ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Sunday, September 30, 2012
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု  တော်သလင်းလပြည့်နေ့  ဂရုဓမ္မ အခါတော်နေ့ 
30.9.2012 တနင်္ဂနွေနေ့

နံနက်အရုဏ်တက်ချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား

အလှူရှင် မခင်ငြိမ်းချမ်းဦး (မလေးရှား)မှ  ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူပေးခဲ့ပါသည်။

ရာသက်ပန်ဆွမ်းပဒေသာပင်အလှူရှင်များမှ
သံဃာတော်အရှင်သူမြတ်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ပဲလုံး 
မုံညင်းချဉ်သုတ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူကုသိုလ်ယူခဲ့ပသည်။

ယနေ့ မိုးများအလွန်ရွာသွန်းရာ စတီးရာဇမတ်အလှူရှင်များကောင်းမှုဖြင့် မိုးလုံခြုံစွာ လောင်းလှူနိုင်ခဲ့ပြီး။
မော်တော်ယဉ်အလှူရှင်များလှူဒါန်းထားသောမော်တော်ယဉ်ဖြင့် ကျောင်းတိုက်များသို့ လိုက်ခံပို့ဆောင်ကုသိုလ်ယူပေးခဲ့ပါသည်။

လစဉ်မော်တော်ကား ဆီနှင့်အထွေထွေသုံးစားရိတ်အလှူရှင်များ
၁.မအင်ကြင်းသန့်(စင်္ကာပူ) S$10
၂.မခင်ကလျာစိုး(စင်္ကာပူ) S$10
၃.ZYL & KPS(စင်္ကာပူ) Dec 2012 ထိလှုပြီး
၎.ကိုမင်းသူရိန်+မသဇင် မိသားစု(စင်္ကာပူ) S$10
၅.ကိုစိုးနိုင်ဝင်း+မလဲ့လဲ့နှင်း(ရွှေဘို) S$10
၆.ကိုဖိုးကျော်+မမီးငယ်(စင်္ကာပူ)ကိုကျော်ကိုသက်+မလဲ့ဝတ်ရည်မြင့် S$10
၇.ဦးအောင်သိန်း+ဒေါ်မြင့်မြင့်ဦး မိသားစု(စင်္ကာပူ) S$10
၈.ဦးအောင်စိုး+ဒေါ်ခင်ထားအေး မိသားစု(စင်္ကာပူ) S$10
၉.ကိုဇော်ဝင်းထွဋ်+မနှင်းယုယုဝင်း၊သမီးလေး-အေးချမ်းပွင့်ဖြူ မိသားစု(စင်္ကာပူ) S$10
၁၀.ဗိုလ်ကြီးဥာဏ်ဝင်းထွန်း+မအေးသန္တာထွန်း(စင်္ကာပူ) S$10
၁၁.ကိုအောင်စေမင်း+မသင်းလဲ့ရီမောင်(စင်္ကာပူ) S$50
၁၂.ကိုထင်အောင်စိုး+မလဲ့လဲ့ဝင်း(စင်္ကာပူ) S$10
၁၃.မမေဖုန်းသော်(စင်္ကာပူ) S$10
၁၄.ဦးအောင်သာကျော်+ ဒေါ်သန်းသန်းဆွေ (စင်္ကာပူ) S$10
၁၅.ကိုဇော်ဝင်းမြင့် + မတင်ဇာပိုင် မိသားစု (စင်္ကာပူ) S$10
၁၆.မမိုးမိုးနိုင်(USA) ၂၀၀၀၀ ကျပ်
၁၇.ကွယ်လွန်သူဖခင်ကြီးဦးကံသိမ်းအားရည်စူး၍ ကျန်ရစ်သူမိသားစု၏အလှူ(ရန်ကုန်) ၆၅၀၀ ကျပ်

----------------------------------

တော်သလင်းလပြည့်နေ့ အတွက် မှတ်သားဖွယ်
 မြတ်စွာဘုရား နုစဉ် အခါက အိန္ဒိယနိုင်ငံ ကုရုတိုင်းမှာ နေထိုင်ကြတဲ့သူတွေဟာ လူတိုင်းကိုယ်စီ ငါးပါးသီလကို လုံခြုံ အောင် စောင့်ထိန်းကြတဲ့ အတွက်
 သူတို့ တိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကပ်ကြီး သုံးပါး ဘေးကလွတ်မြောက် နေကြ ပါတယ်။ ကုရုတိုင်းမှာ မိုးလေ၀သ ညီညီမျှမျှ ရွာသွန်းနေချိန်မှာ
ကာလိင်္ဂ တိုင်းမှာတော့ မိုးခေါင်ပြီး ကပ်ကြီး ၃ပါး ဆိုက်ကပ်နေလို့ လူရော တိရစ္ဆာန်ပါ ဒုက္ခရောက်ကြရ ပါတယ်။ ရှေးမင်းတွေ ထုံးစံ အရ မိုးရွာအောင်
အလှူပေးပြီး ဘုရင်ကိုယ်တိုင် ဥပုသ်ဆောင် ၀င်ပြီး ဥပုသ် သီလ ဆောက်တည်ပေမယ့် မိုးက မရွာဘဲ နေပါတယ်။

ကုရုတိုင်းမှာ မိုးရွာနေတာဟာ အဉ္စန၀ဏ္ဏ ဆင်တော်ကြီး ရှိလို့ မိုးရွာတာပဲလို့ အယူရှိကြပြီး အဲဒီဆင်ကြီးကို ရရှိအောင် ကိုယ်စား လှယ် လွှတ်ပြီး ရွှေနဲ့လဲပါလို့
 တောင်းဆိုပါတယ်။ ဒီတော့ ကုရုဘုရင်က စာနာ ထောက်ထားပြီး သင်တို့ တိုင်းပြည်မှာ မိုးရွာ မယ် ဆိုရင် ငါ၏ ဆင်တော်ကြီးကို ရွှေနဲ့ မလဲဘဲ အခမဲ့ မေတ္တာလက်ဆောင်
 ပေးပါမယ် ဆိုပြီး ပေးလိုက်ပါတယ်။ ဆင်ကြီး ရောက်တော့လဲ ကာလိင်္ဂ တိုင်းမှာ မိုးက မရွာဘဲ ခေါင်မြဲ ခေါင်နေပါတယ်။

ဒီတော့ မိုးမရွာတာဟာ ဆင်နဲ့ ဘာမှ မပတ်သက်ဘူး။ သူတို့ တိုင်းသူပြည်သားတွေ ကျင့်သုံးတဲ့ ကုရုဓမ္မ ကြောင့်သာ ဖြစ်တယ် လို့ သဘောပေါက်ပြီး အဲဒီ တရားကို
ရွှေပြားပေါ်မှာ ကူးယူခဲ့ရမယ်လို့ ကိုယ်စားလှယ်တော် ကြီးများကို ထပ်မံ စေလွှတ် ပြန်ပါ တယ်။ ကုရုတိုင်းမှာ တတိုင်းတပြည်လုံး ငါးပါးသီလ မြဲကြတဲ့ အနက်
၁။ ဘုရင်
၂။ မယ်တော်ကြီး
၃။ မိဖုရားကြီး
၎။ အိမ်ရှေ့မင်း
၅။ ပုရောဟိတ်ကြီး
၆။ မြေတိုင်းအမတ်
၇။ ရထားထိန်း
၈။ လယ်ပိုင်ရှင်ကြီး
၉။ တံခါးမှူးနဲ့
၁၀။ ပြည့်တန်ဆာမ တို့ ဆယ့်တစ်ဦးဟာ ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြတဲ့ အတွက် သူတို့ ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီး တောင်းလာခဲ့ပါတယ်။
ကုရုဓမ္မလို့ ခေါ်တဲ့ ငါးပါးသီလကို ရှင်ဘုရင်က စပြီး တတိုင်းပြည်လုံးကျင့်သုံး ကြတဲ့ အခါမှာ မိုးရွာသွန်းပြီး ကာလိင်္ဂ တတိုင်းလုံး ကပ်ကြီး ၃ပါးက လွတ်ကင်းပြီး သာယာ ၀ပြောတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာ ဖြစ်လို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ (ငါးပါးသီလ) အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မိုးလေ၀သ မှန်ကန် ညီမျှအောင် လူတိုင်းကိုယ်စီ ငါးပါးသီလ မြဲကြပါစေ။


Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 16

Inline image 13

Inline image 14

Inline image 10

Inline image 11

Inline image 12

Inline image 15

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment