ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, August 31, 2009

ဆွမ်းခံကြွလာသည့် သံဃာများ


ဆွမ်းလောင်းလှူနေသော ဆရာလေးမစရဏမဉ္စရီနှင့် ဒကာမလေးများ


မနက် ၅ နာရီက စလောင်းပါတယ်။

ဝက်သား+အာလူး၊ ပဲတီချဉ်၊ ငရုတ်သီးကြော်

ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ Julydream၊ ရွာသားလေး YTU တို့၏ တစ်နှစ်တာ နေ့ဆွမ်းအလှူရှင်များအဖွဲ့

ကုလားပဲနှပ်

ကိုဖြိုး+ကိုထက်

ဆွမ်းထမင်း

ကိုဖြိုး+ကိုထက်၊ ထွန်းဦးစာပေ
ဆီ

ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး)

ဆပ်ပြာမှုန့်

ပေါင်းဝှာရွှေဆိုင် မိသားစု

ဝေယျာဝစ္စ ဒါနရှင်များ

  • ဦးပညောဘာသ (သုံးခွကျောင်းတိုက်)၊ ဦးစန္ဒိမာ (သုံးခွကျောင်းတိုက်)
  • ဦးသုဇာတ၊ ဦးပညာဝံသ
  • ဆရာလေး မစရဏမဉ္ဖရီနှင့် ညီအစ်မများ
  • ကိုဇော်ဇော်အောင်
  • ဒေါ်ထွေးဦး

စုစုပေါင်း အပါး ၆၀၀ နီးပါး ကြွရောက် ဆွမ်းခံကြပါတယ်။ ဒီနေ့ အရုဏ်ဆွမ်းတော့ မကပ်ဖြစ်ပါ။ ရွှေဘိုက ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒကာမကြီး ဒေါ်ချိုက သံဃာများအတွက် ဆွမ်းဟင်းများ ချက်ပြုတ်ရာမှာ ထာဝရ ဆီအလှူရှင်အဖြစ် တာဝန်ယူပါတယ်။

မန္တလေးမြို့ ပေါင်းဝါ ရွှေဆိုင် မိသားစုက သံဃာတော်များ သင်္ကန်းလျှော်ဖွပ်ဖို့ ၃၀ ဂရမ်ပါ ဆပ်ပြာမှုန့် အထုပ် ၆၀၀ လှူဒါန်းပါတယ်။ ပေါင်းဝါ မိသားစုအလှူဟာ သံဃာတော်များကို တစ်ပါးလျှင် တစ်ထုပ် အပါးစေ့ ကပ်နိုင်ခဲ့ပါတယ်။ ကျန်သေးတဲ့ ဆပ်ပြာမှုန်တွေကို ဆက်လက် လောင်းလှူနေပါတယ်။

ထွန်းဦးစာပေကလဲ ဆန်အိတ် သုံးအိတ် လာရောက် လှူဒါန်းထားပါတယ်။ မိုးရွာနေတဲ့ကြားက သံဃာတွေ ဆွမ်းခံကြွလာပါတယ်။ မနက် ၆ နာရီ ၄၅ ထိ သံဃာတွေ ဆက်ကြွလာနေဆဲပါ။ အစစ ကူညီပေးနေတဲ့ ကိုဖြိုးနဲ့ ကိုထက်က ပေါင်းဝှာရွှေဆိုင်က လှူဒါန်းတဲ့ ဆပ်ပြာမှုန့်များကို စနေနေ့က သူတို့ကားနဲ့ မန္တလေးကနေ စစ်ကိုင်းအရောက် လာပို့ပေးကြတယ်။

2 comments:

WWKM said...

တပည့်တော်လည်း မြန်မာပြည်ပြန်ရောက်ရင် တနင်္လာနေ့ဆွမ်းပတ်ကို ကိုယ်တိုင်လာရောက်လှူဒါဏ်း
ကုသိုလ်ပါဝင်ချင်ပါသေးတယ်။
မြန်မာပြည်ပြန်ရောက်ရင် တပည့်တော်အမျိုးသားက
မန္တလေးသွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှာ တာဝန်
ထမ်းဆောင်ဘို့ အခွင့်အရေးများတာမို့ ရောက်ဖြစ်လိမ့်
မယ်လို့ ထင်ပါတယ်ဘုရား။
ဦးဇင်းကျန်းမာပါစေ။
သာသနာအကျိုးကို ဒီထက်မက ပိုပြီး ဆောင်ရွက်နိုင်ပါ
စေဘုရား။

လေးစားစွာဖြင့်

Dr.Nyan + ဒေါ်ဝါ၀ါခိုင်မင်း မိသားစု

Anonymous said...

တနင်္လာနေ့ ဆွမ်းအလှူကို လှူဒါန်းမှုကို လာရောက်ဖတ်သွားပါတယ် ဘုရား။ ဘ၀တလျှောက်လုံး အလှူရေစက် လက်နဲ့မကွာ လှူဒါန်းလိုပါတယ်။

ဆရာတော်ဘုရားလည်း သာဿနာအကျိုး ဆတိုးလို့လှူဒါန်းနိုင်ပါစေ။

ဦးတင်ပါတယ် ဘုရား
မောင်သက်အောင် + မခင်ကလျာစိုး(မေတ္တရောင်ပြန်)

Post a Comment