ဓမ္မစာမျက်နှာများ
ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
ဆက်သွယ်လှူတန်းရန်
ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
Total Pageviews
လစဉ်အလှူရှင်
ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.
Labels
- ကထိန် (6)
- စစ်ကိုင်းဆွမ်းလောင်းအသင်း (11)
- ဆွမ်းအလှူရှင်များစာရင်း။ (6)
- ဆွမ်းလောင်းအသင်း (69)
- ဆွမ်းလောင်းအသင်း နှစ်ပတ်လည်အလှူရှင်မှတ်တမ်း (2)
- တစ်ဦးချင်းအလှူများ (172)
- တစ်ဦးခြင်းလှူဒါန်းမှုများ (81)
- တနင်္လာနေ့ ဆွမ်းလောင်းလှူခြင်းများ (183)
- တရားစခန်းဝင်ခြင်း (2)
- မြရတနာအလှူများ. (5)
- ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များမှတ်တမ်း (1)
- လစဉ်ဆွမ်းအလှူရှင်များစာရင်း (2)
- လှူတန်းမှုများ (25)
- လှူတန်းနိုင်သော ပစ္စည်းများ (2)
- အကျိုးတော်ဆောင်များ (1)
- အခါကြီးရက်ကြီး ဆွမ်းလောင်းလှူခြင်းများ (8)
- အလှူ (7)
- အလှူရှင်များ (1)
- အလှူရှင်များစာရင်း (8)
- အလှူရှင်များစာရင်း။ (3)
- အထွေထွေလုပ်ဆောင်ချက်များ (3)
- ကျေးဇူးတင်ဂုဏ်ပြုလွှာ (2)
- ဆောင်းပါး (1)
- မေတ္တာပွားများခြင်း (1)
- မေတ္တာရှင်ဆရာတော် (3)
- ရေအလှူ (3)
Followers
Blog Archive
ဧည့်မှတ်တမ်း
ဆရာတော်ကြီးများ
Wednesday, August 8, 2012
သာသနာတော်နှစ် ၂၅၅၆ ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု ဒုတိယ၀ါဆိုလပြည့်ကျော် (၆)ရက် အင်္ဂါနေ့ ၇.၈.၂၀၁၂
ကွယ်လွန်သူဖခင်ကြီးအားရည်စူး၍ ကိုငယ်လေး(စင်္ကာပူ) မှ ၀ါဆိုသင်္ကန်းကပ်လှူ
အရုဏ် ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခြင်း နှင့်
သံဃာတော်အရှင်သူမြတ်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
အစိမ်းကြော်
သရက်ချဉ်သုတ်
ပါလချောင်ကြော်
စသည့်ဟင်းလျာများဖြင့်လောင်းလှူကုသိုလ်ယူခဲ့ပါသည်။ အလှူရှင်
ကိုငယ်လေး (စင်္ကာပူ)မှ လှူဒါန်းကုသိုလ်ယူခဲ့ပါသည်။
ကိုငယ်လေး(စင်္ကာပူ)မှ သံဃာတော်အရှင်သူမြတ် (၅)ပါးအား
ဝါဆိုသင်္ကန်း (ဘိုမမာတင်သင်္ကန်း) (၅)စုံနှင့်
သီလရှင်ဆရာလေး (၅)ပါးအတွက်
သီလရှင်ဝတ်စုံ(၅)စုံလှူဒါန်းခဲ့ပါသည်။
ကိုဒဲရယ်+မနန်း မိသားစုမှလည်း
ရာသက်ပန်ဆွမ်းပဒေသာပင် အတွက် ငါးသောင်းကျပ်လှူဒါန်းခဲ့ပြီး
သံဃာတော်အရှင်သူမြတ် (၅)ပါးအတွက်
ဝါဆိုသင်္ကန်း (ဘိုမမာတင်သင်္ကန်း) (၅)စုံ
သီလရှင်ဝတ်စုံ (၅)စုံ တို့ကိုလှူဒါန်းခဲ့ကြပါသည်။
ကိုဟန်မင်းဇော် မှလည်းဝါဆိုသင်္ကန်း(ဘိုမမာတင်သင်္ကန်း) တစ်စုံလှူဒါန်းခဲ့ပါသည်။
မဦးမှ သီလရှင်ဆရာလေးဝတ်စုံ (၁)စုံလှူဒါန်းကုသိုလ်ယူခဲ့ပါသည်။
ကိုစိုးမိုးဝင်းနှင့်မစိုးပြည့်သန္တာထွန်း သံဃာတော်အရှင်သူမြတ်များအတွက် ၀ါဆိုသင်္ကန်း (ဘိုမမာတင်သင်္ကန်း) (၃)စုံ နှင့် သီလရှင်ဆရာလေးများအတွက် သီလရှင်ဝတ်စုံ(၃)စုံလှူဒါန်းခဲ့ကြပါသည်။
ယနေ့အရုဏ်ဆွမ်းအလှူရှင်နှင့် နေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက် ဆွမ်းလောင်း လှူဒါန်းကြသော ကိုငယ်လေး(စင်္ကာပူ)နှင့် အလှူရှင်များအားလုံး သံဃာတော်အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းများ၊သီလရှင်ဆရာလေးများအားသီလရှင်ဝတ်စုံများလောင်းလှူကြရသော ကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံပြီး သာသနာ အကျိုးလောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ၀ဿဝါသိကစီဝရလို့ ခေါ်ပါတယ်။
တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ၀ိသာခါ ဒါယိကမကြီးရဲ့ တောင်းဆိုချက်ကြောင့်
မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ၀ါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့
ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ၀ါမဆိုခင်ရော ၀ါဆိုနေတဲ့ ၀ါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။
ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။
ဝါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ၀ါမဆိုခင်ရော ၀ါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။
များသောအားဖြင့် ၀ါမဆိုခင်မှာ လှူကြတာများပါတယ်။
အဲဒါမှ ၀ါတွင်းမှာ ဒီသင်္ကန်းကို ၀တ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
မှတ်ချက်။ ။ ကော်နက်ရှင်အခက်အခဲကြောင့် ဓါတ်ပုံများတစ်ရက်နောက်ကျခဲ့ပါသည်။ ယခုရသလောက်ပုံများတင်ပေးထားပါသည်။
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment