ဓမ္မစာမျက်နှာများ
ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
(ဝိတက္ကသုတ်)
ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။
(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)
ဆက်သွယ်လှူတန်းရန်
ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851
ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540
အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com
Total Pageviews
လစဉ်အလှူရှင်
ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.
Labels
- ကထိန် (6)
- စစ်ကိုင်းဆွမ်းလောင်းအသင်း (11)
- ဆွမ်းအလှူရှင်များစာရင်း။ (6)
- ဆွမ်းလောင်းအသင်း (69)
- ဆွမ်းလောင်းအသင်း နှစ်ပတ်လည်အလှူရှင်မှတ်တမ်း (2)
- တစ်ဦးချင်းအလှူများ (172)
- တစ်ဦးခြင်းလှူဒါန်းမှုများ (81)
- တနင်္လာနေ့ ဆွမ်းလောင်းလှူခြင်းများ (183)
- တရားစခန်းဝင်ခြင်း (2)
- မြရတနာအလှူများ. (5)
- ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များမှတ်တမ်း (1)
- လစဉ်ဆွမ်းအလှူရှင်များစာရင်း (2)
- လှူတန်းမှုများ (25)
- လှူတန်းနိုင်သော ပစ္စည်းများ (2)
- အကျိုးတော်ဆောင်များ (1)
- အခါကြီးရက်ကြီး ဆွမ်းလောင်းလှူခြင်းများ (8)
- အလှူ (7)
- အလှူရှင်များ (1)
- အလှူရှင်များစာရင်း (8)
- အလှူရှင်များစာရင်း။ (3)
- အထွေထွေလုပ်ဆောင်ချက်များ (3)
- ကျေးဇူးတင်ဂုဏ်ပြုလွှာ (2)
- ဆောင်းပါး (1)
- မေတ္တာပွားများခြင်း (1)
- မေတ္တာရှင်ဆရာတော် (3)
- ရေအလှူ (3)
Followers
Blog Archive
ဧည့်မှတ်တမ်း
ဆရာတော်ကြီးများ
Sunday, September 27, 2009

ပထမကြီးတန်းနှင့် သီတဂူ ဗုဒ္ဓတတ္က္ကသိုလ် ဒီပလိုမာ စာသင်သား အစ်ကိုတော် ဦးသုဇာတ နှင့် ဥပဒေ တတိယနှစ် ကျောင်းသူကလေး မဗိုလ်မ
မဗိုလ်မ တဲ့။
အသက် ၂၅ နှစ် ရှိပါပြီ။ ဥပဒေ တတိယနှစ် တက်နေတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသူကလေးပါ။
ပညာရေးမှာ အစ်ကို့ခြေရာ လိုက်နင်းတဲ့ နှမကလေး ဆိုရပါမယ်။ အစ်ကိုတော် ဦးဇင်း ဦးသုဇာတက ကျောက်ဆည်တက္ကသိုလ်က မြန်မာစာ အဓိကနဲ့ ကျောင်းပြီးတယ်။ ပထမကြီးတန်း ဆက်တက်ရင်း သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာလဲ ဒီပလိုမာ နောက်ဆုံးနှစ် တက်နေတယ်။
အထက်မြန်မာပြည် တမာပင်ကြီးရွာသား တောင်သူ မိဘနှစ်ပါး ဖြစ်တဲ့ ဦးသိန်းအေး၊ ဒေါ်ဌေးရံတို့က မွေးဖွားတဲ့ မောင်နှမ လေးယောက်မှာ အထွေးဆုံးဖြစ်တဲ့ ဥပဒေကျောင်းသူ မဗိုလ်မက မွေးဖွားစဉ်ကတည်းက လက်နှစ်ဖက် ပါမလာခဲ့ပါဘူး။
သူ ဘယ်လို စာတွေ သင်ခဲ့သလဲ။ အတန်းထဲမှာ ဆရာ ပြောတာတွေကို ဘယ်လို လိုက်ရေးသလဲ။ စာမေးပွဲ ဘယ်လိုဖြေသလဲ။ သင်္ချာတွေ ဘယ်လို တွက်ခဲ့သလဲ။ မြန်မာပြည်သမိုင်းနဲ့ ကမ္ဘာ့သမိုင်းတွေ၊ ပထဝီဝင်ထဲက မြစ်ချောင်းအင်းအိုင်နဲ့ ကမ္ဘာ့တိုက်ကြီးတွေ အကြောင်းတွေ၊ ဓာတုဗေဒ ညီမျှခြင်းတွေကို သူ ဘယ်လို ရေးပြပြီး စာမေးပွဲတွေ အောင်ခဲ့သလဲ။
မဗိုလ်မ ခြေချောင်းကလေးများနဲ့ ဒါတွေကို ရေးမှတ်ပြီး ကျက်ခဲ့၊ စာမေးပွဲ ဝင်ခဲ့ပါတယ်။
မဗိုလ်မရဲ့ ခြေချောင်းကလေးတွေက ခဲတံနဲ့ ဘောပင်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ပြီး ရှည်လျားလှတဲ့ ပုစ္ဆာတွေ၊ စာတွေကို လက်ချောင်း အသုံးပြုသူနဲ့မခြား ရေးနိုင်ပါတယ်။ မဗိုလ်မကို မိဘတွေက ကျောင်းထားရမယ့် အရွယ်မှာ ကျောင်းပို့ဖို့ တက်တက်ကြွကြွ အားထုတ်ခဲ့ကြတယ်။ လက်မရှိတဲ့ ကလေးကို ဘယ်လို စာသင်ပေးရမလဲလို့ မေးခွန်းမထုတ်ဘဲ ရွာကျောင်းဆရာဆရာမတွေက ကြည်ကြည်ဖြူဖြူ ကြိုဆိုခဲ့တယ်။ ဒီနည်းနဲ့ ဘဝရဲ့ စာမေးပွဲတွေကို တစ်တန်းပြီးတစ်တန်းကျော်ခဲ့တာ ၁၀ တန်းအောင်တော့ တက္ကသိုလ်ပညာ ဆက်သင်ဖို့ မဘိုမ စိတ်ထက်သန်ခဲ့ပါတယ်။ ရွာမှာ နွားကျောင်း၊ ခြံစောင့်နဲ့ မိဘတွေ အားကိုးရတဲ့ သမီး မဗိုလ်မ အဝေးသင်တက္ကသိုလ် ဆက်တက်ချင်တယ်ဆိုတော့ မိဘတွေ မဆိုင်းမတွ ထားပေးခဲ့ကြတယ်။
အစ်ကိုတော် ဦးသုဇာတက ပရိယတ္တိ စာပေတွေကို သင်ယူရင်း ကျောက်ဆည်တက္ကသိုလ်မှာလဲ မြန်မာစာအဓိကကျောင်းသား ဖြစ်နေပြီ။ ဒီနှမကလေးအတွက် ပိုကြိုးစားရတာပါလို့ အစ်ကိုတော် ဦးဇင်းက မိန့်ပါတယ်။ တက္ကသိုလ် တက်မယ်ဆိုတော့ မဗိုလ်မ ဥပဒေ ဘာသာရပ်ကို သင်ဖို့ ရွေးလိုက်တယ်။ တောင်သူ မိဘတွေကရော ညီအစ်ကို မောင်နှမတွေကရော မဗိုလ်မ ကြိုက်ရာသင် အားပေးခဲ့ကြတယ်။ ဒီလိုနဲ့ အစ်ကိုကြီး ကိုနိုင်မင်း၊ အစ်ကိုငယ် ဦးဇင်း ဦးသုဇာတ၊ အစ်မ မစန္ဒာဝင်းတို့ရဲ့ နှမထွေး မဗိုလ်မ တက္ကသိုလ် ရောက်ခဲ့ပြီ။
မနှစ်က တတိယနှစ် စာမေးပွဲ ဖြေတဲ့တစ်ရက်မှာတော့ စိတ်မကောင်းစရာတစ်ခု မဗိုလ်မ ကြုံခဲ့ရတယ်။ ခြေချောင်းတွေကြား ဘောပင်ကို ညှပ်ပြီး ဥပဒေမေးခွန်းတွေကို တစ်ခုပြီးတစ်ခု ဖြေနေတဲ့ ထူးဆန်းတဲ့ ကျောင်းသူကို စာမေးပွဲခန်းစောင့်တဲ့ ဆရာမတစ်ယောက်က မယုံကြည်နိုင်သလို မသင်္ကာသလို မျက်လုံးနဲ့ အနီးကပ် ကြည့်တယ်။ စာမေးပွဲ ဖြေနေတဲ့ ၃ နာရီ အတွင်းမှာ ဒီဆရာမရဲ့ မျက်လုံးတွေ အကြည့်တွေကို မဗိုလ်မ မခံနိုင်ခဲ့ဘူး။
စိတ်မကြံ့ခိုင်ရကောင်းလားလို့ အပြစ်တင်ရင်လဲ ခံရတော့မယ်။ မဗိုလ်မဟာ အသက် ၂၀ ကျော် မိန်းကလေးတစ်ယောက်သာ ဖြစ်ပါတယ်။ အဲဒီနှစ်က စာမေးပွဲ ပြီးအောင် သူ ဆက်မဖြေနိုင်ခဲ့ဘူး။ အခု ဒီတတိယနှစ် စာမေးပွဲကို ပြန်ဖြေဖို့ သူ ကျူရှင် ပြန်တက်နေပါတယ်။
မဗိုလ်မ အနီးကပ် တက်ဖို့၊ ကျုရှင်တက်ဖို့၊ စာမေးပွဲဖြေဖို့ သွားရင် မိခင် ဒေါ်ဌေးရံက လိုက်ပြီး သမီးကို အဝတ်အစား လဲလှယ်ပေး၊ ဖီးလိမ်းပြင်ဆင်ပေးတယ်။ ဒီဝါတွင်းမှာ ၁၀ ဝါ ပြည့်ပြီဖြစ်တဲ့ အစ်ကိုတော် ဦးဇင်းကလဲ နှမကလေးကို ကူညီစောင့်ရှောက်တယ်။ အစ်ကိုတော့်ခမျာလဲ ကျောက်ဆည်တက္ကသိုလ်က ကျောင်းပြီးချိန်မှာ ဘွဲ့လက်မှတ်ပေါ်မှာ သုဇာတ ဆိုတဲ့ ဘုရားသားတော်ဘွဲ့မည်နဲ့ ဘွဲ့ယူချင်ရှာလို့ ကြိုးစားခဲ့ပါသေးတယ်။ သင်္ကန်းနဲ့ ဘွဲ့တက်ယူလို့ မရယူဘူးဆိုလဲ ရှိပါစေတော့၊ အဝေးရောက်ဘွဲ့ပဲ ယူပါ့မယ်၊ ဘွဲ့လက်မှတ်ပေါ်မှာတော့ ရဟန်းဘွဲ့နဲ့ ဖော်ပြပေးစေချင်တယ်လေ။
ဂျင်းဘောင်းဘီတွေ၊ တီရှပ်တွေကြားမှာ သင်္ကန်းရုံပြီး စာသင်ခန်းထဲ ကြွလာတဲ့ ဦးဇင်းတွေကို လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ကြတဲံ ဆရာတွေလဲ ဘွဲ့လက်မှတ် ကိစ္စမှာတော့ မကယ်နိုင်တော့ပါဘူး။ သူတို့နဲ့တင်မပြီး အထက်အဆင့်ဆင့်ကို ဖြတ်သန်းရမယ့်ကိစ္စဆိုတော့။ အဲဒီနှစ်က ဘွဲ့ယူကြတဲ့ ဦးဇင်းတွေလဲ ဘွဲ့လက်မှတ်ပေါ်မှာ အသုံးမပြုတော့တဲ့နာမည်ဖြစ်တဲ့ လူ့ဘဝက နာမည်တွေကို ကြိတ်မှိတ်လက်ခံလိုက်ရပါတယ်။
အခု မဗိုလ်မက ဥပဒေ တတိယနှစ်ဆိုတော့ အစ်ကိုတော့်ခြေရာနင်းပြီး ဘွဲ့ယူဖို့ တစ်နှစ်ပဲ ကျန်တော့တယ်။ အခု စာမေးပွဲ နီးပြီမို့ ရွာကနေ မြို့ပေါ်လာပြီး ကျူရှင်တက်နေပါတယ်။ အနီးကပ်သင်တန်းကိုတော့ လာမယ့် အောက်တိုဘာ ၁၀ ရက်ကနေ ၂၃ ရက်နေ့ထိ တက်ရမယ်။ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃ ရက်နေ့ထိ စာမေးပွဲ ဖြေရပါမယ်။
ဘဝကို အနိုင်မခံ အရှုံးမပေးဘဲ တိုက်ပွဲဝင်နေတဲ့ မဗိုလ်မကို ဆက်သွယ်အားပေးချင်ရင် အစ်ကိုတော် ဦးဇင်းရဲ့ အီးမေး sujata.mm7@gmail.com သို့မဟုတ် တစ်ဆင့် (ဦးကောဝိဒမှတစ်ဆင့် ဦးသုဇာတ) ၀၉-၂၁၁၀၂၀၂ ကို မေးမြန်းနိုင်ပါတယ်။
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment