ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Sunday, March 18, 2012
Inline image 1 Inline image 4 Inline image 2 Inline image 5 Inline image 6 Inline image 7 Inline image 8 Inline image 9 Inline image 10 Inline image 11Inline image 12 Inline image 3 သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ခု တပေါင်းလပြည့်ကျော် ၁၁ ရက် ၁၈.၃.၂၀၁၂ တနင်္ဂနွေနေ့ အရုဏ် မုန့်ဟင်းခါးဆွမ်းကပ်လှူခြင်းနှင့် ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင် ကွယ်လွန်သူ ဦးငွေစိုး+ဒေါ်တင်တင်ရီ တို့အား ရည်စူး၍ ကိုနိုင်+မကေသီ ၊သား-စောစေထူးသာ၊သမီး- ထူးတင့်ချိုသာ မိသားစု (မအူပင်)မှ သား-စောစေထူးသာ ၏ မွေးနေ့အလှူ။ ဖြစ်ပါသည်။ သံဃာတော်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက် ဆွမ်း ငါးကြော် ကုလားပဲနှပ် ပဲတီချဉ်သုတ် ပါလချောင်ကြော်တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။ ယနေ့ ဒါယိကာမကြီးမကေသီနှင့်ဒါယကာကိုနိုင်တို့မိသားစုသည် ကိုယ်ပိုင်ပစ္စည်းအဖြစ် သံဃာတော်များကို တစ်နေ့တာ ဆွမ်းကပ်လှူခဲ့ပါသည်။ ကိုယ်ပိုင်ပစ္စည်းဆိုသည်မှာ လှူဒါန်းထားသော ပစ္စည်းမှန်သမျှသည် ကိုယ်ပိုင်ပစ္စည်းများဖြစ်ပါသည်။ လှူဒါန်းထားသောယနေ့ သံဃာတော်များ ကိုတစ်နေ့တာ ဆွမ်းလှူဒါန်း လှူဒါန်းထားသော ကိုသိုလ်သည် ရန်သူမျိုးငါးပါးမဖျက်စီးနိုင်သဖြင့် ကိုယ်လုံးဝပိုင်ဆိုင်သွားပါသည်။ မလှူဒါန်းရသေးသောပစ္စည်းများသည် အချိန်မရွေး ရေကြီးနိုင်ခြင်း၊မီးလောင်နိုင်ခြင်း၊မင်းမှ ဖျက်စီးနိုင်ခြင်း၊ သူခိုးခိုးယူနိုင်ခြင်း၊ အမွေခံသားဆိုး သမီးဆိုးတို့ကြောင့် ကုန်ခန်းနိုင်ခြင်း စသည်အားဖြင့် ပျက်စီးနိုင်ပါသည်။ ယနေ့ဆောင်ရွက်သောကုသိုလ်လုပ်ငန်းသည်ကား မည်သည် ရန်သူမှလာရောက်မဖျက်စီးနိုင်ခဲ့ပေ။ ထို့ကြောင့် အလှူရှင်များ ယနေ့ ကမ္ဘာပျက်သည်အထိရှိနေမည့် ဘဏ်တိုက်တွင် ကိုယ်ပိုင်ပစ္စည်းများကို အပ်နှံရသော ကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ သာသနာအကျိုး၊လောကကောင်းကျိုးများသယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆွမ်းလောင်းအသင်းမှဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ Inline image 13Inline image 14

0 comments:

Post a Comment