ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, January 2, 2012
သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် (၁၃၇၃)ခု ပြာသိုလဆန်း(၉)ရက် တနင်္လာနေ့ ၂.၁.၂၀၁၂ အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခြင်း နှင့် ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင် ကွယ်လွန်သူ ဒေါ်တင်မာမြင့် (DORA)(စင်္ကာပူ) ၄နှစ်ပြည့်အား ရည်စူး၍ ခင်ပွန်း-ဦးခင်မောင်ကြူ ၊ သမီး- မသိမ့်သော်တာထက်(Sara) တို့၏အလှူပွဲဖြစ်ပါသည်။ နံနက်အရုဏ်တက်ချိန်တွင်သံဃာတော်အရှင်သုမြတ်တို့အား အရုဏ်ဆွမ်းအဖြစ် ကြက်သားကြာဇံချက်ဆွမ်းကပ်လှူပေးခဲ့ပါသည်။ အရုဏ်ကပ်လှူပြီးချိန်တွင် သံဃာတော်အရှင်သူမြတ်တို့ နေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်စေရန်အတွက် ဆွမ်း ကြက်သားဟင်း ကုလားပဲနှပ် သရက်ချဉ်သုတ် ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါသည်။ အလှူရှင်မိသားစုတို့အားလုံး သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းတည်းဟူသော အဟာရဒါနကုသိုလ်ပြုရသော ကောင်းမှုကံစေတနာတို့ကြောင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ သာသနာအကျိုး၊လောကအကျိုးများသယ်ပိုးဆောင်ရွက်နိုင်ပါစေ ရန်ဆွမ်းလောင်းအသင်းမှ သံဃာတော်များကိုယ်စား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ယနေ့ပြုသမျှကုသိုလ်ကောင်းမှုအဖို့ဘာဂကို ကွယ်လွန်သူ ဒေါ်တင်မာမြင့် ရောက်ရာဘုံဘ၀မှ သာဓုခေါ်ဆိုနိုင်ပါစေရန်အမျှကုသိုလ်ပေးဝေလိုက်ပါသည်။ အမျှ....အမျှ.....အမျှ.....ယူတော်မူကြပါကုန်လော့.. သာဓု....သာဓု.......သာဓု..... အမျှ....အမျှ.....အမျှ.....ယူတော်မူကြပါကုန်လော့.. သာဓု....သာဓု.......သာဓု..... အမျှ....အမျှ.....အမျှ.....ယူတော်မူကြပါကုန်လော့.. သာဓု....သာဓု.......သာဓု..... အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

Post a Comment