ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, November 7, 2011
6908658.jpg

ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်းရှိ ရေဘေးသင့် ပြည်သူများဆီသို့ ရေဘေးထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခြင်းကို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ လမ်းညွှန်မှုဖြင့် မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့(စစ်ကိုင်း)မှ ဦးဇင်းဦးကောဝိဒ ဦးဆောင်၍ မေတ္တရှင်ဖောင်ဒေးရှင်း အဖွဲ့(မူဆယ်) တို့သည် ထောက်ပံ့ရေး ပစ္စည်းများဖြင့် ပခုက္ကူမြို့သို့ ရောက်ရှိကြပြီးနောက် ပခုက္ကူမြို့နယ် ကမ္မရွာအနောက်ဘက် ဂျိုးပျံ ကျေးတွင် ခေတ္တ စခန်းချ ထားခဲ့ပြီးနောက် ခရီးသွားလာရေး ခက်ခဲသောကြောင့် ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိမှုနည်းပါးသော ကျေးရွာများသို့ သွားရောက်လှူဒါန်းရန်အတွက် စုံစမ်းခဲ့ပါသည်။ နောက်နေ့တွင် ခရီးသွားလာရန် အလွန်ခက်ခဲသော ပခုက္ကူမြို့နယ်အဆုံး ဂဝံလေးတိုင် ကျေးရွာ နှင့် ပေါက်မြို့နယ် အဆုံး ကျွန်းရင်း ကျေးရွာ များသို့ ခက်ခဲကြမ်းတမ်းသော တောတောင်တွေကြားရှိ လမ်းများကို ဖြတ်သန်းပြီး ဂဝံလေးတိုင်ကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရွာမှတဆင့် လှေများဖြင့် ယောချောင်းကို ဖြတ်သန်းပြီးနောက် ကျွန်းရင်းကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရှိ ရေဘေးသင့် ပြည်သူများအားလုံးတို့နှင့် ထိုရွာရှိ အိမ်ထောင်စုဝင်အားလုံးတို့အား အဝတ်အထည်များ၊ ဆောင်များ၊ ဇလုံပန်းကန်ဇွန်း၊သောက်ရေခွက်များ၊ ဆန်၊ ဆီ များနှင့် အလှူငွေတို့ ဖြင့် ကာယကံမြောက် ပေးဝေ လှူဒါန်းခဲ့ကြပါသည်။ မူဆယ်မြို့ရှိ "လမင်းအိမ်"စာပေမှ ကျွန်းရင်းရွာ ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေ ဆယ်သိန်းကျပ်၊ ကာယကံမေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့(မူဆယ်)မှ အလှူငွေကျပ် ဆယ်သိန်း၊ မေတ္တာရှင်ဖောင်ဒေးရှင်းမှ ဦးကောဝိဒမှ အလှူငွေတစ်သိန်းကျပ်နှင့် ယော ချောင်းကိုဖြတ်သန်းသွားလာရန်ခက်ခဲသောကြောင့် အဆင်ပြေစေရန်အတွက် "လှေ"ဝယ်ရန်အတွက် လေးသိန်းကျပ်တိတိ၊ ထို့အပြင် ဘုန်းတော်ကြီးကျောင်းအတွက် ဆိုင်ကယ် တစ်စီးတို့ကိုလည်း လှူဒါန်း ပေးခဲ့ပါသည်။

ထိုနေ့ညနေပိုင်းတွင် ဂဝံလေးတိုင် ကျေးရွာသို့လည်း ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများကို ကာယကံမြောက်ပေးဝေ လှူဒါန်းကြပြီးနောက် ထိုကျေးရွာမှတစ်ဆင့် တခြား သွားလာရခက်ခဲသော ကျေးရွာများသို့လည်း သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများကိုပေးဝေ လှူဒါန်းခဲ့ကြပါသည်။ ဦးကောဝိဒ ဦးဆောင်သော မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ တို့သည် ဂျိုးပျံ ကျေးရွာတွင် ယာယီစခန်းချ ၍ ထိုကျေးရွာမှတဆင့် ရေဘေးကယ်ဆယ်ရေးအတွက် ထောက်ပံ့ရေး ပစ္စည်းများနှင့် အလှူငွေကို ရေဘေးသင့် ကျေးရွာများသို့ နေ့စဉ် သွားရောက်လှူဒါန်းခဲ့ပါသည်။
6908612.jpg 6908614.jpg 6908615.jpg 6908624.jpg 6908622.jpg 6908637.jpg 6908625.jpg 6908626.jpg 6908629.jpg 6908632.jpg 6908634.jpg 6908636.jpg 6908639.jpg 6908641.jpg 6908644.jpg 6908648.jpg 6908649.jpg 6908650.jpg 6908653.jpg 6908654.jpg 6908657.jpg 6908659.jpg 6908673.jpg

0 comments:

Post a Comment