ဓမ္မစာမျက်နှာများ
ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
ဆက်သွယ်လှူတန်းရန်
ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
Total Pageviews
လစဉ်အလှူရှင်
ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.
Labels
- ကထိန် (6)
- စစ်ကိုင်းဆွမ်းလောင်းအသင်း (11)
- ဆွမ်းအလှူရှင်များစာရင်း။ (6)
- ဆွမ်းလောင်းအသင်း (69)
- ဆွမ်းလောင်းအသင်း နှစ်ပတ်လည်အလှူရှင်မှတ်တမ်း (2)
- တစ်ဦးချင်းအလှူများ (172)
- တစ်ဦးခြင်းလှူဒါန်းမှုများ (81)
- တနင်္လာနေ့ ဆွမ်းလောင်းလှူခြင်းများ (183)
- တရားစခန်းဝင်ခြင်း (2)
- မြရတနာအလှူများ. (5)
- ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များမှတ်တမ်း (1)
- လစဉ်ဆွမ်းအလှူရှင်များစာရင်း (2)
- လှူတန်းမှုများ (25)
- လှူတန်းနိုင်သော ပစ္စည်းများ (2)
- အကျိုးတော်ဆောင်များ (1)
- အခါကြီးရက်ကြီး ဆွမ်းလောင်းလှူခြင်းများ (8)
- အလှူ (7)
- အလှူရှင်များ (1)
- အလှူရှင်များစာရင်း (8)
- အလှူရှင်များစာရင်း။ (3)
- အထွေထွေလုပ်ဆောင်ချက်များ (3)
- ကျေးဇူးတင်ဂုဏ်ပြုလွှာ (2)
- ဆောင်းပါး (1)
- မေတ္တာပွားများခြင်း (1)
- မေတ္တာရှင်ဆရာတော် (3)
- ရေအလှူ (3)
Followers
Blog Archive
ဧည့်မှတ်တမ်း
ဆရာတော်ကြီးများ
Saturday, September 1, 2012
သာသနာတော်နှစ် ၂၅၅၆ ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု ၀ါခေါင်လဆန်း (၁၅)ရက် စနေနေ့ ၁.၉.၂၀၁၂ မေတ္တာအခါတော်နေ့
ဦးမောင်မောင်သန်း+ဒေါ်ဥမ္မာဟိန်း ၊သား-မောင်ဥဂ္ဂါမင်း(ပါရမီ၊ရန်ကုန်) မှ
နံနက်အရုဏ်တက်ချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းအဖြစ် ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူခဲ့ပါသည်။
ဦးမောင်မောင်သန်း+ဒေါ်ဥမ္မာဟိန်း ၊သား-မောင်ဥဂ္ဂါမင်း(ပါရမီ၊ရန်ကုန်)
သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းကပ်လှူရသော ကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့်ဆွမ်းအကျိုးငါးပါးပြည့်စုံ၍
စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ သာသနာအကျိုး၊လောကကောင်းကျိုးများသယ်ပိုးဆောင်ရွက်နိုင်ကြပါစေ
မေတ္တာသုတ် ပါဠိ
ယဿာ နုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိစေ၀ါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ ' မ တန္ဒိတော။
သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
ကရဏီယ မတ္ထ ကုသလေန၊ ယန္တ သန္တံ ပဒံ အဘိ သမေစ္စ။
သက္ကော ဥဇူ စ သုဟု ဇူ စ၊ သုဝစော စဿ မုဒု အနတိမာနိ။
သန္တုဿကော စ သုဘရော စ၊ အပ္ပ ကိစ္စော စ သလ' ဟုက ၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပ ဂဗ္ဘော ကုလေသွ ' န နုဂိဒ္ဓေါ။
န စ ခုဒ္ဒ ' မာစရေ ကိဉ္စိ၊ ယေန ၀ိညူပရေ ဥပ၀ဒေယျုံ။
သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀ သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုက ထူလာ။
ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည ၊ နာညမညဿ ဒုက္ခ ' မိစ္ဆေယျ ။
မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ ' မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ'မသပတ္တံ။
တိဋ္ဌံစရံ နိသိန္နောဝ၊ သယာနော ယာဝတာ'ဿ ၀ိတမိဒ္ဓေါ။
ဧတံသတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ'မေတံ ၀ိဟာရ မိဓ'မာဟု။
ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
န-ဟိ ဇာတုဂ္ဂဗ္ဘ သေယျ ပုန ရေတိ။
မေတ္တ သုတ္တံ နိဋ္ဌိတံ။
မေတ္တာသုတ် မြန်မာပြန်
မေတ္တာ သုတ်တော် သည် ခုဒ္ဒက နိကာယ်၊ ခုဒ္ဒကပါဌ ပါဠိတော် နှင့် သုတ္တ နိပါတ်ပါဠိတော် မှ ဖြစ်ပါသည်။ မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်။
မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြ၀ံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။
ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာ သုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။
လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေးချမ်း သော နိဗ္ဗာန်ကိုအာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ် ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ်သဘော ထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။
ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏၊ အရာရာ ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော Óဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရာ။
ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစ်စုံတစ်ခုသော မကောင်းမှုကို အနည်း ငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တ၀ါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။
အကြွင်းမရှိ အလုံးစုံ ထွက်သက် ၀င်သက်ရှိသော သတ္တ၀ါ၊ ထင်ရှားရှိသော သတ္တ၀ါ၊ ထိတ်လန့်တတ်သော သတ္တ၀ါ၊ တည်ကြည်ငြိမ်သက်သော သတ္တ၀ါ၊ရှည်သော သတ္တ၀ါ၊ တိုသော သတ္တ၀ါ၊ ပုကွသော သတ္တ၀ါ၊ မတိုမရှည်သော သတ္တ၀ါ၊ ကြီးသော သတ္တ၀ါ၊ ငယ်သော သတ္တ၀ါ၊ မကြီးမငယ်သော သတ္တ၀ါ၊ ဆူသော သတ္တ၀ါ၊ ကြုံ့သော သတ္တ၀ါ၊ မဆူမကြုံ့သော သတ္တ၀ါ။
မျက်စိဖြင့် မြင်ကောင်းသော သတ္တ၀ါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တ၀ါ၊ အဝေး၌နေသော သတ္တ၀ါ၊ အနီး၌နေသော သတ္တ၀ါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တ၀ါ၊ ဖြစ်ဆဲတည်နေသော သတ္တ၀ါ၊ ဤအလုံးစုံသော သတ္တ၀ါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။
တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ၀စီကံဖြင့်လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုး ထားသော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။
အမိသည် မိမိရင်သွေးဖြစ်သော တစ်ဦးတည်းသောသားငယ်ကို အသက် အတွက်ကြောင့် အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်း သောသတ္တ၀ါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။
ကာမဘ၀တည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘ၀တည်း ဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘ၀တည်းဟူသော အထက် လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်း ခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန်လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။
ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ် သော်လည်းကောင်း၊ လဲလျောင်းနေစဉ်သော်လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလ ပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့်ယှဉ်၍ နေထိုင်ခြင်းကို ]]မြတ်သော နေထိုင်ခြင်း}} ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။
မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာ ဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ၀တ္ထုကာမ ကိလေသာကာမတို့၌ တပ်မက် မောခြင်းကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ။
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment