ဓမ္မစာမျက်နှာများ
ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
ဆက်သွယ်လှူတန်းရန်
ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
Total Pageviews
လစဉ်အလှူရှင်
ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.
Labels
- ကထိန် (6)
- စစ်ကိုင်းဆွမ်းလောင်းအသင်း (11)
- ဆွမ်းအလှူရှင်များစာရင်း။ (6)
- ဆွမ်းလောင်းအသင်း (69)
- ဆွမ်းလောင်းအသင်း နှစ်ပတ်လည်အလှူရှင်မှတ်တမ်း (2)
- တစ်ဦးချင်းအလှူများ (172)
- တစ်ဦးခြင်းလှူဒါန်းမှုများ (81)
- တနင်္လာနေ့ ဆွမ်းလောင်းလှူခြင်းများ (183)
- တရားစခန်းဝင်ခြင်း (2)
- မြရတနာအလှူများ. (5)
- ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များမှတ်တမ်း (1)
- လစဉ်ဆွမ်းအလှူရှင်များစာရင်း (2)
- လှူတန်းမှုများ (25)
- လှူတန်းနိုင်သော ပစ္စည်းများ (2)
- အကျိုးတော်ဆောင်များ (1)
- အခါကြီးရက်ကြီး ဆွမ်းလောင်းလှူခြင်းများ (8)
- အလှူ (7)
- အလှူရှင်များ (1)
- အလှူရှင်များစာရင်း (8)
- အလှူရှင်များစာရင်း။ (3)
- အထွေထွေလုပ်ဆောင်ချက်များ (3)
- ကျေးဇူးတင်ဂုဏ်ပြုလွှာ (2)
- ဆောင်းပါး (1)
- မေတ္တာပွားများခြင်း (1)
- မေတ္တာရှင်ဆရာတော် (3)
- ရေအလှူ (3)
Followers
Blog Archive
ဧည့်မှတ်တမ်း
ဆရာတော်ကြီးများ
Sunday, September 27, 2009

နက်ဖြန် တနင်္လာနေ့ အရုဏ်ဆွမ်း၊ နေ့ဆွမ်း လောင်းလှူဖို့ ညနေကတည်းက စီမံချက်ပြုတ်နေကြပါပြီ။
အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်း ဆရာတော် အရှင်လောကနာထက ကပ္ပိယကာရကမှတစ်ဆင့် အပ်စပ်အောင် တာဝန်ပေး စေခိုင်းချက်ဖြင့် သံဃာတော်များအား အရုဏ်-ဆွမ်းနဲ့ ပဲပြုတ်၊ ခရမ်းချဉ်သီးထောင်း ဆက်ကပ်ပါမယ်။
ဆရာတော်က အရုဏ်ဆွမ်းကို ခရမ်းချဉ်သီးထောင်းနဲ့ ဆက်ကပ်ချင်တယ်လို့ အမိန့်ရှိလို့ ဝေယျာဝစ္စအဖွဲ့က ခရမ်းချဉ်သီးထောင်းကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးများနဲ့ ရောမွှေပြီး နံနံပင် အုပ်ပါမယ်။ ချက်ပြုတ်တဲ့ ဒကာမကြီးက ဒေါ်ကြည်ဌေး ဖြစ်ပါတယ်။
ဒီနေရာမှာ သံဃာတော်များအတွက် အပတ်စဉ် ဆွမ်းချက်ပြုတ် ကုသိုလ်ပြုပေးနေတဲ့ ဒကာမကြီး ဒေါ်ကြည်ဌေး သားအမိအကြောင်း ပြောလိုပါတယ်။ ဒေါ်ကြည်ဌေး သားအမိဟာ ကျောက်စက်မှာ ကျောက်သယ်ပြီး အသက်မွေးရပါတယ်။ သမီးငယ် မငြိမ်းအိထွေးက နှစ်တန်းနဲ့ ကျောင်းထွက်ပြီး အမေကို ကူညီနေရသူပါ။ အပတ်တိုင်း လာရောက် ချက်ပြုတ်ပေးနေတဲ့ ဒေါ်ကြည်ဌေးကို တစ်လ တစ်သောင်းခွဲ (၁၃ ဒေါ်လာခန့်) ဈေးဖိုး တုံ့ပြန်ကူညီပါတယ်။ ဝက်သား တစ်ပိဿာ လေးထောင် ကျော်နေတဲ့ ဒီနေ့ ကုန်ဈေးနှုန်းနဲ့ဆိုရင် ဒါ အားနာစရာ ကောင်းအောင် နည်းပါတယ်။ ဒကာမကြီးကတော့ အပတ်တိုင်း တက်တက်ကြွကြွ လာလုပ်ကိုင် ကပ်လှူပေးနေလျက်ပါ။
၂ တန်းနဲ့ ကျောင်းထွက်ထားရတဲ့ သမီးလေး မငြိမ်းအိထွေးက အသက် ၁၁ နှစ် ရှိပါပြီ။ အမေနဲ့အတူ လိုက်လိုက်လာပြီး ဆွမ်းချက်ရာမှာ ကလေးခွန်အားလေးနဲ့ နိုင်သလောက် ဝိုင်းကူပေးနေတဲ့ ဒီသမီးငယ်လေးကို ကျောင်းပြန်တက်စေချင်လို့ လမ်းစရှာနေကြပါတယ်။ ဝေယျာဝစ္စကုသိုလ်ရှင် သမီးလေး ကျောင်းပြန်တက်ခွင့် ရပါစေကြောင်း ဝိုင်းဆုတောင်းပေးကြပါ၊ မေတ္တာပို့ပေးကြပါလို့ အနယ်နယ်အရပ်ရပ်က ဆွမ်းအလှူရှင်တွေကို ပန်ကြားပါတယ်။
သမီးလေးက ကျောင်းနေချင်တယ်၊ ကျောင်းပြန်တက်ချင်တယ်လို့ ပြောရှာပါတယ်။ ကျောက်သယ်ရတဲ့ အမေက သမီးကို ပညာတတ်စေချင်ပေမယ့် ထားမပေးနိုင်ရှာပါဘူး။ စားသောက်ဆိုင် တန်းလျားမှာ နေပြီး မနက်ပိုင်း ကျောက်သယ်၊ ညနေပိုင်း ဝန်ထမ်းတွေအတွက် ထမင်းချက်ရပါတယ်။ အလှူရှိတဲ့ ရက်တိုင်း သမီးလေးနဲ့ နှစ်ယောက်အတူ လာပြီး ဆွမ်း ဆွမ်းဟင်းတွေ ချက်ပြုတ်ပေးကြတယ်။
''ဆွမ်းချက်ရတာ ပျော်တယ်။ မိုးရွာတဲ့အခါတော့ ထင်းရေစိုတော့ တော်တော်ကို ကြိုးစား ချက်ရတယ်''
ဒကာမကြီးက ပြောပါတယ်။ သံဃာတွေကို နက်ဖြန် ဝက်သားနဲ့ ဂေါ်ရခါးသီးချက် အပါအဝင် ဆွမ်းမယ်ပေါင်းစုံ စီမံချက်ပြုတ်မယ့် ဒကာမကြီးက အိမ်မှာတော့ ဒီနေ့ မျှစ်ကြော်နဲ့ ချဉ်ရည်ဟင်း ချက်ပါတယ်။
အခုတော့ သံဃာကို လုပ်ကျွေးနေတဲ့ လုပ်အားဒါနက ချက်ချင်း အကျိုးပေးပါပြီ။ သမီးငယ်ကို ကျောင်းပြန်ထားပေးမယ်လို့ ဆွမ်းအလှူရှင် တစ်ဦးက ကမ်းလှမ်းလာပါတယ်။ သမီးငယ်ရဲ့ ကျောင်းစာသင်ခန်း ပြန်အဝင်လမ်း ချောမောအဆင်ပြေပါစေကြောင်း မေတ္တာပို့သပေးကြစေချင်ပါတယ်။
နေ့ဆွမ်း အလှူရှင်က ဦးမောင်မောင်အေး၊ ဒေါ်အေးအေးသန်းနှင့် သမီးများ (မြားနတ်မောင် ရွှေဆိုင်းနှင့် သိကြားမင်း ရွှေဆိုင်း) ဖြစ်ပါတယ်။ ဆွမ်းဟင်းက ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး YTU တို့ရဲ့ နေ့ဆွမ်းအလှူရှင်များအဖွဲ့နဲ့ ဒေါ်နန်းသန္တာအောင် (စင်ကာပူ)က ဒီအပတ် ဝက်သား+ဂေါ်ရခါးသီး၊ ခါးခြောက်+ငရုတ်သီးကြော်၊ သရက်ချဉ် ဆက်ကပ်ပါမယ်။
ကိုဖြိုးနဲ့ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)က ပဲနီပြား လောင်းလှူပါမယ်။ ဒကာကိုထက်က မုံရွာဘက်မှာ ပိုးထိတဲ့ လူနာတွေအတွက် မြွေဆိပ်ဖြေဆေးများစွာ လိုအပ်နေတယ် သတင်းရလို့ မြွေဆိပ်ဖြေဆေး သွားလှူပြီး ဒီနေ့ပဲ နေ့ချင်း ပြန်ရောက်လာပါတယ်။
မခိုင်ခိုင်မိုးက သံဃာတော်များကို အပါးစေ့ ခေါင်းရိတ်ဓား ကပ်လှူပါတယ်။
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment