ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, September 7, 2009
ယနေ့သံဃာအပါး ၆၀၀ ကျော်ကြွပါတယ်။မနက် ၄နာရီလောက်မှစ၍ သံဃာတော်များကြွချီတော် မူလာကြပါတယ်။ဆွမ်းစလောင်းချိန်ကတော့ ၅ နာရီမှာ စတင်လောင်းလှူပါတယ်။ဝေယျာဝစ္စအဖွဲ့အတွက် ချက်ပြုတ်ရေးအတွက်မန္တလေးမြို့မှ ဒါယကာကိုထက်မှ (၄)ယောက်စေလွတ်ပေးပါတယ်။ မနက်ဆွမ်းလောင်းရာမှာ ကုသိုလ်ယူကြတဲ့ ကုသိုလ်ရှင်များကတော့စစ်ကိုင်းမြို့မှ မစရဏမဉ္စူရီ တို့ညီအမများ နှင့်ဒါယကာကိုကျော်စိုးအောင်၊ကိုဇော်ဇော်အောင်၊ကိုဇော်ထွေးဦး တို့ဖြစ်ကြပါတယ်။ သံဃာတော်များ အတွက်အုပ်ချုပ်ရေးတာဝန်ယူပေးကြတာကတော့ ဦးသုဇာတ ၊ ဦးကောဝိဒ(သုံးခွကျောင်းတိုက်)၊ နှင့် ဦးဇင်းတို့မှတာဝန်ယူကြီးကြပ်ပေးကြပါတယ်။ ပဲနှင့်သရက်ချဉ်သုပ် များကတော့အစောကြီးကုန်သွားပါတယ်။ ၀က်သားနှင့်ဖရုံသီးဟင်း ၊ ငါးခြောက်နှင့်ငရုတ်သီးကြော်တို့လောက်ငှပါတယ်။ မန္တလေးမြို့သဗ္ဗသုခ ဆွမ်းလောင်းအသင်းမှ ကိုထက်နှင့်ကိုဖြိုးတို့မှတဆင့် ဆန်တစ်အိတ်ကိုစနေနေ့မှာလှူဒါန်းထားခဲ့ပါတယ်။ သံဃာတော်များတဖြည်းဖြည်းများပြားလာပါတယ်။ လိုအပ်ချက်များကိုတော့ “ကိုပီကေ”ဖြည့်ဆည်းပေးနေပါတယ်။မုန့်ဟင်းခါးကပ်တဲ့အစီအစဉ်ကတော့ အလှူရှင်မရှိသေးတာနဲ့ဝေယျာဝစ္စအဖွဲ့လည်းမလုံလောက်မှုတွေဖြစ်နေတာနဲ့ခဏ နားထားရပါတယ်။ အဓိကကတော့ ဝေယျဝစ္စ အဖွဲ့လုံလောက်ဖို့အတွက် ဦးဇင်းတို့ကြိုးစားကြရပါမယ်။ မိုးရွာတဲ့အချိန်ဆိုရင်ပိုပြီး ခက်ပါတယ်။
ယနေ့ပြုသမျှကုသိုလ်ကောင်းမှု အဖို့ ကိုအလှူရှင်များနှင့်တကွသုံးဆယ့်တစ်ဘုံ၌ကျင်လည်ကြကုန်သောဝေနေ ယျ သုခိတ၊ ဒုက္ခိတ သတ္တ၀ါအပေါင်းတို့အား အမျှ...အမျှ...အမျှ...ပေးဝေပါကုန်၏။ အမျှ ယူတော်မူကြပါ....... အားလုံးကို အမျှ ရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြသည်ဖြစ်ကြစေသောဝ်....

0 comments:

Post a Comment