ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, March 21, 2011
သာသနာတော်နှစ် ၂၅၅၄ ခုကောဇာသက္ကရာဇ် ၁၃၇၂ခု တပေါင်းလပြည့်ကျော်(၂)ရက် ၂၁.၃.၂၀၁၁ တနင်္လာနေ့
ကိုနေမျိုးဦး (စင်ကာပူ) အလှူပွဲဖြစ်ပါသည်။
အရုဏ်ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူခြင်း
နေ့ဆွမ်းလောင်းလှူခြင်း
ဆွမ်း
ငါးဟင်း
ကုလားပဲနှပ်
အာလူးဟင်း
ပါလချောင်ကြော် တို့ဖြင့်
လောင်းလှူပေးခဲ့ပါသည်။
ဆွမ်းလောင်းလှူဒါန်းပြီး သီလရှင်အပါး (၁၀၀)တို့အား အရုဏ်ကြက်သားကြာဇံချက်ကပ်လှူခဲ့ပါသည်။
 
အလှူရှင်အတွက် နယာကဆရာတော်ဖြစ်သော မေတ္တာရှင်ရွှေပြည်သာဆရာတော်မှ အနုမောဒနာ ချီးမြင့်ပေးခဲ့ပါသည်။
 
ကိုယ်ပိုင်ပစ္စည်းနှင့်ဘုံဆိုင်ပစ္စည်း
   မလှူရ မတန်းရသေးသော ဥစ္စာပစ္စည်းမှန်သမျှကို ဘုံဆိုင်ပစ္စည်းဟုခေါ်၍ လှူပြီးတန်းပြီးသောပစ္စည်းမှန်သမျှကို ကိုယ်ပိုင်ပစ္စည်းဟုခေါ်သည်။
ဘုံဆိုင်(အများဆိုင်)ပစ္စည်းကို မီး၊ရေ၊မင်း၊ခိုးသူ၊အမွေခံဆိုးဟူသော ရန်သူမျိုးငါးပါး ဖျက်ဆီးနိုင်သည်။ မိမိသေသောအခါတွင်လည်း သံသရာသို့
တစ်ခုမှ မလိုက်ပါနိုင်။
   လှူပြီးသွားသော ဒါနကုသိုလ်ကိုကား ရန်သူမျိုးငါးပါးဖျက်ဆီး၍ မရသလို၊ မိမိသေသောအခါတွင်လည်း သံသရာသို့ လိုက်ပါနိုင်သည်။
ပညာမဲ့ လူမိုက်သည် ငွေကိုသာရှာသည်။ ကုသိုလ်ကိုမရှာ။ ပညာရှိသူတော်ကောင်းသည်ကား ငွေ၊ကုသိုလ် နှစ်မျိုးစလုံးရှာသည်။ ငွေသည်လူဘုံတစ်ဘုံ
သာ သုံးရပြီး၊ ကျန်ဘုံသုံးဆယ်တွင် သုံး၍ မရပေ။  ကုသိုလ်ကား (၃၁)ဘုံ အကုန်သုံး၍ ရကြောင်းကို ပညာရှိသူတော်ကောင်းများသာ နားလည်နိုင်သည်။
လူတစ်ရာတွင် ၉၉ ယောက်ကဆင်းရဲပြီး ကျန်တစ်ယောက်သာ ချမ်းသာသည်မှာ လူတစ်ရာတွင် (၉၉)ယောက်က ယူရတာကိုပျော်ပြီး၊ ကျန်တစ်ယောက်သာလှူရတာကို ပျော်သောကြောင့်တည်း။
 
                                                                                                                                                   အရှင်ဇ၀နမေတ္တာရှင်(ရွှေပြည်သာ)


5299372.jpg

5299375.jpg

5299766.jpg

5299385.jpg

5299386.jpg

5299388.jpg

5299423.jpg

5299426.jpg

5299430.jpg

5299447.jpg

5299454.jpg

5299468.jpg

5299464.jpg

5299459.jpg

5299470.jpg

5299501.jpg

5299749.jpg


5299498.jpg
 

မှတ်ချက် ။        ။ ကင်မရာ ချို့ယွင်းမှုကြောင့် ပုံများသေချာမပေါ်ခဲ့ခြင်းဖြစ်ခဲ့ပါသည်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

Post a Comment