ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Tuesday, April 13, 2010
ယနေ့ သာသနာသက္ကရာဇ် ၂၅၅၃ ခု၊ တပေါင်းလကွယ်နေ့ ၂၀၁၀ ခုနှစ်၊ ဧပြီလ ၁၃ ရက်၊ အင်္ဂါနေ့မှာ သံဃာများကို ဆွမ်းထမင်း၊ ဘယာကြော်နဲ့ ပဲနှပ် လောင်းလှူပါတယ်။ ကမ္ဘာအရပ်ရပ်မှ မေတ္တာရှင်ပြည်သူများရဲ့ ချွေးနှဲစာနဲ့ စုပေါင်းလှူဒါန်းကြတာ ဖြစ်ပါတယ်။

သင်္ကြန်တွင်းမှာ သံဃာတော်များကို နေ့ဆွမ်းလောင်းလှူလိုရင် ပဲနှပ်၊ ငှက်ပျောသီး၊ ဘူးသီးကြော်၊ ပဲကြော်၊ ဘယာကြော် စတဲ့ သက်သတ်လွတ် ဟင်းလျာများနဲ့ ကပ်လှူမယ်ဆိုရင် ၃၅၀၀၀ ကျပ် ကျပါမယ်။ ဆန္ဒရှိသူ ကုသိုလ်ရှင်များ လောင်းလှူနိုင်ကြပါတယ်။







မိုးကုတ် ဝိပဿနာ ရိပ်သာမှာ တရားအားထုတ်ဖို့ ရိပ်သာကို ကြွကြတဲ့ သီရိရွှေဝါကျောင်းက သီလရှင် ဆရာလေး ၃၅ ပါးကိုလဲ သာသနာ့ဝေပုလ္လကျောင်းရှေ့ကနေ ဆပ်ပြာမှုန့်ထုပ်များ ကပ်လှူပါတယ်။ အဝေးရောက် အလှူရှင်တစ်ဦးကောင်းမှု ဖြစ်ပါတယ်။

ဝေယျာဝစ္စများကတော့ မောင်ဇော်မျိုး ၊မောင်ဇင်မင်း၊ မောင်စိုးလင်းအောင်နှင့်အောင်မြေဦးကျောင်းမှကျောင်းသားတစ်ဦးတို့ဖြစ်ကြပါတယ်။ အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

Post a Comment