ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Saturday, April 17, 2010
ယနေ့ ၁၄.၄.၂၀၁၀ ရက်နေ့ ဆွမ်းလောင်း... ဆွမ်း+ပဲ+ဘရာကြော်+ငှက်ပျောသီး အလှူရှင်များကတော့ ကိုရန်အောင်၊ မ၀ါဝါခိုင်မင်း ၊ ဂျူလိုင်ဒရင်းတို့ဦးဆောင်သော အလှူရှင်များအဖွဲ့ ဖြစ်ကြပါတယ်။ စစ်ကိုင်းမြို့ သီရိရွှေဝါ ကျောင်းမှ သီလရှင်များ သည် နေ့စဉ် ဆွမ်းလောင်းအသင်းရှေ့မှဖြတ်၍ စစ်ကိုင်းတောင်ရိုး မိုးကုတ်ရိပ်သာသို့ ကြွရောက်၍ တရားအားထုတ်လျှက်ရှိရာသင်္ကြန်အကြိုနေ့တွင် နော်ဝေ နိုင်ငံမှ အလှူရှင်တစ်ဦးမှ ဆပ်ပြာမှုန့်များလှူဒါန်းခဲ့ပါတယ်။ ယနေ့အလှူရှင်မှ သက်သက်လွတ်ဒံပေါက်လှူစေချင်ခဲ့ပါတယ်။ သို့ပေမဲ့ မနေ့က သင်္ကြန်အကြိုနေ့ မှာ ဈေးများပိတ်၍ ပစ္စည်းများဝယ်မရခဲ့ပါ။ မနက်ဖြန် သင်္ကြန်အကြတ်နေ့ မှာတော့လောင်းလှူပေးမည်ဖြစ်ကြောင်း ဆွမ်းလောင်းအသင်းမှ အလှူရှင်အား ယနေ့အတွက် အဆင်သင့်သုံးဆောင်နိုင်သော လက်ဖတ် ထုတ်များလှူဒါန်းပေးခဲ့ပါတယ်။ ဆွမ်းလောင်းအသင်းမှ ယနေ့ဒံပေါက်ဖြစ်အောင် စီမံမပေးနိုင်ခြင်းအတွက် နားလည်ပေးကြစေလိုပါတယ်။ မနက်ဖြန် မှာလည်းမိခင်ကြီး ဒေါ်ခင်ရှိန် (ရန်ကုန်) ကိုဝီလျံ + သမီး မထက်ထက်ဝန်း နှင့် မြေးလေး ဆုရည်ထက် (ကနေဒါ) မှ အရုဏ် နေ့ဆွမ်းလောင်းလှူကြမှာဖြစ်ပါတယ်။ သင်္ကြန်တွင်းဖြစ်တဲ့အတွက် ၀က်သား ပံ့သကူသား မရတဲ့အတွက် ကြက်ဥ နှင့်ခရမ်းချဉ်သီး ချက် ၊ ပဲနှပ် ၊ အစိမ်းကြော်၊ နှင့်ငရုတ်သီးကြော်လောင်းလှူပေးမည်ဖြစ်ပါတယ်။ သီလရှင်များကိုတော့နော်ဝေနိုင်ငံမှ အလှူရှင်မှ သက်သက်လွတ် ဒံပေါက်ဆွမ်းလှူဒါန်းမည်ဖြစ်ပါတယ်။ ဝေယျာဝစ္စများကတော့ ဒေါ်ဝိလာသီ၊ ဒေါ်စန္ဒင်္သီ၊ ဒေါ်ကြည်ဌေး၊ငြိမ်းအိထွေး၊ မပွေး၊ မအိုမီ+မော်ဇော်မျိုး၊ မောင်ဇင်မင်း၊ မောင်စိုးလင်းအောင် ၊ မောင်ဖိုးငယ်တို့ဖြစ်ကြပါတယ်။ အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

Post a Comment