment