ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Sunday, August 22, 2010
သာသနာသက္ကရာဇ် ၂၅၅၄ ခု ၀ါခေါင်လဆန်း (၈) ရက် ဗုဒ္ဓဟူးနေ့ ၁၈.၈.၂၀၁၀
အရုဏ် ကြက်သားအုန်းနို့ခေါက်ဆွဲဆွမ်း အလှူရှင် ဆွမ်းအမတစ်ဦး (နော်ဝေနိုင်ငံ)ကောင်းမှု

နေ့ဆွမ်း အလှူရှင် ဦးမောင်မောင်ဆင့်+ဒေါ်ကြူကြူစိုး မိသားစု မှ သားအောင်မော်ဆင့် မွေးနေ့အလှူ
ဆွမ်း၊ ၀က်သား+ဂေါ်ရခါးသီး၊ သရက်ချဉ်၊ ပဲ၊ ငရုတ်သီး+ငါးပိ ဘာလချောင်ကြော်

သီလရှင် အပါး ၁၀၀  ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊ခဲတံ၊ ဘောပင်၊ ဗလာစာအုပ် - ဒေါ်တင်တင်လှိုင်မိသားစု (အမေရိကန်)

ဝေယျာဝစ္စများကတော့ ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ မပွေး၊ ဦးကျော်၊ ကွန်ပျူတာကျောင်းသားနှစ်ဦး၊ ဒါယကာကြီးတစ်ဦးတို့ဖြစ်ကြပါတယ်။

မိုးတွေအလွန်ရွာပါတယ်။ အစပိုင်း အရုဏ်ကြွရောက်ဘုန်းပေးကြသော သံဃာတော် ၅၀

ခန့်သာရှိခဲ့ပါတယ်။

အောင်မြေဦးကျောင်းဆရာတော်ထံသို့ဖုန်းဆက်လျှောက်ထားခဲ့ပြီး အောင်မြေဦးကျောင်း မိုးလုံလေလုံ သိမ်ကျောင်း အောက်ထပ်တွင် သံဃာတော်များအား အရုဏ်ကပ်လှူခဲ့ပြီး အောင်မြေဦးကျောင်းတွင် ဆွမ်းတစ်ခါတည်း လောင်းပေးခဲ့ရပါသည်။

တနင်္လာနေ့အလှူရှင်ဒေါ်တင်တင်လှိုင် မှ သီလရှင်အပါး၁၀၀အတွက် လှူဒါန်းထားမှုအား ယနေ့တွင်တစ်ခါတည်း စီစဉ်လှူဒါန်းပေးခဲ့ပါသည်။ သီလရှင်များအား ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊ခဲတံ၊ ဘောပင်၊ ဗလာစာအုပ် များတစ်ပါးလျှင် တစ်စုံစီလှူဒါန်းပေးခဲ့ပါသည်။

ဦးဇင်းဓါတ်ပုံပို့တာနောက်ကျခဲ့ပါတယ်။ နားလည်ပေးကြစေလိုပါတယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...










0 comments:

Post a Comment