ဓမ္မစာမျက်နှာများ
ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
ဆက်သွယ်လှူတန်းရန်
ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
Total Pageviews
လစဉ်အလှူရှင်
ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.
Labels
- ကထိန် (6)
- စစ်ကိုင်းဆွမ်းလောင်းအသင်း (11)
- ဆွမ်းအလှူရှင်များစာရင်း။ (6)
- ဆွမ်းလောင်းအသင်း (69)
- ဆွမ်းလောင်းအသင်း နှစ်ပတ်လည်အလှူရှင်မှတ်တမ်း (2)
- တစ်ဦးချင်းအလှူများ (172)
- တစ်ဦးခြင်းလှူဒါန်းမှုများ (81)
- တနင်္လာနေ့ ဆွမ်းလောင်းလှူခြင်းများ (183)
- တရားစခန်းဝင်ခြင်း (2)
- မြရတနာအလှူများ. (5)
- ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များမှတ်တမ်း (1)
- လစဉ်ဆွမ်းအလှူရှင်များစာရင်း (2)
- လှူတန်းမှုများ (25)
- လှူတန်းနိုင်သော ပစ္စည်းများ (2)
- အကျိုးတော်ဆောင်များ (1)
- အခါကြီးရက်ကြီး ဆွမ်းလောင်းလှူခြင်းများ (8)
- အလှူ (7)
- အလှူရှင်များ (1)
- အလှူရှင်များစာရင်း (8)
- အလှူရှင်များစာရင်း။ (3)
- အထွေထွေလုပ်ဆောင်ချက်များ (3)
- ကျေးဇူးတင်ဂုဏ်ပြုလွှာ (2)
- ဆောင်းပါး (1)
- မေတ္တာပွားများခြင်း (1)
- မေတ္တာရှင်ဆရာတော် (3)
- ရေအလှူ (3)
Followers
Blog Archive
ဧည့်မှတ်တမ်း
ဆရာတော်ကြီးများ
Sunday, September 13, 2009
စစ်ကိုင်းမြို့တော်တွင် သီတင်းသုံးနေထိုင်သော သီလရှင်အပါး(၉၀)တို့အား ယနေ့
ဆရာတော်ဦးလောကနာထမှ သီလရှင်ဝတ်စုံ (ခါးဝတ်) တစ်စုံစီလှူဒါန်းမှုပြုခဲ့ပြီးဂျပန်နိုင်ငံမှ ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်းမှတဆင့် ခွန်သဒ္ဒါ(ဂျပန်)မှ အာရုဏ်ဆွမ်း
မုန့်ဟင်းခါးကပ်လှူခဲ့ပါတယ်။ ထုံးစံအတိုင်း ဦးဇင်းကတော့ အကျိုးဆောင်သူပေါ့၊ အိပ်ရေးပျက်ရတာတွေ အဆင်မပြေမှု အနည်းငယ်ဖြစ်ရတာတွေကိုတော့ မပြောလိုတော့ပါဘူး၊ ဒီလိုအကျိုးဆောင်ပေးရင်း ပျော်နေတတ်တာကိုက ဦးဇင်းရဲ့ ဘဝတစ်ခုလို ဖြစ်နေပြီလေ၊ အလှူရှင်တွေမှာ ပီတိဖြစ်ရသလို ဦးဇင်းမှာလည်း ထပ်တူပီတိတွေနဲ့ပေါ့။ ဒီပီတိတွေနဲ့ပဲ သီလရှင်ဆရာကြီး၊ ဆရာလေးများရဲ့အကြောင်းကို
ဆက်ပြီး ဖတ်ရှုမိသလောက်ရေး လိုက်မိတယ်။
ဆရာတော်ဦးလောကနာထမှ သီလရှင်ဝတ်စုံ (ခါးဝတ်) တစ်စုံစီလှူဒါန်းမှုပြုခဲ့ပြီးဂျပန်နိုင်ငံမှ ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်းမှတဆင့် ခွန်သဒ္ဒါ(ဂျပန်)မှ အာရုဏ်ဆွမ်း
မုန့်ဟင်းခါးကပ်လှူခဲ့ပါတယ်။ ထုံးစံအတိုင်း ဦးဇင်းကတော့ အကျိုးဆောင်သူပေါ့၊ အိပ်ရေးပျက်ရတာတွေ အဆင်မပြေမှု အနည်းငယ်ဖြစ်ရတာတွေကိုတော့ မပြောလိုတော့ပါဘူး၊ ဒီလိုအကျိုးဆောင်ပေးရင်း ပျော်နေတတ်တာကိုက ဦးဇင်းရဲ့ ဘဝတစ်ခုလို ဖြစ်နေပြီလေ၊ အလှူရှင်တွေမှာ ပီတိဖြစ်ရသလို ဦးဇင်းမှာလည်း ထပ်တူပီတိတွေနဲ့ပေါ့။ ဒီပီတိတွေနဲ့ပဲ သီလရှင်ဆရာကြီး၊ ဆရာလေးများရဲ့အကြောင်းကို
ဆက်ပြီး ဖတ်ရှုမိသလောက်ရေး လိုက်မိတယ်။
ယခုခေတ်တွင် သီလရှင်များစွာကို တွေ့မြင်နေရသော်လည်း ထိုသီလရှင်ဆရာလေးများ၏ သဘောသဘာဝကို စိတ်ဝင်တစား လေ့လာသူနည်းပါးလိမ့်မည်ဟု ယူဆမိပါသည်။ ဦးဇင်းအနေဖြင့် ထိုသီလရှင် ဆရာလေးများ၏ဘဝကို လေ့လာမိသမျှကို အနည်းငယ်ပြန်လည် ပြောပြလိုပါသည်။ သီလရှင်ဆိုတာဘာလဲဟူသော မေးခွန်းကို ဦးစွာဖြေဆိုရမည်ဆိုလျင်…….
သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေကြသာ၊ နိက္ခမဓာတ်ခံအားကြီးသော၊ လူဝတ်ကြောင်တို့၏ အသွင်အပြင်ကို ပယ်၍ ဦးပြည်းခေါင်းတုံးလျက် သံဃာတော် မဟာနာယက ဆရာတော်ဆရာတော်ကြီးများ သတ်မ
တ်ထားသော ဝတ်စုံကို ဝတ်ဆင်ပြီး သာသနာနွယ်ဝင် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို သီလရှင် ဆရာကြီး ၊ဆရာလေးများဟု အပြင်ပန်း အြ
မင်တစ်ခုဖြင့် သိမြင်နိုင်ပါသည်။ ထိုထက်ပို၍ လေ့လာလျင်ကား ပို၍ခက်ခဲနက်နဲသော သီလရှင်တို့၏ ဘဝသမိုင်းကြောင်းကို တွေ့မြင်ကြရပါမည်။
အမျိုးသမီးသာသနာစတင်ပေါ်ပေါက်ချိန်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ တတိယ, စတုတ္ထ၀ါဆိုတော်မူကာ သတ္တ၀ါဝေနေယျတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး ပဉ္စမ၀ါကို ဝေသာလီအနီး မဟာဝုန်တောကြီးအတွင်း ကူဋာဂါရကျောင်းတိုက်၌ ၀ါကပ်ဆိုတော်မူလေ
၏။ ထိုအချိန်တွင် မိထွေးတော်ဂေါတမီနှင့် သာကီဝင်မင်းသမီးငါးရာတို့ ရဟန်းပြုကြသွား၍ ရဟန္တာဖြစ်ကြ ပြီးသောအခါ ထိုရဟန်းငါးရာတို့၏လူဖြစ်စဉ်အခါက ကြင်ရာဇနီးဟောင်း ငါရာတို့သည် ယခုအခါ ငါတို့မှာ သူတစ်ပါးအိမ်သို့ သွားဖို့ရန် အိမ်ထောင်သစ်ပြုဖို့မသင့်လျှော်တော့ချေ။ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီထံသို့ သွားရောက်ကြပြီးလျှင် မြတ်စွာဘုရား မြတ်စွာဘုရားထံ၌ အမျိုးသမီးများကို ဘိက္ခူနီမ ပြုလုပ်ခွင့်ရအောင် တောင်းပန်စေ၍ ရှင်ရဟန်းမပြုလုပ်ကြကုန်အံ့ဟု ကြံစည်ကြ၍ မိထွေးတော်ဂေါတမီကြီးထံသို့ သွားရောက်ကြလျက် အို မိထွေတော်ဂေါတမီ အရှင်မကြီးဘုရား ကျွန်တော်မျီုးမတို့ကို မြတ်စွာဘုရားထံ၍ သာသနာ့ဘောင်သို့ ၀င်ရောက်၍ ဘိက္ခုနီမပြုလုပ်ရန် ခွင့်ပြုချက်ရအောင် တောင်းပန်လျှောက်ထားပေးပါကုန်ဘုရားဟု တစ်ညီတစ်ညွတ်တည်း အသနာခံပြောဆိုကြသောအခါ မိထွေးတော်ဂေါတမီသည် မြတ်စွာဘုရားရှင် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ပထမအကြိမ် မြတ်စွာဘုရားရှင်ကို မာတုဂါမ မင်းမိန်းမများ ဤသာသနာတော်၌ ဘိက္ခုနီမပြုလုပ်ရန် ခွင့်တောင်းလျှောက်ထာပါသော်လည်း အခွင့်မရခဲ့သဖြင့် ဒုတိယ အကြိမ်၌ကား ဆတ္တာသည်ကို ခေါ်စေ၍ မိမိနှင့်တကွ သာကိဝင်မင်းသမီးငါးရာတို့၏ ဆံပင်များကို ပယ်ရှားရိတ်ဖြတ်စေပြီးလျှင် ဖန်ရည်ဆိုးသောအ၀တ်ငါးရာတို့ ၀တ်ရုံကြကာ ရွှေနန်းတော် အတွင်းမှာပင် မြတ်စွာဘုရားရှင်ကို ရည်ညွှန်း၍ ရဟန်းမိန်းမအသွင်ကို ကိုယ်တိုင်လည်းယူပြီး သာကီဝင်မင်းသမီး ငါးရာတို့အားလည်း ယူစေပြီးလျှင် ရဟန်မလောင်းငါးရာတို့နှင့် အတူတကွ ကပိလ၀တ်နန်းတော်မှ ဝေသာလီပြည် မြတ်စွာဘုရား သီတင်းသုံးးတော်မူရာ မဟာဝန်တောသို့ သွာရောက်ရန် စီမံကြလေသည်။
ဘုရားကျောင်းသို့ရောက်သောအခါ ထိုအမျီုးသမီးတို့သည် ငါးဆယ်တစ်ယူဇနာကွာမိုင်အားဖြင့် လေးရာကျော် ဝေးလှစွာသောခရီးကို ခြေလျင်သာ ခြေလျင်သာလာခဲ့သဖြင့် အလွန်နူးညံ့သူများ ဖြစ်ရကား ထိုအမျိုးသမီးတို့၏ ခြေတို့်၌ အဖုအလုံးများ တစ်လုံးပြီးတစ်လုံး ပေါက်ကြကာ ခြေနှစ်ဖက်စလုံးတို့တွင် ဖူးဖူးယောင်ကြွလျက် ရှိကြလေကုန်၏။ ထိုဖြစ်ရကား မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာတိုနှင့်တကွ ဝေသာလီပြည် မဟာဝန်တော ကူဋာဂါရကျောင်းတိုက် တံခါးမုခ်သို့ ရောက်လတ်သောအခါ ဖူးဖူးရောင်သော ခြေရှိလျက် မြူလိမ်းကျံသော ကိုယ်တို့ဖြင့် ဆင်းရဲပင်ပန်းစွာ မျက်ရည်နှင့်ပြည့်သော မျက်နှာတို့ဖြင့် ငိုကြွေး၍ သာလျင် တံခါးမုခ်၏ အပြင်ဘက်၌ ရပ်တန့်၍သာ နေကြကုန်၏။ ထိုအခါ မိထွေတော် မဟာပဇာပတိဂေါတမီသည် အရှင်ဘုရားအာနန္ဒာ မြတ်စွာဘုရားရှင်က အမျိုးသမီးမာတုဂါမများကို ဤဓမ္မ၀ိနယသာသနာတော်၌ ဘိက္ခုနီ ရဟန်းမ ပြုလုပ်ရန် ခွင့်ပြုတော်မမူသောကြောင့် ဤကဲ့သို့ ဆင်းရဲးကြီးစွာ တံခါမုခ်၏ အပြင်ဘက်၌ ငိုကြွေးလျှက် ရပ်တည်၍နေပါသည်ဟု အရှင်အာနန္ဒာမထေရ်အား အကြောင်းစုံကို လျှောက်ထားလေရာ အရှင်အာနန္ဒာမထေရ်သည် မိထွေးတော်ဂေါတမီ၏ ဘုရားရှင်အပေါ်၌ ကျေးဇူးများခဲ့ပုံကို မြတ်စွာဘုရားအား လျှောက်ထား၍ မိထွေးတော် ဂေါတမီကို သာသနာတော်၌ ဘိက္ခုနီမ ပြုခွင့်ရအောင် သုံးကြိမ်တိုင်တိုင် အကြောင်းအမျီုးမျီုးဖြင့် လျှောက်ထားတောင်းပန် အသနားခံလေ၏ ။
ထိုအခါ မြတ်စွာဘုရားရှင်သည် စည်းကမ်းရှစ်ချက် လွန်လေးနက်ထား ဂရုဓံရှစ်ပါကို ဟောကြားတော်မူ၍ ချစ်သာအာနန္ဒာ မိထွေတော်ဂေါတမီသည် စည်းကမ်းချက်ရှစ်ချက် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို ခံယူလိုက်နာခြင်းသည်ပင် မိထွေးတော် ဂေါတမီ၏ ရဟန်းမ အဖြစ်ကို ရစေရမည်ဟု မိန့်ကြားတော်မူပြီးလျှင် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားကို ဟောကြားတော်မူကာ ဘိက္ခုနီသာသနာကို ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်တွင် ပဉ္စမငါးဝါမြောက် အချိန်၌ စတင်ခွင့်ပြုတော်ပြီး၍ အမျိုးသမီး ဘိက္ခုနီမ ရဟန်းသာသနာ စတင်၍ ပေါ်ပေါက်ခဲ့သည်။
ဒါကတော့ ဘိက္ခူနီမ သာသနာပေါ်ပေါက်လာခြင်းအကြောင်း ဖတ်ရှုမိသမျှ စာအုပ်များမှ မှတ်မိသလောက် ရေးသား ဖော်ပြလိုက်ပါတယ်… ဆက်ရေးမယ်ဆိုရင်တော့အများကြီးပါပဲ. နောက်တစ်ခေါက်လှူဖြစ်မှ တစ်ခါ ထပ်တင်ပါတော့မယ်…...
ယနေ့ပြုသမျှကုသိုလ် ကောင်းမှု အစုစု၏ အဖို့ဘာဂကို အလှူရှင် များနှင့်တကွ ဝေယျာဝစ္စ အဖွဲ့များအားလုံးအပါအ၀င် သုံးဆယ့်တစ်ဘုံ ၌ ကျင်လည်ကုန်သောဝေနေယျ သုခိတ ဒုက္ခိတ သတ္တ၀ါ များအားလုံးအား အမျှ ပေးဝေပါကုန်၏။
အမျှ…အမျှ…အမျှ… ယူတော်မူကြပါကုန်လော့ အားလုံးကိုအမျှ ရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြသည် ဖြစ်ပါစေသော်ဝ်...
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment