ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, December 7, 2009
အရုဏ်ဆွမ်း ဘုဉ်းပေးနေသော သံဃာတော်များ


ကြာဆံချက် ကြိုက်တဲ့ ကိုရင်လေးတွေ

အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတော့ နေ့ဆွမ်းကပ်ဖို့

နေ့ဆွမ်းလောင်းနေသော သီလရှင်ဆရာကြီးများနှင့် ဒကာဒကာမများ

နေ့ဆွမ်းခံယူဖို့ ဆွမ်းရပ်နေတဲ့ သံဃာများ






ဆွမ်းလောင်းဖို့ အစောကြီး ထလာပြီး လုပ်အားပေးနေတဲ့ လူငယ်တွေ


အရုဏ်ဆွမ်း - ကြက်သား ကြာဆံချက်

အလှူရှင် - ............


နေ့ဆွမ်း - ဝက်သား+ဂေါ်ရခါးသီးချက်၊ သရက်ချဉ်၊ ငရုတ်သီး ဘာလချောင်ကြော်

မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင်များအဖွဲ့၊ ခင်ပွန်း ဦးအောင်ဖေအား ရည်စူး၍ ဒေါ်နန်းသန္တာအောင်


ဆွမ်းထမင်း +ပဲနှပ် ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)

ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)


ဆွမ်းချက်ရန် ရေ အလှူ - သီလရှင်ဆရာကြီး တစ်ပါး

ဝေယျာဝစ္စဒါန

-ဦးသုဇာတ၊ ဦးပညော (သုံးခွ ကျောင်းတိုက်)၊ ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးသောဘိတ (ထွဋ်ခေါင်)၊ ဦးကေသဝ (ဆွမ်းခံကိုယ်တော်)

-ဆရာကြီး ဒေါ်ဝါယမီ၊ ဆရာကြီး ဒေါ်ဝိလာသီ၊ ဒေါ်စရဏမဉ္စရီ
-ဘွဲ့မည်မသိ သီလရှင်ဆရာလေး ၁၆ ပါး
-ကိုဇော်၊ ကိုဝေ၊ ဇော်ဇော်အောင်၊ ဂစ်တာ၊ ကျော်ဆန်းဌေး


မနက် ၅ နာရီ ၃၃ မိနစ်မှာ အရုဏ်ဆွမ်း စကပ်တယ်။ ၅ နာရီ ၄၇ မိနစ်မှာ အပါး ၁၀၀ ကျော် ဘုဉ်းပေးပြီးပါပြီ။ ကိုရင်လေးတွေက မနက် ၄ နာရီ မထိုးခင်ကတည်းက ကျောင်းရှေ့မှာ သပိတ်တွေ ချပြီး စောင့်နေကြတယ်။ အောင်မြေဦး ကျောင်းကလဲ အပါး ၂၀ လောက် အစောကြီး ကြိုရောက်နေတယ်။ အောင်မြေဦးက ကျန်တဲ့ အပါး ၅၀ ကျော်က နောက်မှ လိုက်လာပါတယ်။

အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတော့ နေ့ဆွမ်း ဆက်ခံဖို့ စောင့်တဲ့ ကိုယ်တော်တွေ စောင့်နေကြတယ်။ အရုဏ်ဆွမ်းအတွက် လူအားစိုက်နေရတာမို့ နေ့ဆွမ်း မလောင်းရသေးဘူး။

ဆွမ်းကပ်ရင်း ပန်းကန်တွေ မလောက်လို့ အနားက သီလရှင်ကျောင်း တစ်ကျောင်းက ဆရာလေးတွေက ပန်းကန်တွေ ကူညီပါတယ်။ ခုံက ဒကာမကြီး မဝါဝါခိုင်မင်း လှုံ့ဆော်မှုနဲ့ ဝိုင်းဝန်းလှူဒါန်းကြတော့ လောက်ငသွားပြီ။ ခုံတွေပေါ်မှာ အလှူရှင်ကမ္ဗည်း မထိုးရသေးခင်ကို ချသုံးနေရပြီ။


''ဦးဇင်း အထဲကြွပါဘုရား''

ဦးဇင်းတွေကို သံဃာဝိုင်း သပ်သပ် ကပ်ရတာမို့ပါ။ ကိုရင်လေးတွေလဲ တစ်ပန်းကန်ပြီး တစ်ပန်းကန် ဘုဉ်းပေးနေတယ်။ ''ဘာပိုကြိုက်လဲ ကိုရင်''ဆိုတော့ တစ်ပါးက ကြာဆံချက်၊ နောက်တစ်ပါးက မုန့်ဟင်းခါး ကြိုက်ရာ ဖြေကြတယ်။ အရုဏ်ဆွမ်း အမြဲ ကြွလာဘုဉ်းပေးတဲ့ ပုညနေမ္မိတကျောင်းက မထေရ်ကြီးကတော့ ''အဆင်ပြေပါတယ်''လို့သာ အမိန့်ရှိတယ်။ ဦးဇင်းတွေကတော့ မေးရင် အားလုံး အဆင်ပြေကြောင်းနဲ့ နှစ်သက်ရာသာ ကပ်ဖို့ မိန့်တတ်ကြပါတယ်။


မနက် ၆ နာရီမှာ အရုဏ်ဆွမ်း စလောင်းတယ်။ ဆွမ်းထမင်း နှစ်ပေါင်းပေါင်းတယ်။ ပြည် ၂၀ ချက်ပါတယ်။ အရုဏ်ဆွမ်းလဲ အထဲမှာ ကပ်နေရတုန်းဆိုတော့ ဝေယျာဝစ္စ နှစ်ပိုင်းခွဲပြီး ကပ်နေရတယ်။

''ဇိနောတန်းကြွပြီ''

ဇိနောဒယ စာသင်တိုက်က ဆွမ်းတန်းမခွဲဘဲ တစ်ကျောင်းလုံး သံဃာကုန် တစ်တန်းတည်းကြွတာဆိုတော့ အပါး ၂၆၀ လောက် ရှိတယ်။ ဇိနောနဲ့ မြစကြ်ာက ကျောင်းမှာပဲ အရုဏ်ဆွမ်း ဘုဉ်းကြတာမို့ နေ့ဆွမ်းသာ ခံယူတော်မူကြပါတယ်။ ဇိနော မပါသေးဘဲ ကျန်တဲ့ ဆွမ်းခံသံဃာတွေတင် အပါး ၂၅၀၊ ၃၀၀ ရှိနေတယ်။

တောင်ပေါ်ကျောင်းဖြစ်တဲ့ ပထမဇေတဝန်ကျောင်းက ဦးဇင်းတွေရော ကိုရင်လေးတွေရော ကြွလာတယ်။ အဘယာရာမကျောင်းကလဲ ကြွတယ်။

တစ်ချို့ကိုရင်လေးတွေ ခေါင်းမရိတ်ရသေးတာ တွေ့တော့ ရှေ့အပတ် ခေါင်းရိတ်ဓား လှူဖို့ ဦးဇင်း ဦးကောဝိဒက စီမံတယ်။ ဆပ်ပြာခဲလဲ နောက်ဆုံးကပ်ပြီးတာ တစ်လလောက် ကြာပြီဆိုတော့ ကုန်လောက်ပြီ။ ရှေ့လာမယ့် တနင်္လာ ဆွမ်းပတ်ကို အလှူရှင် တစ်ဦးက ဆပ်ပြာခဲနဲ့ ခေါင်းရိတ်ဓား ကပ်လှူပါမယ်။

0 comments:

Post a Comment