ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Sunday, October 9, 2011

သာသနာတော်နှစ် ၂၅၅၅ ခုကောဇာသက္ကရာဇ် ၁၃၇၃ ခု သီတင်းကျွတ်လဆန်း (၁၁)ရက် စနေနေ့ မိခင်ဒေါ်တင်တင်လှိုင်အားအမှုးထား၍ သားမောင်ထွန်းထွန်းစိုး နှင့် ဓမ္မမိတ်ဆွေများ အလှူပွဲ အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကပ်

လှူခြင်းနှင့် ဆွမ်းလောင်းလှူခြင်း ဆွမ်း ကြက်သားဟင်း ကုလားပဲနှပ် ပဲတီချဉ်သုတ် ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါသည်။ အလှူရှင်များမှ သံဃာ အပါး ၃၀၀ နှင့်သီလရှင် အပါး ၃၀၀ တို့အား ဗလာစာအုပ်၊ ဘောပင် ဆပ်ပြာမှုန့် ဆပ်ပြာခဲ ခေါက်ဆွဲခြောက် ကော်ဖီမစ် ခေါင်းရိတ်ဓါး န၀ကမ္မ တစ်ပါးလျှင် ၂၀၀ ကျပ် စီလှူဒါန်းပေးခဲ့ကြပြီး အလှူရှင် တို့ ၏ဓမ္မမိတ်ဆွေများ ဖြစ်ကြသော ဦးဆန်းထွန်း+ဒေါ်အေး မိသားစုတိုမှလည်းသံဃာတစ်ပါးလျှင် န၀ကမ္မ ၅၀၀ ကျပ်စီလှူဒါန်းပေးခဲ့ကြပါသည်။ အလှူရှင်ဖြစ်ကြသော မိခင်ဒေါ်တင်တင်လှိုင်အားအမှုးထား၍ သား မောင်ထွန်းထွန်းစိုးနှင့်ဓမ္မမိတ်ဆွေများမှ ဆွမ်းလောင်းရာတွင် အဆင်ပြေစေရန် ယာယီမိုးကာတဲ ၂ လုံးလှူဒါန်းခဲ့ကြပါသည်။ အလှူရှင်များသည် သံဃာတော်များအား ဆွမ်းလောင်းလှူပြီးချိန်တွင် သီလရှင် အပါး (၃၀၀) တို့အား အရုဏ်ဆွမ်းကပ်လှူ၍ ဗလာစာအုပ်၊ ဘောပင် ဆပ်ပြာမှုန့် ဆပ်ပြာခဲ ခေါက်ဆွဲခြောက် ကော်ဖီမစ် ခေါင်းရိတ်ဓါး န၀ကမ္မ တစ်ပါးလျှင် ၂၀၀ ကျပ် စီလှူဒါန်းပေးခဲ့ကြပြီး အလှူရှင် တို့ ၏ဓမ္မမိတ်ဆွေများ ဖြစ်ကြသော ဦးဆန်းထွန်း+ဒေါ်အေး မိသားစုတိုမှလည်းသံဃာတစ်ပါးလျှင် န၀ကမ္မ ၅၀၀ ကျပ်စီလှူဒါန်းပေးခဲ့ကြပါသည်။ သီလရှင်များလှူဒါန်းမှုပြီးစီးချိန်တွင် ဆွမ်းလောင်းအသင်း နာယကဆရာတော် ဖြစ်တော်မူသော စစ်ကိုင်းတောင်ရိုးမြစကြာ ကျောင်းတိုက် ပဓါန နာယက ဆရာတော် အရှင် ဣန္ဒကာဘိဝံသ အရှင်သူမြတ်မှ ရေစက်ချအနုမောဒနာတရားချီးမြင့်ခဲ့ကြပါသည်။ အလှူရှင်များမှ ဆရာတော် အားန၀ကမ္မ ငါးသောင်းကျပ်နှင့်အတူ ဦးကောဝိဒ အား န၀ကမ္မ ငါးသောင်းကျပ်တို့အားလှူဒါန်းပြီး လှူဒါန်းမှုအစုစုအား ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြပါသည်။ သံဃာတော်များသပိတ်တင်ရန်စင်အခက်အခဲအတွက် ကိုသက်ညိုဝင်းအောင်+မခင်မို့မို့ဝင်း (မြတ်တော်ဝင်ရေယဉ်မိသားစုမှ) စတီးသပိတ်တင်ရန်စင် အားလှူဒါန်းခဲ့ပါသည်။ သပိတ် အလုံး (၄၀)အတွက်အဆင်ပြေပါသည်။ ဆက်လက်၍ သပိတ်တင်ရန်စင် များလိုအပ်လျှက်ရှိပါသည်။ တစ်ခုလျှင် နှစ်သိန်းငါးသောင်းကျပ်ကုန်ကျပါမည်။ မအေးဇာနွယ်စင်ကာပူ မှ စင်ကာပူဒေါ်လာ (၁၀၀)ကျပ်လှူဒါန်းထားပါသည်။ ယနေ့အထူးအစီအစဉ်အနေဖြင့် ယနေ့နံနက်လှူဒါန်းမှု ရေစက်ချလှူဒါန်းမှုများအား www.dhammavideo.com မှ ဓမ္မဒါနအဖြစ် www.mettashinfoundation.org ဆိုက် နှင့် http://www.myanmartube.net/live/154 လင့်တို့မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။ ပြန်လည်ကြည့်ရှုကြည်ညိုလိုသူများ http://www.myanmartube.net/live/1257 http://www.myanmartube.net/live/1262 စသည့်လင့်များတွင် ကြည်ညိုနိုင်ကြပါသည်။
6712481.jpg 6712485.jpg 6712483.jpg 6712484.jpg 6712487.jpg 6712488.jpg 6712489.jpg 6712491.jpg 6712506.jpg 6712520.jpg 6712521.jpg 6712522.jpg 6712523.jpg 6712524.jpg 6712527.jpg 6712526.jpg 6712528.jpg 6712532.jpg 6712535.jpg 6712680.jpg 6712539.jpg 6712540.jpg 6712605.jpg 6712610.jpg 6712611.jpg 6712612.jpg 6712613.jpg 6712682.jpg 6712687.jpg 6712623.jpg 6718931.jpg 6718876.jpg 6718877.jpg 6718919.jpg 6718879.jpg 6719051.jpg 6718880.jpg 6718930.jpg 6719012.jpg 6718905.jpg 6718914.jpg 6718906.jpg 6718907.jpg 6719037.jpg အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

Post a Comment