ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Thursday, October 14, 2010
သတင်းကောင်းက ရေကျသွားပါပြီ။ သိပ်မကောင်းသေးတဲ့ သတင်းက အိမ်တွေထဲ ရေဝင်၊ အိမ်ထဲ ကျန်ခဲ့တဲ့ ပစ္စည်းက အခိုးခံရနဲ့မို့ ရုတ်တရက် ပျက်သွားရတဲ့ အခြေအနေတွေက ပုံမှန်ပြန်မဖြစ်သေးပါ။

ဒီနေ့ ဆွမ်းလောင်းအသင်းက မြရည်နန္ဒာရပ်မှာ ဖယောင်းတိုင် သွားဝေပါတယ်။ ဝင်းဝင်းဖယောင်းတိုင်က လှူတာပါ။ ဟိုရောက်တော့ လူတွေ ညမိုးချုပ်ကြီးမှာ စားစရာ မရှိလို့ ထမင်းမစားရသေးတာ တွေ့ရတယ်။ ဖယောင်းတိုင် လာဝေတာဆိုတော့ ထမင်းထုပ် ပါမလာတော့ ခက်ကုန်တယ်။ ဒါနဲ့ နာရီဝက်အတွင်း ဦးဇင်းတို့ ပြန်လာခဲ့ပါမယ်ဆိုပြီး စတိုးဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲခြောက် သွားဝယ်ရပါတယ်။

 အရေးထဲ ငွေမလောက်တာကို စတိုးဆိုင်ရှင်က တစ်ပြားမှ မလျှော့နိုင်ပါဘူးဆိုလို့ ဒုက္ခရောက်ရသေးတယ်။ ''တော်တော်ဆိုးတဲ့ ဒကာမကြီး''လို့ ဦးဇင်းတစ်ပါးကတောင် ညည်းယူပါတယ်။ ခေါက်ဆွဲခြောက်ထုပ် ထမ်းပေးဖို့ လိုက်လာတဲ့ ရေဘေးဒုက္ခသည်တွေက ကျွန်တော်တို့ ရေဘေးဒုက္ခသည်တွေပါ ဆိုပြီး လျှော့ပေး
ဖို့ ကူပြောတာလဲ အသည်းမာမာပဲ။ တစ်ပြားမှာ မလျှော့ဘူး။

နောက်ဆုံး နီးရာဆွဲလွဲ ငွေပြည့်အောင် စုပြီး ခေါက်ဆွဲခြောက် ၁၃၀၀ ဝယ်၊ မြရည်နန္ဒာ ညည ရပ်ကွက်က ရေဘေးဒုက္ခသည်တွေကို တစ်ယောက်တစ်ထုပ် ဝေလိုက်ရပါတယ်။

အောင်ပင်လယ်က စေတနာရှင် ဒါယကာ တစ်ဦးက သွားလာလှူဒါန်းဖို့ ကိုထွေး ကုသိုလ်ပြုထားတဲ့ ကားအတွက် ဒီနေ့ ဆီငါးဂါလံ လှူပါတယ်။

မြရည်နန္ဒာရပ်က ညည၇၅၊ ညည၇၆၊ ညည၇၈၊ ညည၇၉၊ ညည၈၀၊ ညည၈၁ စတဲ့ရပ်ကွက် အိမ်ထောင်စု ၃၇၇၊ လူဦးရေ ၁၂၇၃ ဦးအတွက် ဆန် အရေးပေါ် လိုနေပါတယ်။ ဆန် ၇ အိတ်ဆို လူ ၁၂၇၃ ဦးစာ ထမင်းထုပ် လောက်ပါတယ်။ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြစေလိုပါတယ်။
နက်ဖြန် မြရည်နန္ဒာ ဠ ရပ်ကွက်မှာ ဆေးခန်းဖွင့်ပါမယ်။ ခုံတွေ စားပွဲတွေကတော့ ဆွမ်းလောင်းအသင်းက စစ်ကိုင်းမှာ အရုဏ်ဆွမ်းကပ်ရင် သုံးစွဲတဲ့ စားပွဲတွေ ခုံတွေကိုပဲ သွားယူမယ်။ ပြည့်သူ့ဆေးရုံကြီးက လက်ထောက်ဆရာဝန် ဒေါ်အေးမာက ကုသိုလ်ပြု ကုသပေးပါမယ်။








0 comments:

Post a Comment