ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Thursday, March 8, 2012
ယနေ့သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ခု တပေါင်းလပြည့်ကျော် (၁)ရက် ကြာသာပတေးနေ့၈.၃.၂၀၁၂ အရုဏ် ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခြင်းနှင့်ဆွမ်းလောင်းလှူခြင်းကုသိုလ်ရှင် ကိုခင်မောင်အေး+မတင်ညိုလင်း မိသားစု(စင်္ကာပူ) မှဖြစ်ကြပါသည်။ အလှူရှင် ကိုခင်မောင်အေး+မတင်ညိုလင်း မိသားစု(စင်္ကာပူ) တို့သည်ယနေ့သံဃာတော်များ တစ်နေ့တာ ပရိယတ္တိ၊ပရိပတ္တိတာဝန်များထမ်းဆောင်နိုင်ရန်အတွက် ဆွမ်းတည်းဟူသော အဟာရဒါနကို လှူဒါန်းခဲ့ကြပါသည်။ ရန်သူမျိုးငါးပါးမဖျက်စီးနိုင်သော ကုသိုလ်ဘဏ်တိုက်တွင် ၃၁ တွင်မည်သည့်ဘုံဖြစ်စေ အသုံပြုနိုင်သော ကုသိုလ်ဥစ္စာကိုအပ်နှံခဲ့ကြပါသည်။ သံဃာတော်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက် ဆွမ်း ကြက်သားဟင်း သရက်ချဉ်သုတ် ပါလချောင်ကြော် စသည့်ဟင်းလျာများကိုလည်း လောင်းလှူကုသိုလ်ယူခဲ့ကြပါသည်။

ကမ္ဘာပျက်သည်အထိရှိနေမည့်ဘဏ်

အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသောနိုင်ငံများရှိ ဘဏ်များသည် အာမခံ မည်မျှပေးပေး ကမ္ဘာပျက်ပါက အတူတူလိုက်ပျက်ရမည့် ဘဏ်များသာ ဖြစ်သည်။ ဒါနဘဏ်တိုက်၌ အပ်ထားသော ကုသိုလ်ဥစ္စာများကား ကမ္ဘာ ပျက်သော်လည်း မပျက်ပေ။ သံသရာတလျှောက် ကုသိုလ်ပြုထားသူ နောက်သို့ တကောက်ကောက်လိုက်၍ ကောင်ကျိုးပေးနေမည်သာဖြစ်သည်။ ကျွန်ုပ်သည် အသက် နှစ်ဆယ်အရွယ် စာသင်သားဘ၀က ၀က်သားဟင်း တခွက်ကို စာသင်သားတစ်ပါးအား လှူဒါန်းပြီး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကို အပ်နှံခဲ့သည်။ ထိုကုသိုလ် ဥစ္စာများသည် ယခု အသက် ၄၇ နှစ်တိုင်အောင်သုံး၍ မကုန်တော့ပေ။ ၁၃၇၃ခုနှစ် သင်္ကြန်တွင်း တရားစခန်း၌ ယောဂီ သုံးထောင့်တစ်ရာကျော် ၀င်ရောက်အားထုတ်ခဲ့သည်။ ထိုယောဂီများအတွက် ခုနှစ်ရက်စာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကို အလှူမခံဘဲ သူ့အလိုလိုလာလှူကြသည်။ ဂျပန်နိုင်ငံ၌ ဆူနာမီ ရေလှိုင်းများဝင်ရောက်ခဲ့ရာ မြို့ကြီးနှစ်မြို့ ကွယ်ပျောက်ပျက်စီးခဲ့ရသည်။ မလှူရ မတန်းရသေးသော ဥစ္စာစည်းစိမ် တိုက်တာခြံမြေအားလုံး ရေလှိုင်းတွေထဲ ပါသွားခဲ့သော်လည်း ဂျပန်လူမျိုးများ ပြုထားသည့် ကုသိုလ်ဥစ္စာများသည်ကား မပျက်မစီး ထာဝရတည်မြဲလျှက် ရှိသည်။ ထို့ကြောင့် သံဃာများကို ဆွမ်းလောင်းလှူခြင်းဖြင့် စိတ်ချရဆုံး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကို အပ်နှံသင့်ကြ ပေသည်

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

Post a Comment